ဒီနေ့ ကိုရီးယားသမ္မတအိမ်ပြာတော်ကသတင်းထုတ်ပြန်ချက်ထဲမှာ .. ကိုယ့်လူလုပ်လိုက်တဲ့အကြောင်းပါလာတယ်…

တော်တယ် ကိုယ့်လူ

မင်းလုပ်လိုက်တဲ့ အမျိုးသမီးက ကိုရီးယားသံရုံးက တာဝန်ရှိသူတစ်ဦးရဲ့ အမေပဲ

သမ္မတကတော်ရဲ့ တက္ကသိုလ်တစ်ခုကိုသွားလည်ပတ်တဲ့ ခရီးစဉ်အကြောင်း ဒီနေ့ ကိုရီးယားသမ္မတအိမ်ပြာတော်ကသတင်းထုတ်ပြန်ချက်ထဲမှာ ..

ကိုယ့်လူလုပ်လိုက်တဲ့အကြောင်းပါလာတယ်။

သူ့အမေက အိမ်မှာ အကြမ်းဖက်လုယက်ခံရပြီး အရေးပေါ်ဦးနှောက်ခွဲစိတ်မှုခံယူနေရတဲ့ကြားက သမ္မတခရီးစဉ်မှာတာဝန်ထမ်းဆောင်နေတဲ့အတွက် အဲဒီသံရုံးဝန်ထမ်းကို အားပေးစကားပြောကြားကြောင်း သတင်းထုတ်ပြန်ထားတယ်

တော်တယ် ကိုယ့်လူ မင်းကမ္ဘာကျော်ပြီ

ငါတို့နိုင်ငံလည်း မျက်နှာရပါတယ်ကွာ 😡😡

ရွဲ့ပြောနေတာ…လခွမ်းမှဘဲ…

သေဒဏ်တောင်ပေးသင့်တယ်ဒါ တစ်နိုင်ငံလုံးကို စော်ကားတာနဲ့အတူတူပဲနဂိုကမှ အဖက်ဖက်က နိုမ့်ကျနေတဲ့နိုင်ငံအဲလိုကောင်တွေကြောင့် မြန်မာလူမျိုးကသိက္ခာကျနေတာ..ကျပြီးရင်း ကျနေတာ။

(သတင်းအပြည့်အစုံ)

ကိုရီးယားနိုင်ငံသူတစ်ဦးကို ရိုက်နှက်ပြီးလက်ဝတ်ရတနာများ လုယက်ထွက်ပြေးနေသူကို ရွှေဘိုမြို့တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်မြို့နယ်မှာ အိမ်ခန်းငှားရမ်းနေထိုင်တဲ့ ကိုရီးယားနိုင်ငံသူတစ်ဦးကို ရိုက်နှက်ပြီး လက်ဝတ်ရတနာတွေ လုယက်ထွက်ပြေးတိမ်းရှောင်နေသူကိုစစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့မှာ စက်တင်ဘာ ၃ ရက် ည ၆ နာရီခွဲက ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ကပြောပါတယ်။

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်မြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ တိုက် A-1 အခန်း ၅၀၁ မှာ တစ်ဦးတည်းနေထိုင်နေတဲ့တောင်ကိုရီးယားနိုင်ငံသူ မစ္စစ်ကင်မင်းဆွတ်(၆၀ နှစ်) နေထိုင်တဲ့အခန်းကို အဲယားကွန်းပြင်ပေးဖို့ ရောက်လာသူက ရိုက်နှက်ပြီး လက်ဝတ်ရတနာတွေကို လုယက်သွားလို့ ဒဂုံမြောက်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတဲ့အမှုဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ထွက်ပြေးနေသူဟာ ရွှေဘိုမြို့မှာ တိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းရလို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်မောင်ရဲ့ ကြီးကြပ်မှုနဲ့ ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆန်းဦး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဆီခြံလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဒဂုံမြောက်မြို့မရဲစခန်းက ဖမ်းဆီးဘို့အလိုရှိ‎နေတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နေ မျိုးမြင့်(ခ)နေမျိုးအောင်(ခ)မောင်မျိုး(၂၇ နှစ်)ကို ရွှေသော့(၁)ချောင်း၊ ရွှေဆွဲကြိုး(၂)ကုံး၊ ပြုတ်နေသော(ပုလဲပါ)နားဆွဲ(၂)ရံ၊ ရွှေလက်စွပ်မောင်းကွင်း(၂)ကွင်း၊ ကျောက်ပါနားကွင်းအဝိုင်း(၁)စုံ၊ ကျောက်နားဆွဲ(၁)စုံ၊ ပုဆိန်ပုံပါစတုဂံပုံဆွဲသီး(၁)ခု အပါအဝင် ရွှေထည်ပစ္စည်းများနဲ့အတူ သက်သေတွေရဲ့ရှေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံသူကိုရိုက်နှက်ပြီး လက်ဝတ်ရတနာတွေ လုယက်တိမ်းရှောင်နေသူ မျိုးမြင့်(ခ)နေမျိုးအောင်(ခ)မောင်မျိုးကို ရွှေဘိုရဲတပ်ဖွဲ့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ ရွှေဘိုမြို့မရဲစခန်းက သိရပါတယ်

သတင်း- ဝင်းနိုင်(ကချင်မြေ)၊

မိုးသောက် (ရွှေဘို)

Credit; Mykyaw kyaw & shwe ba