သားလေး မသွားချင်ဘူးဆိုတဲ့ ဒီဆေးရုံကြီးကို ခေါ်လာမိတာ အဖေ့အမှား ဖြစ်သွားပြီလားသားရယ်. . .

“ရင်နာတယ် အဖေ့သားလေးရေ 😢 ငါ့သားလေး မသွားချင်ပါဘူးလို့ ခဏခဏပြောနေတဲ့ကြားက အဖေတို့ခေါ်သွားမိခဲ့တာလေ ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာကို အဖေသားလေး ကြိုများသိနေသလား သားလေးရယ်

သားရယ် အဖေတို့ကကောင်းစေချင်တဲ့မေတ္တာနဲ့ ဒီနေရာကိုခေါ်လာခဲ့မိတာပါ ငါ့သားရယ်😢ဒါပေမဲ့မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပဲမမျှော်လင့်ထားတာတွေဖြစ်လာခဲ့ရတယ်ငါ့သားရယ်၊

အဖေ့သားလေးလည်းပါတယ်လေ ခွဲစိတ်ဆရာမကြီးဆီသွားတွေ့တော့ သူကပြောတယ်လေကွာသားရဲ့ရောဂါက အူလမ်းကြောင်း အာရုံကျောအားနည်းနေတာတဲ့ အဲဒီနေရာလေးကို စအိုကနေတစ်ဆင့် အသေးစား ခွဲစိတ်လိုက်ရင် ကောင်းသွားမှာပါ၊စိုးရိမ်စရာမရှိပါဘူး ခွဲစိတ်ပြီး ဆေးရုံမှာနေရ ၅ ရက်ပေါ့ဆိုတော့အဖေတို့လည်းဝမ်းသာပြီးပျော်သွားတာပေါ့၊ဆရာမကြီးကို ကျေးဇူးတင်လွန်းလို့ အဖေတို့လက်အုပ်လေးတောင်ချီခဲ့ကြသေးတယ်၊

ဒါနဲ့ပဲသူတို့ချိန်းလိုက်တဲ့ရက်မှာ ငါ့သားလေးကိုအဖေတို့ပြန်ခေါ်လာခဲ့မိတာ, ကျန်းမာရေး ဗဟုသုတနည်းပါးလွန်းတော့ ကိုယ်တွေထက်တတ်ကျွမ်းတဲ့သူတွေကို ယုံခဲ့မိတာ, ငါ့သားလေး နားလည်ပေးပါကွာ

ဆေးရုံမှာလည်း ခွဲရက်ကိုစောင့်ရင်း အရည်ပဲသောက်နေရတာ ၂လနီးပါးဆိုတော့ ငါ့သားလေးလည်းပိန်လာပြီပေါ့ အဖေစိတ်မကောင်းဘူး၊၊အဲဒီလိုနေလာရင်းတစ်နေ့ သူတို့ငါ့သားလေးကို ဆေးမှားသွင်းလိုက်ကြတာ ကံကောင်းလို့အသက်ပြန်ရှင်လာခဲ့ရတာ အဲဒီအချိန်ထဲက အဖေစိတ်ထဲမှာ ဒီဆေးရုံ ဒီဆရာဝန် ဆရာမတွေကို အဖေဘဝင်မကျခဲ့တာ၊ဒီလိုဆေးမှားထားတဲ့ကလေးတစ်ယောက်ကိုတောင်ကျန်းမာရေးစစ်ဆေးမှုတစ်စုံတရာမပြုလုပ်ပဲပစ်ထားရက်တဲ့ အဲဒီဆေးရုံက ဆရာ,ဆရာမတွေရဲ့စိတ်ဓါတ်ကိုအဖေအံ့သြလို့မဆုံးဖြစ်ခဲ့ရတယ် မင်းအမေက ပြဿနာကြီးထွားမှာစိုးပြီးတားခဲ့လို့ အဖေဘာမှမပြောခဲ့တာပါ၊

အဖေနဲ့ရေချိုးပြီးတိုင်း ကစားကွင်းမှာစော့နေကျလေအဲဒီတုန်းက video ,photo ဖိုင်တွေအခုထိအဖေ့ဖုန်းထဲမှာ ရှိနေသေးတယ်၊၊

12.7.19 သောကြာနေ့မှာ ငါ့သားလေးကို ခွဲခန်းထဲခေါ်သွားပြီး ခွဲစိတ်ကြတယ်၊ ၂နာရီပဲအသေးစားခွဲစိတ်ရမယ်ပြောပြီး ၄ နာရီကျော်လောက်ထိသူတို့ခွဲစိတ်ချိန်ကြာမြင့်ခဲ့တယ်၊ ခွဲခန်းထဲဝင်ခါနီး ကြောက်ရွံ့နေတဲ့ အဖေ့သားမျက်နှာလေးကို မျက်စိထဲကခုထိမထွက်ဘူးသားရယ်၊၊ခွဲတဲ့နေ့က သောကြာနေ့ စနေ တနင်္ဂနွေ ၂ရက်လုံးကအစိုးရရုံးပိတ်ရက်ဆိုတော့, အဲဒီခွဲစိတ်ပြီး၂ရက်လုံးမှာလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့ဘူးပေါ့

ငါ့သားရယ်၊ ကိုယ်ခွဲစိတ်ထားတဲ့လူနာကလေးတွေရဲ့ကျန်းမာရေးအခြေအနေတွေကို တစ်ချက်ကလေးတောင်ဂရုတစိုက်နဲ့လာမကြည့်တဲ့ ခွဲစိတ်ဆရာမရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်လွန်ကဲမှုဟာလဲ အံ့မခန်းပါပဲ၊

ဆီးပိုက်တပ်ထားပေမဲ့ အပြင်ကိုပမ်းထွက်နေလို့ ရှိတဲ့တာဝန်ကျဆရာမကိုသွားခေါ်တော့ လာကြည့်တယ်သူလုပ်လို့မရဘူး ဆရာမကြီးလာမှပြောပြတဲ့၊ အမလေးငါ့သားရေ သူတို့ပြောစကားနဲ့ အထင်ကြီး ယုံကြည်ထားသမျှမှားပါပေါ့လား၊ မင်းအမေမှာလဲ တစ်ယောက်ထဲပြုစုရတာ ပင်ပန်းနဲ့ ၊နှာခေါင်းပိုက်ပြုတ်ထွက်လို့သွားခေါ်တော့လည်း ဆရာမအချို့က ရွံသလိုပုံတွေနဲ့ကြည့်ပြီးပြန်ထွက်သွားတယ်လေ၊ ဆရာတစ်ယောက်လာလုပ်ပေးလို့ပေါ့၊

ခွဲပြီးကထဲကအဖျားကလည်းတက်လိုက်ထာနော်ပါးစပ်ကလည်းအန်လိုက် ဖင်ကလည်းထွက်လိုက်အဖျားကလည်းတက်လိုက်နဲ့ ခွဲထားတာကလည်းနာငါ့သားလေး အရမ်းခံစားနေမှာပဲလို့တွေးပြီး အဖေမျက်ရည်ကျခဲ့မိတယ်။

ဒီကြားထဲသွေးလာဖေါက်တဲ့ဆရာမ အနီမ ငါ့သားလေးကို လက်တွေကော ခြေထောက်တွေကော ပွနေအောင်နေရာအနှံ့အပ်နဲ့ထိုးဆွနေတာ ဘာသွေးမှမရဘူး အဖေပြောတော့မှထပြန်သွားတယ်၊ နောက်ဆရာမလေးကျတော့၂ချက်လောက်နဲ့ သွေးရတယ်၊ အသင်တွေနဲ့အတတ်စမ်းတွေလေ ငါ့သားလေးနာလို့အော်နေတာ မြင်ရတာအဖေရင်ထဲမခံစားနိုင်ဘူး သားရယ်၊၊

ကလေးတစ်ခုခုထူးခြားလို့ သွားခေါ်ရင်လဲ အအော်အငေါက်ကခံရသေးတယ်၊ခွဲထားတာပဲ ဒီလောက်တော့ရှိမှာပေါ့လို့ သူတို့ဆရာမတွေပြောကြသေးတယ်။စိုးရိမ်စိတ်နဲ့ ပြာယာခတ်နေတဲ့အမေတွေကို မစာနာတဲ့အပြင် ဆရာမတွေကအကဲပိုတယ်လို့ထင်ကြသေးတယ်လေ။

15.7.19 ရက်နေ့မှာ ပါရမီဆေးရုံကို သွေးသွားစစ်နေတုန်း မင်းအမေဆီကဖုန်းဝင်လာတယ်၊ ကလေးကစိုးရိမ်ရတယ် တဲ့ ကြားကြားချင်း ရင်ထဲမီးစနဲ့အထိုးခံရသလိုမျိုးခံစားလိုက်ရတယ်ငါ့သားရယ်😢

အဖေဆေးရုံကိုပြန်လာတော့ ငါ့သားလေးက အထူးကြပ်မတ်ဆောင်,အရေးပေါ်အခန်းထဲရောက်နေပြီ၊အဖေ ယူကျုံးမရဖြစ်ခဲ့ရတယ်၊ ခွဲစိတ်ဆောင်က တာဝန်မဲ့တဲ့ ခွဲစိတ်ဆရာမနဲ့ သူ၏လက်ထောက်များကတော့အနေမပျက်အစားမပျက် သူတို့ခွဲစိတ်မှုကြောင့်ဒီလိုဖြစ်ရတာမဟုတ်ပါဘူးလို့ ငြင်းကြသေးတယ်၊

အထူးကြပ်မတ်ဆောင်က ဆရာဝန် ဆရာမတွေရဲ့မစင်ကိုတောင်စားဘို့မထိုက်တန်တဲ့ အဲဒီခွဲစိတ်ဆရာဝန်မက ကိုယ်တွေဒီလောက်ပူဆွေးနေတာတောင်ငွေစကားပြောသွားလိုက်သေးတယ်၊ အဖေ စိတ်ကိုထိန်းပြီးမနည်းသည်းခံလိုက်ရတယ်၊ သူကပြောသွားသေးတယ်

ကလေးရဲ့ကံနဲ့ အဖေအမေတွေရဲ့ကံပဲပေါ့တဲ့လေဘယ်လောက်ရင်နာစရာ ခံပြင်းစရာကောင်းလဲဆိုတာ၊ICU ကဆရာမတွေမှာတော့ သားလေးအသက်ကိုရတဲ့နည်းနဲ့ပြန်ယူဘို့ကြိုးစားနေချိန်မှာ စစ်ဆေးချက်ထွက်ပေါ်လာတယ်နဲ့တူပါတယ်၊ အဲဒီတော့မှ နောက်တစ်ကြိမ်ပြန်ခွဲစိတ်ဘို့ လာတောင်းဆိုတယ်လို့ သိခဲ့ရတယ်

အဖြေက သွေးဆိပ်တက်ထာတဲ့ ခေတ်မှီစက်ကိရိယာတွေနဲ့မျိုးစုံကု သွေးဆိုရင်လဲ ၅၀ လုံးလောက်သွင်းပြီးကုခဲ့ကြ ငွေကြေးတွေအမြောက်အများအကုန်ကျခံကု

ခဲ့ကြပေမယ်လို့25.7.19 ရက်နေ့ ညနေ၅ နာရီအချိန်မှာတော့ သားလေးဟာ ဆုံးပါးသွားခဲ့ပါတယ်😢

သားလေးဆုံးသွားတော့ ရောဂါရှာဖွေဘို့အတွက်အလှူခံပါတယ်၊အားလုံးသဘောမတူတဲ့ကြားကနေငါ့သားလေး ဘာကြောင့်,ဘယ်လိုဖြစ်ပြီး ဆုံးပါးသွားခဲ့ရတာလဲဆိုတာ အဖေသိချင်လို့ခွင့်ပြုပေးခဲ့တာပါငါ့သား၊၊

အဖေထင်ထားတဲ့အတိုင်းပါပဲလား ငါ့သားရယ်😢

သူတို့ခွဲစိတ်မှုလုပ်စဉ်က သွေးကြောထိသွားရာကနေသွေးယိုစိမ့်မှုဖြစ်ပြီး အဲဒီသွေးကနေတဆင့် ပိုးဝင်ပြီးခန္ဓာကိုယ်အနှံ့အဆိပ်တွေပျံ့နောက်ဆုံး အတွင်းကလီစာတွေကိုထိပြီး ငါ့သားလေး လူနဲ့မလိုက်အောင် ဝေဒနာတွေခံစားရပြီးအသက်ဆုံးရှုံးခဲ့ရတာ၊၊

ဆေးစစ်ချက်အဖြေပြောလို့အပြီးမှာသူတို့ရဲ့ခွဲစိတ်မှုလွဲချော်မှုကြောင့်အခုလိုဖြစ်သွားခဲ့ရတဲ့အတွက်တောင်းပန်ပါတယ် တဲ့ ငါ့သားရေ.အဒီစကားကို ခွဲစိတ်ဘို့လမ်းညွှန်တဲ့ ဆရာမနဲ့ခွဲစိတ်ခဲ့တဲ့ သူရဲ့လက်ထောက်ဆရာမက ပြောတာမဟုတ်ဘဲ အခြားဆရာဝန်မကတဆင့်ပြောခဲ့တာပါ။

အထူးကြပ်မတ်ဆောင်မှာ အပူမီးတွေနဲ့သောကဖြစ်နေတဲ့အချိန်မှာလဲ မျက်ကွယ်ပြု အားပေးစကား နှစ်သိမ့်စကားလေးတစ်ခွန်းတောင်ပြောဖေါ်မရတဲ့အပြင်၊
သားလေးဆုံးသွားချိန်မှာတောင် တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ တောင်းပန်စကားကိုလူကြုံနဲ့အပြောခိုင်းခဲ့တဲ့ခွဲစိတ်ဆရာဝန်မ ၂ ယောက်ရဲ့စိတ်ဓါတ်ကတော့
ငါ့သားရေ 😢😢😢

အဖေ ရင်နာရတယ် ငါ့သားရေညညခွဲစိတ်ပြီးတာနဲ့ပဲ ပြီးရောတဲ့လား?ညညသေတာ ရှင်တာ သူတို့နဲ့မဆိုင်တော့ဘူးလားလို့

မေးလိုက်ချင်တယ် ငါ့သားရေ😢😢😢😢😢

ပြီးခဲ့တာတွေ ပြီးခဲ့ပြီမို့ ဒီလောက်လေးပဲရင်ဖွင့်ပြခဲ့တာပါ

တွေ့ကြုံခံစားခဲ့ရတာတွေကတော့ ဒီထက်မကအဆပေါင်းများစွာပါ။မှတ်ချက်-အရာအားလုံး ရန်ကင်းကလေးဆေးရုံခွဲစိတ်ပြင်ပဌာန.ပထမထပ် ခွဲစိတ်ဆောင်မှာ ဖြစ်ပျက်ခဲ့ပါသည်။

(အားလုံးက ဘယ်ဆေးရုံဘယ်နေရာလဲမေးနေကြတော့သိတဲ့လူတွေလည်းရှိပြီးသားပါ၊ ရန်ကင်းကလေးဆေးရုံခွဲစိတ်ကုသဆောင် .အရာအားလုံးအဲဒီမှာဖြစ်ပျက်ခဲ့တာပါ၊)