သေဒဏ်ချမှတ်ခံထားရတဲ့ ၀င်းနဲ့ ဇော်အတွက် နောက်ဆုံး မျှော်လင့်ချက်တစ်ခု လာပါပြီ

သေဒဏ်ချမှတ်ခံထားရတဲ့ ၀င်းနဲ့ ဇော်အတွက် နောက်ဆုံး မျှော်လင့်ချက်တစ်ခု လာပါပြီ။

ဘာလဲဆိုတော့

မြန်မာအစိုးရက ထိုင်းဘုရင့်မင်းမြတ်ဆီကို အသနားခံစာတင်တော့မှာဖြစ်ပါတယ်။

ဘုရင်မင်းမြတ်ဆီကို သေဒဏ်ချမှတ်ခံရပြီး ရက်ပေါင်း ၆၀ အတွင်း တင်ရမှာဖြစ်ပြီးအခု မြန်မာအစိုးရက အသနားခံစာတင်ဖို့ အတွက် ထိုင်းရှေနေ့ကောင်စီ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါပြီ။

ထိုင်းရှေနေ့ကောင်စီဆိုတာ မြန်မာလုပ်သား ၀င်းနဲ့ ဇော်နဲ့အတွက် အပြစ်မရှိကြောင်း ရှေ့နေလိုက်ပေးနေတဲ့ အဖွဲ့ပါ။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ မီဒီယာတစ်ခုလုံးကလည်း ၀င်းနဲ့ဇော်ဘက်က ရပ်တည်ထားပါတယ်။

ဒါ့အပြင့် ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေက ထိုင်းဘုရင်မင်းမြတ်အကောင့် အောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့တောင်းဆိုမှုတွေကို ဆက်တိုက် ပြုလုပ်နေကြပါတယ်။

ဆိုတော့

အခု အသနားခံစာအတွက်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး လုပ်နေကြပါပြီ။

ကိုယ့်နိုင်ငံသားအတွက် နောက်ဆုံးအချိန်အထိ

ကာကွယ်ပေးဖို့ လုပ်နေတဲ့ မြန်မာအစိုးရ ရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူလေးစားမိသလို…………………

ဘုရင်မင်းမြတ်ရဲ့ အသနားခြင်းခံရဖို့အတွက် ၀င်းနဲ့ ဇော်အတွက်လည်း လည်းဆုတောင်းပေးပါတယ်။

သေဒဏ်မှ လွတ်မြောက်ပြီးနောက်အမိမြန်မာပြည်ကို အမြန်ဆုံးပြန်လာနိင်ကြပါစေ ညီလေး တို့……

မူရင်း Source : မင်းရသ

ရဲမင်း(AAC မဟာမိတ်အဖွဲ့ )

မြန်မာအလုပ်သမားရေးလှုပ်ရှားသူ