ဝင္းနဲ႔ ေဇာ္ လြတ္ေျမာက္ျပီဆိုတဲ့ သတင္းေတြအတြက္ ေျဖရွင္းလိုက္တဲ့ ကိုရဲမင္း (ACC)

ဝင္းနဲ႔ ေဇာ္ လြတ္ေျမာက္ျပီဆိုတဲ့ သတင္းေတြအတြက္ ေျဖရွင္းလိုက္တဲ့ ကိုရဲမင္း (ACC)

ပရိသတ္ၾကီးေရ၊ မၾကာေသးခင္က ဝင္းနဲ႔ ေဇာ္ လြတ္ေျမာက္ျပီဆိုတဲ့ သတင္းတစ္ခု ထြက္ေပၚခဲ့ပါတယ္။ အဆိုပါသတင္းနဲ႔ ပတ္သက္ျပီး ထိုင္းနိုင္ငံအေျခစိုက္ ACC က ကိုရဲမင္းက အျဖစ္မွန္ကို အခုလိုေျပာဆိုလိုက္ပါတယ္။

သတင္းမွားပါတယ္

29-8-2019 ရက္ေန႔က အမိန္႕ခ်တယ္ ဒီေန႔ပဲ ဘုရင္မင္းျမတ္က ေသဒဏ္အမိန္႔ကိုသနားညႇာတာစြာနဲ႔ လြတ္ၿငိမ္းခြင့္ေပးတယ္ဆိုတဲ့ သတင္းဟာမဟုတ္ပါဘူး။ အဲ့ဒီေလာက္ထိမျမန္ပါဘူး။

ဘုရင္မင္းျမတ္ႀကီးထံကို အသနားခံစာတင္မယ္ဆိုရင္ ျမန္မာႏိုင္ငံက သမၼတႀကီး ဦးဝင္းျမင့္ (သို႔) ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္မွ ဘုရင့္ေရွ႕ေမွာက္သို႔ အခစားဝင္ၿပီး တရားဝင္အသနားခံစာတင္ရမွာျဖစ္ပါတယ္။

သာမာန္ရံုးကိစၥရပ္ေတြေတာင္ အဆင့္ဆင့္တင္ျပၾကရတာမို႔ ဘုရင္မင္းျမတ္ႀကီးထံ အခစားဝင္ဖို႔ကေတာ့ အဆင့္ဆင့္ခြင့္ျပဳခ်က္ေတြေတာင္းရမွာပါ။ သို႔ေပမယ့္ လြယ္ကူမည္မထင္ပါ။

အမွန္တကယ္လြတ္ၿငိမ္းခြင့္ရရင္ေတာင္ ဒီအခ်ိန္ ထိုင္းႏိုင္ငံတြင္သာမက တစ္ကမာၻလံုးခ်က္ခ်င္း သတင္းျပန္႕သြားမွာျဖစ္ပါတယ္။ဘုရင့္နန္းတြင္းက တရားဝင္သတင္းျပန္ၾကားေရးဌာနက စာထြက္လာမွာျဖစ္သလို ထိုင္းမွာရွိတဲ့ ျမန္မာသံရံုးက ဒီသတင္းကို အရင္ဆံုးရရွိမွာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဝင္းနဲ႔ ေဇာ္အတြက္ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္က ထိုင္းဘုရင္မင္းျမတ္ႀကီး အေပၚမွာ မူတည္ေနပါၿပီ၊ သည့္အတြက္ ေဒါသေတြေရွ႕မထားၾကဖို႔၊ ဆႏၵျပတာေတြမလုပ္ၾကဖို႔လိုပါတယ္။

ႏိုင္ငံေတာ္အဆင့္က ေဆာင္ရြက္ႏိုင္ေအာင္ တိုက္တြန္းႏိုးေဆာ္ေပးဖို႔ပဲလိုပါတယ္။ ျပည္သူေတြကေတာ့ ဆုေတာင္းေပးယံုပဲတတ္ႏိုင္ၾကပါတယ္။ထိုင္းဘုရင္မင္းျမတ္ႀကီးက်မၼာပါေစ ခ်မ္းသာပါေစဆိုတဲ့ ဆုေတာင္းေမတၱာပို႕သေပးၾကဖို႔လိုပါတယ္။

က်ေနာ္တုုိ႔ သတိထားရမွာက၊ ထုုိင္းနိုုင္ငံမွာ ျမန္မာေရြ႕ေျပာင္းအလုုပ္သမား (၄)သန္းနီးပါး ရွိတယ္ဆုုိတာရယ္ အေရးၾကီးတာက သာမန္ထုုိ္င္းျပည္သူအမ်ားစုုဟာလည္း လိပ္ကြ်န္းလူသတ္မူ႔နဲ႔ ပတ္သက္ျပီး သူတုုိ႔ ကုုိယ္တုုိင္မေက်နပ္ၾကပါဘူး။

ထုုိင္းလူမ်ိဴးေတြရဲ႕ေထာက္ခံမူ႔ (ေမတၱာ) နဲ႔ ထုုိင္းဘုုရင္မင္းျမတ္ၾကီးရဲ႕ သနားက်င္နာလိုုစိတ္၊ (ေမတၱာ) ကိုု ရဖုုိ႔သာနည္းလမ္းေပါင္းစံုုနဲ႔ ေဆာင္ရြက္သင္႔ပါတယ္။

ထိုင္းေရာက္ျမန္မာလုပ္သားေတြကို ကြၽန္ေတာ္အထူးမွာၾကားခ်င္တာကေတာ့ ခုလိုအခ်ိန္မ်ိဳးမွာ စိတ္ဆိုးေဒါသထြက္ၿပီး ထိုင္းနိင္ငံကို ေစာ္ကားတဲ့ အေရးအသားေတြ ဆဲဆိုတာေတြထိုင္းဘုရင့္မ်ိဳးႏြယ္နဲ႔ ပက္သက္ၿပီး ထိပါးေရးသားတာေတြကို လံုးဝ မျပဳလုပ္ၾကဖို႔အထူးသတိေပးခ်င္ပါတယ္။

မိမိက ထိုင္းနိင္ငံအတြင္းမွာ ေနထိုင္လုပ္ကိုင္ေနၾကတာျဖစ္တဲ့အတြက္ ထိုင္းဥပေဒကိုေလးစားလိုက္နာၿပီး လံုျခံဳေဘးကင္းစြာနဲ႔ ေနထိုင္အလုပ္လုပ္ၾကပါလို႔ တိုက္တြန္းအပ္ပါသည္။

ကြၽန္ေတာ့္ထံကို ဖုန္းဆက္ေမး CB ကေမးေနၾကသူေတြ ေက်နပ္နိင္ၾကပါေစ။

ရဲမင္း(AAC မဟာမိတ္အဖြဲ ့) ထိုင္းျမန္မာ အေျခစိုက္ ” ဆိုျပီးေရးသားထားပါတယ္။ ပရိသတ္ၾကီးလည္း သတင္းအမွန္ကို ခ်င့္ခ်ိန္ယံုနိုင္ၾကပါေစ

Source ; Ye Min

Noe Noe May Ju Ju

Unicode

ဝင်းနဲ့ ဇော် လွတ်မြောက်ပြီဆိုတဲ့ သတင်းတွေအတွက် ဖြေရှင်းလိုက်တဲ့ ကိုရဲမင်း (ACC)

ပရိသတ်ကြီးရေ၊ မကြာသေးခင်က ဝင်းနဲ့ ဇော် လွတ်မြောက်ပြီဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ACC က ကိုရဲမင်းက အဖြစ်မှန်ကို အခုလိုပြောဆိုလိုက်ပါတယ်။

သတင်းမှားပါတယ်

29-8-2019 ရက်နေ့က အမိန့်ချတယ် ဒီနေ့ပဲ ဘုရင်မင်းမြတ်က သေဒဏ်အမိန့်ကိုသနားညှာတာစွာနဲ့ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတဲ့ သတင်းဟာမဟုတ်ပါဘူး။ အဲ့ဒီလောက်ထိမမြန်ပါဘူး။

ဘုရင်မင်းမြတ်ကြီးထံကို အသနားခံစာတင်မယ်ဆိုရင် မြန်မာနိုင်ငံက သမ္မတကြီး ဦးဝင်းမြင့် (သို့) နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မှ ဘုရင့်ရှေ့မှောက်သို့ အခစားဝင်ပြီး တရားဝင်အသနားခံစာတင်ရမှာဖြစ်ပါတယ်။

သာမာန်ရုံးကိစ္စရပ်တွေတောင် အဆင့်ဆင့်တင်ပြကြရတာမို့ ဘုရင်မင်းမြတ်ကြီးထံ အခစားဝင်ဖို့ကတော့ အဆင့်ဆင့်ခွင့်ပြုချက်တွေတောင်းရမှာပါ။ သို့ပေမယ့် လွယ်ကူမည်မထင်ပါ။

အမှန်တကယ်လွတ်ငြိမ်းခွင့်ရရင်တောင် ဒီအချိန် ထိုင်းနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးချက်ချင်း သတင်းပြန့်သွားမှာဖြစ်ပါတယ်။ဘုရင့်နန်းတွင်းက တရားဝင်သတင်းပြန်ကြားရေးဌာနက စာထွက်လာမှာဖြစ်သလို ထိုင်းမှာရှိတဲ့ မြန်မာသံရုံးက ဒီသတင်းကို အရင်ဆုံးရရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံးမျှော်လင့်ချက်က ထိုင်းဘုရင်မင်းမြတ်ကြီး အပေါ်မှာ မူတည်နေပါပြီ၊ သည့်အတွက် ဒေါသတွေရှေ့မထားကြဖို့၊ ဆန္ဒပြတာတွေမလုပ်ကြဖို့လိုပါတယ်။

နိုင်ငံတော်အဆင့်က ဆောင်ရွက်နိုင်အောင် တိုက်တွန်းနိုးဆော်ပေးဖို့ပဲလိုပါတယ်။ ပြည်သူတွေကတော့ ဆုတောင်းပေးယုံပဲတတ်နိုင်ကြပါတယ်။ထိုင်းဘုရင်မင်းမြတ်ကြီးကျမ္မာပါစေ ချမ်းသာပါစေဆိုတဲ့ ဆုတောင်းမေတ္တာပို့သပေးကြဖို့လိုပါတယ်။

ကျနော်တုုိ့ သတိထားရမှာက၊ ထုုိင်းနိုုင်ငံမှာ မြန်မာရွေ့ပြောင်းအလုုပ်သမား (၄)သန်းနီးပါး ရှိတယ်ဆုုိတာရယ် အရေးကြီးတာက သာမန်ထုုိ်င်းပြည်သူအများစုုဟာလည်း လိပ်ကျွန်းလူသတ်မူ့နဲ့ ပတ်သက်ပြီး သူတုုိ့ ကုုိယ်တုုိင်မကျေနပ်ကြပါဘူး။

ထုုိင်းလူမျိူးတွေရဲ့ထောက်ခံမူ့ (မေတ္တာ) နဲ့ ထုုိင်းဘုုရင်မင်းမြတ်ကြီးရဲ့ သနားကျင်နာလိုုစိတ်၊ (မေတ္တာ) ကိုု ရဖုုိ့သာနည်းလမ်းပေါင်းစုုံနဲ့ ဆောင်ရွက်သင့်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေကို ကျွန်တော်အထူးမှာကြားချင်တာကတော့ ခုလိုအချိန်မျိုးမှာ စိတ်ဆိုးဒေါသထွက်ပြီး ထိုင်းနိင်ငံကို စော်ကားတဲ့ အရေးအသားတွေ ဆဲဆိုတာတွေထိုင်းဘုရင့်မျိုးနွယ်နဲ့ ပက်သက်ပြီး ထိပါးရေးသားတာတွေကို လုံးဝ မပြုလုပ်ကြဖို့အထူးသတိပေးချင်ပါတယ်။

မိမိက ထိုင်းနိင်ငံအတွင်းမှာ နေထိုင်လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ထိုင်းဥပဒေကိုလေးစားလိုက်နာပြီး လုံခြုံဘေးကင်းစွာနဲ့ နေထိုင်အလုပ်လုပ်ကြပါလို့ တိုက်တွန်းအပ်ပါသည်။

ကျွန်တော့်ထံကို ဖုန်းဆက်မေး CB ကမေးနေကြသူတွေ ကျေနပ်နိင်ကြပါစေ။

ရဲမင်း(AAC မဟာမိတ်အဖွဲ ့) ထိုင်းမြန်မာ အခြေစိုက် ” ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်ကြီးလည်း သတင်းအမှန်ကို ချင့်ချိန်ယုံနိုင်ကြပါစေ

Source ; Ye Min

Noe Noe May Ju Ju