သူတောင်းစားကို အဆင့်မခွဲပဲ ကြင်ကြင်နာနာဆက်ဆံခဲ့တာကြောင့် နာမည်ကြီးနေတဲ့ ပိုင်တံခွန်







ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက ပိုပြီးတော့တောင် ချစ်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ ပုဂံကို ကြော်ငြာတစ်ခု ရိုက်ကူးဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပုဂံမြေကိုရောက်တုန်း ပိုင်တံခွန်က နေရာအစုံကို လျှောက်လည်နေတာ တွေ့ရပါတယ်။

ပိုင်တံခွန်က ပုဂံက လမ်းဘေးမှာ တောင်းစားနေသူကို အဆင့်အတန်းမခွဲခြားပဲ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပြီး သူ့မှာပါတဲ့ ပိုက်ဆံတွေကို လှူဒါန်းခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လူလေးချောသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့သူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အချစ်ကြီးချစ်နေရတာ ဖြစ်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်ကြီးကို AIO မှ ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်မြန်မာနျူးမားကက်.

ဆယ္လီသတင္းမ်ား