လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ၍ ထိမွန္ေသဆံုးခဲ့သည့္အရပ္သားမ်ားကို ယေန႔သၿဂိဳၤလ္

လက္နက္ႀကီးက်ည္ ထိမွန္ေသဆံုးခဲ့သည့္အရပ္သားမ်ားကို ယေန႔သၿဂိဳၤလ္

တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႔ ၏ ယမန္ေန႔က တုိက္ပြဲအတြင္း လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ၍ ေသဆံုးခဲ့ေသာ အရပ္သားငါးဦးကို ယေန႔ ေန႔လယ္က ကြတ္ခိုင္ၿမိဳ႕အစြန္ရိွ ကခ်င္ႏွစ္ျခင္းခရစ္ယာန္သုႆာန္၌ ဂူသြင္းသၿဂိဳၤလ္ခဲ့သည္။

ေသဆုံးသူငါးဦးမွာ ကြတ္ခိုင္ၿမိဳ႕ ၊ေမာ္ဟစ္စုစည္းေက်းရြာေန အသက္ (၃၅)ႏွစ္အရြယ္ ေဒၚထြယ္ဂ်ားႏွင့္ ၎၏သား (၈)ႏွစ္အရြယ္ ေမာင္ ခြန္ေဇာ္လတ္၊ (၁၈)ႏွစ္အရြယ္ ေဒၚလုဆန္ႏွင့္ (၁)ႏွစ္အရြယ္ သမီးမဆုိင္းေခါန္၊ (၁၄)ႏွစ္အ ရြယ္ မနန္မြန္းပန္တို႔ျဖစ္သည္ဟု ေဒသခံ လူမႈကူညီေရးအဖြဲ႔မ်ားက ေျပာသည္။

 

 

က်ဳိင္းတုံၿမိဳ႕ တြင္ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲ က်င္းပေနသည့္ ၾသဂုတ္ ၃၁ ရက္ နံနက္ ၁၁ နာရီ ၁၀ မိနစ္က ကြတ္ခုိင္ၿမိဳ႕နယ္ ေမာ္ဟစ္စုစည္း ေက်းရြာမွ အိမ္တစ္အိမ္ေပၚသုိ႔ လက္နက္ႀကီးက်ည္က် ေရာက္ ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

အရပ္သားမ်ား၏ နာေရးကုိ ယေန႔ ျပဳလုပ္မည္ျဖစ္၍ တိုက္ပြဲရပ္နားထားေပးရန္ ေဒသခံအရပ္ ဘက္အဖြဲ႔မ်ားက ေတာင္းဆုိခဲ့ေသာ္လည္း တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႔သည္ ေက်းရြာ အခ်ိဳ႕တြင္ တုိက္ပြဲျဖစ္ေနဆဲဟု သိရသည္။

ၿငိမ္းခ်မ္း ေရးေဆြးေႏြးေနခ်ိန္တြင္ အရပ္သားမ်ား ေသဆုံး ေစသည္အထိ တုိက္ခုိက္ခဲ့သည့္ တုိက္ပြဲအေပၚ ေဒသခံမ်ားက ျပစ္တင္႐ႈတ္ခ်ေနၾကသည္။

7Day (ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္..)

 

 

unicode version

လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့်အရပ်သားများကို ယနေ့သဂြိုင်္လ်

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ၏ ယမန်နေ့က တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့သော အရပ်သားငါးဦးကို ယနေ့ နေ့လယ်က ကွတ်ခိုင်မြို့အစွန်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သုဿာန်၌ ဂူသွင်းသဂြိုင်္လ်ခဲ့သည်။

သေဆုံးသူငါးဦးမှာ ကွတ်ခိုင်မြို့ ၊မော်ဟစ်စုစည်းကျေးရွာနေ အသက် (၃၅)နှစ်အရွယ် ဒေါ်ထွယ်ဂျားနှင့် ၎င်း၏သား (၈)နှစ်အရွယ် မောင် ခွန်ဇော်လတ်၊ (၁၈)နှစ်အရွယ် ဒေါ်လုဆန်နှင့် (၁)နှစ်အရွယ် သမီးမဆိုင်းခေါန်၊ (၁၄)နှစ်အ ရွယ် မနန်မွန်းပန်တို့ဖြစ်သည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များက ပြောသည်။

 

 

ကျိုင်းတုံမြို့ တွင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ကျင်းပနေသည့် သြဂုတ် ၃၁ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်က ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်း ကျေးရွာမှ အိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အရပ်သားများ၏ နာရေးကို ယနေ့ ပြုလုပ်မည်ဖြစ်၍ တိုက်ပွဲရပ်နားထားပေးရန် ဒေသခံအရပ် ဘက်အဖွဲ့များက တောင်းဆိုခဲ့သော်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ကျေးရွာ အချို့တွင် တိုက်ပွဲဖြစ်နေဆဲဟု သိရသည်။

ငြိမ်းချမ်း ရေးဆွေးနွေးနေချိန်တွင် အရပ်သားများ သေဆုံး စေသည်အထိ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပေါ် ဒေသခံများက ပြစ်တင်ရှုတ်ချနေကြသည်။

7Day (လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်..)