မနက္​ဆို မိန္​းမ ပဲျပဳတ္​သည္​ အသံ​ေတြၾကားမွာ “ပဲျပဳတ္​ နံျပား” ဆိုတဲ့ ​အဘ အသံၾကားၿပီဆို ​ေျပး ​ေျပးဝယ္​ရတာ အ​ေမာ….အရင္​က​ေတာ့ အဖြားက ​ေအာ္​​ေပးတာပါ

မနက္​ဆို မိန္​းမ ပဲျပဳတ္​သည္​ အသံ​ေတြၾကားမွာ “ပဲျပဳတ္​ နံျပား” ဆိုတဲ့ ​အဘ အသံၾကားၿပီဆို ​ေျပး ​ေျပးဝယ္​ရတာ အ​ေမာ….အရင္​က​ေတာ့ အဖြားက ​ေအာ္​​ေပးတာပါ

မနက္​ဆို မိန္​းမ ပဲျပဳတ္​သည္​ အသံ​ေတြၾကားမွာ “ပဲျပဳတ္​ နံျပား” ဆိုတဲ့ ​အဘ အသံၾကားၿပီဆို..​ေျပး ​ေျပးဝယ္​ရတာ အ​ေမာ….အရင္​က​ေတာ့ အဖြားက ​ေအာ္​​ေပးတာပါ..အခု​ေနာက္​ပိုင္​း အဘ ကိုယ္​တိုင္​ ​ေအာ္​​’ေနၿပီ​ေလ…

သူတို႔လင္​မယားကို သ​ေဘာက်တယ္​​…မလွိဳင္​နားရြာတစ္​ရြာက ဇာတိတဲ့…သား​ေထာက္​သမီးခံ မ႐ွိ…အဘ အသက္​ ၈၄ ႏွစ္​ အဖြားအသက္​ ၇၆ ႏွစ္​ တဲ့… သူတို႔ကို ျမင္​တိုင္​း ​ေတြးမိတာ…

တစ္​ကယ္​့ကို ​ေမာင္​တထမ္​း မယ္​တရြက္​ပါပဲ…အဖြားက ဒူးမ​ေကာင္​းလို႔ လမ္​း​ေကာင္​း​ေကာင္​းမ​ေလ်ွာက္​ႏိုင္​ဘူး​ေလ…တစ္​မနက္​​ေလး​ေရာင္​းရင္​ အျမတ္​ ၃၀၀၀ က်ပ္​ပဲ ရသတဲ့…လမ္​း​ေလ်ွာက္​ျဖစ္​​ေအာင္​ မနက္​တိုင္​း​ ေရာင္​းတယ္​လို႔ အဘက ​ေျပာတာပဲ

ဘဝတစ္​ခုမွာ အသြင္​လည္း​တူတဲ့….ဘဝတ​ေလ်ွာက္လံုးအတြက္ ​​မွန္​ကန္​တဲ့ အ​ေဖာ္​မြန္​ေကာင္း ​​တစ္​​ေယာက္​ရဖို႔ ဆိုတာ…အင္​မတန္​မွ ခက္​ခဲလွပါတယ္​…လူ႔ျပည္​က အပ္​တစ္​စင္​းနဲ႔ နတ္​ျပည္​က အပ္​တစ္​စင္​း ဆံုဖို႔ မလြယ္​သလိုပဲ…

အမ်ားစုက အိမ္​​ေထာင္​ျပဳခ်ိန္​တန္​လို႔ ျပဳလိုက္​ၾကတာ…မိဘ စိတ္​ခ်မ္​းသာ​ေစဖို႔ ျပဳတာ…ကိုယ္​့ကို အမွန္​ခ်စ္​တယ္​ ထင္​လို႔ ျပဳတာ…အဲ့လို​ေတြ ၾကားထဲမွာ….ကိုယ္​့ကို ​ေပ်ာ္​ရႊင္​​ေစမယ္​့…ကိုယ့္ ​ေပ်ာ္​ရႊင္​မွဳကို အမွန္​ တန္​ဘိုးထား လိုလားတဲ့ အိမ္​​ေထာင္​ဖက္​ထက္​ပိုတဲ့ အ​ေဖာ္​မြန္​​ေကာင္​းရ႐ွိဖို႔ဟာ သိပ္​ကို ခက္​ခဲလွပါတယ္​

တခ်ိဳ႕​ေတြလည္​း ကံစြပ္​ၿပီး မွန္​ကန္​သြားၾကတာ ႐ွိ​ေပမယ္​့ …၆၀% ​ေသာ ဒီက အိမ္​​ေထာင္​​ေရး​ေတြက​ေတာ့…သားသမီး​ေၾကာင္​့…​ေစာင္​့ထိန္​းရမယ္​့ က်င္​့ဝတ္​​ေၾကာင္​့…မိဂုဏ္​ ဖဂုဏ္​​ေၾကာင္​့…​ေဆြဂုဏ္​ မ်ိဳးဂုဏ္​​ေၾကာင္​့…ဝတၱရား​ေၾကာင္​့… စတဲ့…စတဲ့ `​ေၾကာင္​့´ ​ေတြ​ေၾကာင္​့ ​ေပ်ာ္​ရႊင္​မွဳ​ေတြ မရ႐ွိ​ေတာ့သည္​့တိုင္​…

သည္​းခံ ၿမိဳသိပ္​ ​ေပါင္​းဖက္​​ေနရတဲ့ အိမ္​​ေထာင္​ေရး​​ အ​ေျခအ​ေန​ေတြ ၾကားထဲမွာ….ဒီ အဖိုးနဲ႔ အဖြားရယ္​…ျမန္​မာျပည္​သိန္​းတန္​ တို႔ ဇနီး​ေမာင္​ႏွံ ရယ္​က​ေတာ့…​ေတြ႔ျမင္​ဖူးသမ်ွထဲမွာ…အမွန္​ကို နတ္​ဖက္​တဲ့ ဖူးစာရယ္​ပါ….

တခ်ိဳ႕ဆို ဘဝ​ေနဝင္​ခ်ိန္​ ​ေရာက္​သည္​အထိ ကိုယ္​နဲ႔ လိုက္​ဖက္​တဲ့ အသည္​းတစ္​ျခမ္​း ကို လံုးလံုး ႐ွာမ​ေတြ႕သြားၾကပါဘူး….😥အိမ္​​ေထာင္​တစ္​ခု အတြက္​ အ​ေျခခံက်ဆံုးက ႏွစ္​​ေယာက္​စလံုးက ကိုယ္​့ကမာၻကခ်ည္​း ၾကည္​့ၿပီး ​ေတာင္​းဆို​ေနလို႔ မရဘူး​ေလ…

တဖက္​သားကမာၻ​ေလးကိုလည္​း ခံစား​ေပးတတ္​အံုးပါမွ…ႏွစ္​​ေယာက္​လံုး ညႇိႏွိဳင္​းလို႔ ရဖို႔ကလည္​း …စိတ္​အ​ေျခခံ​ေတြ ခံယူခ်က္​​ေတြ မ​ေဝးကြာပါမွ…သိပ္​ကြာ​ေဝးလြန္​းျပန္​လည္​း…ဘယ္​လိုမွ ညႇိလို႔မရဘူး​ေလ…အ​ေျခခံ တန္​း​ေလးတစ္​ခု တူပါမွ

ဒီ​ေန႔​ေတြးမိတာ​ေလးပါ…ဘဝတစ္​ခု သူမ်ား​ေတြ တိုင္​းတာတဲ့…စံႏွဳန္​း​ေတြ​ေလာက္​ ျပည္​့စံုႂကြယ္​ဝ ခ်မ္​းသာမွဳ မ႐ွိၾက​ေပမယ္​့…အိမ္​​ေထာင္​ဖက္​တစ္​ဦးထက္​ ပိုတဲ့…ဘဝအ​ေဖာ္​မြန္​​ေကာင္​း တစ္​ဦးရဲ႕…

​ေဖးကူမမွဳ​ေတြနဲ႔ ….အ​ေပးအယူမ်ွၿပီး စိတ္​ခ်မ္​းသာ​ေနတဲ့ ဒီ အဖိုးနဲ႔ အဖြားရဲ႕ အိမ္​​ေလးဟာျဖင္​့…ေသးငယ္​​ျပီး မထည္ဝါ​သည္​့တိုင္​…>>>”​ေမတၱာ​ေတြ လႊမ္​းျခံဳတဲ့ အိမ္​”“ႏွလံုးသား​ေတြ ​ေႏြး​ေထြး​လံုျခံဳေစတဲ့ အိမ္​” ျဖစ္​​ေနမွာ ဧကန္​မလြဲ ပါပဲ…💞 ​ဒီလိုအိမ္​💞

Unicode

မနက်​ဆို မိန်​းမ ပဲပြုတ်​သည်​ အသံ​တွေကြားမှာ “ပဲပြုတ်​ နံပြား” ဆိုတဲ့ ​အဘ အသံကြားပြီဆို ​ပြေး ​ပြေးဝယ်​ရတာ အ​မော….အရင်​က​တော့ အဖွားက ​အော်​​ပေးတာပါ

မနက်​ဆို မိန်​းမ ပဲပြုတ်​သည်​ အသံ​တွေကြားမှာ “ပဲပြုတ်​ နံပြား” ဆိုတဲ့ ​အဘ အသံကြားပြီဆို..​ပြေး ​ပြေးဝယ်​ရတာ အ​မော….အရင်​က​တော့ အဖွားက ​အော်​​ပေးတာပါ..အခု​နောက်​ပိုင်​း အဘ ကိုယ်​တိုင်​ ​အော်​​’နေပြီ​လေ…

သူတို့လင်​မယားကို သ​ဘောကျတယ်​​…မလှိုင်​နားရွာတစ်​ရွာက ဇာတိတဲ့…သား​ထောက်​သမီးခံ မရှိ…အဘ အသက်​ ၈၄ နှစ်​ အဖွားအသက်​ ၇၆ နှစ်​ တဲ့… သူတို့ကို မြင်​တိုင်​း ​တွေးမိတာ…

တစ်​ကယ်​့ကို ​မောင်​တထမ်​း မယ်​တရွက်​ပါပဲ…အဖွားက ဒူးမ​ကောင်​းလို့ လမ်​း​ကောင်​း​ကောင်​းမ​လျှောက်​နိုင်​ဘူး​လေ…တစ်​မနက်​​လေး​ရောင်​းရင်​ အမြတ်​ ၃၀၀၀ ကျပ်​ပဲ ရသတဲ့…လမ်​း​လျှောက်​ဖြစ်​​အောင်​ မနက်​တိုင်​း​ ရောင်​းတယ်​လို့ အဘက ​ပြောတာပဲ

ဘဝတစ်​ခုမှာ အသွင်​လည်း​တူတဲ့….ဘဝတ​လျှောက်လုံးအတွက် ​​မှန်​ကန်​တဲ့ အ​ဖော်​မွန်​ကောင်း ​​တစ်​​ယောက်​ရဖို့ ဆိုတာ…အင်​မတန်​မှ ခက်​ခဲလှပါတယ်​…လူ့ပြည်​က အပ်​တစ်​စင်​းနဲ့ နတ်​ပြည်​က အပ်​တစ်​စင်​း ဆုံဖို့ မလွယ်​သလိုပဲ…

အများစုက အိမ်​​ထောင်​ပြုချိန်​တန်​လို့ ပြုလိုက်​ကြတာ…မိဘ စိတ်​ချမ်​းသာ​စေဖို့ ပြုတာ…ကိုယ်​့ကို အမှန်​ချစ်​တယ်​ ထင်​လို့ ပြုတာ…အဲ့လို​တွေ ကြားထဲမှာ….ကိုယ်​့ကို ​ပျော်​ရွှင်​​စေမယ်​့…ကိုယ့် ​ပျော်​ရွှင်​မှုကို အမှန်​ တန်​ဘိုးထား လိုလားတဲ့ အိမ်​​ထောင်​ဖက်​ထက်​ပိုတဲ့ အ​ဖော်​မွန်​​ကောင်​းရရှိဖို့ဟာ သိပ်​ကို ခက်​ခဲလှပါတယ်​

တချို့​တွေလည်​း ကံစွပ်​ပြီး မှန်​ကန်​သွားကြတာ ရှိ​ပေမယ်​့ …၆၀% ​သော ဒီက အိမ်​​ထောင်​​ရေး​တွေက​တော့…သားသမီး​ကြောင်​့…​စောင်​့ထိန်​းရမယ်​့ ကျင်​့ဝတ်​​ကြောင်​့…မိဂုဏ်​ ဖဂုဏ်​​ကြောင်​့…​ဆွေဂုဏ်​ မျိုးဂုဏ်​​ကြောင်​့…ဝတ္တရား​ကြောင်​့… စတဲ့…စတဲ့ `​ကြောင်​့´ ​တွေ​ကြောင်​့ ​ပျော်​ရွှင်​မှု​တွေ မရရှိ​တော့သည်​့တိုင်​…

သည်​းခံ မြိုသိပ်​ ​ပေါင်​းဖက်​​နေရတဲ့ အိမ်​​ထောင်​ရေး​​ အ​ခြေအ​နေ​တွေ ကြားထဲမှာ….ဒီ အဖိုးနဲ့ အဖွားရယ်​…မြန်​မာပြည်​သိန်​းတန်​ တို့ ဇနီး​မောင်​နှံ ရယ်​က​တော့…​တွေ့မြင်​ဖူးသမျှထဲမှာ…အမှန်​ကို နတ်​ဖက်​တဲ့ ဖူးစာရယ်​ပါ….

တချို့ဆို ဘဝ​နေဝင်​ချိန်​ ​ရောက်​သည်​အထိ ကိုယ်​နဲ့ လိုက်​ဖက်​တဲ့ အသည်​းတစ်​ခြမ်​း ကို လုံးလုံး ရှာမ​တွေ့သွားကြပါဘူး….😥အိမ်​​ထောင်​တစ်​ခု အတွက်​ အ​ခြေခံကျဆုံးက နှစ်​​ယောက်​စလုံးက ကိုယ်​့ကမ္ဘာကချည်​း ကြည်​့ပြီး ​တောင်​းဆို​နေလို့ မရဘူး​လေ…

တဖက်​သားကမ္ဘာ​လေးကိုလည်​း ခံစား​ပေးတတ်​အုံးပါမှ…နှစ်​​ယောက်​လုံး ညှိနှိုင်​းလို့ ရဖို့ကလည်​း …စိတ်​အ​ခြေခံ​တွေ ခံယူချက်​​တွေ မ​ဝေးကွာပါမှ…သိပ်​ကွာ​ဝေးလွန်​းပြန်​လည်​း…ဘယ်​လိုမှ ညှိလို့မရဘူး​လေ…အ​ခြေခံ တန်​း​လေးတစ်​ခု တူပါမှ

ဒီ​နေ့​တွေးမိတာ​လေးပါ…ဘဝတစ်​ခု သူများ​တွေ တိုင်​းတာတဲ့…စံနှုန်​း​တွေ​လောက်​ ပြည်​့စုံကြွယ်​ဝ ချမ်​းသာမှု မရှိကြ​ပေမယ်​့…အိမ်​​ထောင်​ဖက်​တစ်​ဦးထက်​ ပိုတဲ့…ဘဝအ​ဖော်​မွန်​​ကောင်​း တစ်​ဦးရဲ့…

​ဖေးကူမမှု​တွေနဲ့ ….အ​ပေးအယူမျှပြီး စိတ်​ချမ်​းသာ​နေတဲ့ ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်​​လေးဟာဖြင်​့…သေးငယ်​​ပြီး မထည်ဝါ​သည်​့တိုင်​…>>>”​မေတ္တာ​တွေ လွှမ်​းခြုံတဲ့ အိမ်​”“နှလုံးသား​တွေ ​နွေး​ထွေး​လုံခြုံစေတဲ့ အိမ်​” ဖြစ်​​နေမှာ ဧကန်​မလွဲ ပါပဲ…💞 ​ဒီလိုအိမ်​💞