ျမန္မာေတြဂ်ပန္ေရာက္ၿပီးကိုယ့္ႏိုင္ငံကို မျပန္ရဲေတာ့တဲ့ အေၾကာင္းအရင္း

ျမန္မာေတြဂ်ပန္ေရာက္ၿပီးကိုယ့္ႏိုင္ငံကို မျပန္ရဲေတာ့တဲ့ အေၾကာင္းအရင္း

ဂ်ပန္ႏိုင္ငံမွ မျပန္ရဲေသာ သူငယ္ခ်င္းသို႔၊ ဂ်ပန္ဆိုတာ ေရာက္ၿပီးရင္ မျပန္ခ်င္ေတာ့တာ မဟုတ္ဘူး မျပန္ရဲေတာ့တာ ပတ္ဝန္းက်င္ေတြက ျမန္မာကား အၾကည့္မ်ားၿပီး ႏိုင္ငံျခားကျပန္လာရင္ အထုပ္ႀကီးပါလာမယ္ထင္ေနတာ ကိုယ့္မွာက အထုပ္ မေျပာနဲ႔ အသုပ္ဝယ္စားဖို႔ ပိုက္ဆံေတာင္ မရွိပဲ ျပန္သြားရင္ ေသာက္တင္းတုတ္လိုက္မည့္ျဖစ္ျခင္း အိမ္မျပန္ရဲတာ ဒင္းတို႔ေၾကာင့္လဲ ပါတယ္။

ဂ်ပန္က တို႔ အေမရိကား က တို႔လို႔ ေျပာလိုက္တာနဲ႔ မ်ားေသာအားျဖင့္ ျမန္မာျပည္က သူေတြအေနနဲ႔ အဲဒီလူေတြကို အလိုလို အထင္ႀကီးသြားတတ္တယ္ ကြၽန္ေတာ္တို႔ ေဘာ္ေဘာ္ေတြ ရပ္ကြက္ထဲက လက္ဖက္ရည္ဆိုင္မွာထိုင္ရင္း ဂ်ပန္ေရာက္ေနတဲ့ သူငယ္ခ်င္းအေၾကာင္းေျပာရင္း သူ႔ဘဝကို အရမ္းအားက်ဖူးတယ္ ေနာက္ တစ္ေကာင္က ဂ်ပန္စာေက်ာင္းေတြ တက္ၿပီး ဂ်ပန္သြားဖို႔ လုပ္ေနတုန္းကလည္း ဂ်ပန္မေျပာနဲ႔ ပုဂံေတာင္ မေရာက္ဖူးတဲ့ ကိုယ္ .. သူငယ္ခ်င္းအတြက္ ဝမ္းသာတယ္ ဂုဏ္ယူတယ္ ေျပာေနေပမယ့္ စိတ္ထဲေတာ့ အားငယ္ခဲ့ဖူးတယ္။

အမွန္ဆို ကိုယ့္ျပည္တြင္းမွာ လုပ္ကိုင္စားေသာက္ရင္လဲ ႀကီးပြားႏိုင္ပါတယ္။ ဘာေၾကာင့္ ဒီ ဂ်ပန္ေရာက္ေနတဲ့ သူေတြ သြားေနတဲ့ သူေတြကို အားက် အထင္ႀကီးေနရတာလဲ ဘာျဖစ္လို႔လဲဆိုၿပီး အနီးစပ္ဆုံး အေျဖထုတ္ရရင္ ဂ်ပန္ေရာက္ရင္ ေဘာစ့္ျဖစ္ၿပီ ဆိုတဲ့ တရားေသ စြဲကိုင္ထားတဲ့ အျမင္ေတြေၾကာင့္ ထင္ပါတယ္ အဲဒီအျမင္ႀကီး ဘာေၾကာင့္ က်ဳပ္တို႔ လူမ်ိဳး ေတြရဲ႕ စိတ္ထဲ စြဲနစ္ေနရတာလဲ။

႐ုပ္ရွင္ကားေတြထဲမွာ မင္းသမီးကို သာမန္ဘဝသမား မင္းသားေလးနဲ႔ အၿပိဳင္ လိုက္တဲ့ သူက ဂ်ပန္ျပန္ သူေဌး ဇာတ္႐ုပ္ ေတြနဲ႔ အေရထူေအာင္ ျမင္ခဲ့ရလို႔လား ေနာက္ ႀကီးက်ယ္တဲ့ မဂၤလာပြဲေတြမွာ သတို႔သား သတို႔သမီး ေအာက္က ေခတၱဂ်ပန္ ဆိုတဲ့ စာတန္းေတြေၾကာင့္လား ဒီလူက ဂ်ပန္က ျပန္လာတာေလလို႔ တစ္ေယာက္ေယာက္က မိတ္ဆက္ ေပးရင္ အဲဒီလူရဲ႕ အေနအထားက ခ်မ္းသာေနတာ ျမင္ရလို႔လား ထားပါေတာ့ အေၾကာင္းေတြ ရွိလို႔ အက်ိဳးျဖစ္လာတယ္ ဆိုရင္ေတာင္ ဂ်ပန္ကို ေရာက္တာနဲ႔ ဂ်ပန္ကျပန္တာနဲ႔ သူေဌးျဖစ္ၿပီဆိုတဲ့ အေနအထားတစ္ခုဟာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ ေလာက္ က်န္ခဲ့ပါၿပီ။

ဒါကို ကြၽန္ေတာ္တို႔ မသိခဲ့ဘူး ခုထိလည္း ဂ်ပန္ေရာက္ရင္ ခ်မ္းသာမယ္ဆိုတဲ့ အျမင္က မေပ်ာက္ၾကေသးဘူး ဥပမာ တစ္ခု ႐ိုး႐ိုးေလးပဲ စဥ္းစားၾကည့္ပါ လြန္ခဲ့တဲ့ ၁၀ ႏွစ္က သိန္း ၁၅၀ တန္ တိုက္ခန္းေရာင္းၿပီး ဂ်ပန္လာခဲ့တဲ့ လူတစ္ေယာက္ ဟာ ခုခ်ိန္ သူေရာင္းလာတဲ့ တိုက္ခန္းရဲ႕ လက္ရွိ ေပါက္ေစ်းတန္ဖိုးကို ပိုက္ၿပီး ျပန္ႏိုင္သလားလို႔ ဘယ္လိုလုပ္ ျပန္ႏိုင္မွာလဲ အဲေတာ့ တစ္လတစ္လ နဖူးကေခြၽး ေျခမက်ေအာင္ရွာ ဘယ္ေတာ့မွ ေျပာင္းလဲ မလာတဲ့ ပုံမွန္ လစာေလးကိုင္ပီး ေျပာင္းလဲသြားတဲ့ လိုက္မမွီေတာ့တဲ့ ျပည္တြင္းက တန္ဖိုးေတြ ရပ္တည္မႈေတြ ၾကည့္ၿပီး ငိုင္ေနၾကရ ေတာ့ တယ္။

ျမန္မာျပည္က တိုက္ခန္းေတြ ေျမေစ်းေတြ တက္သြားခဲ့လို႔ အေၾကာင္းတစ္ခုတည္းနဲ႔ ျပန္မရၾကေတာ့တာလား ဆိုေတာ့ လည္း မဟုတ္ျပန္ဘူး ဂ်ပန္မွာ ႏွစ္ၾကာေလ ဒီက လူေနမႈဘဝနဲ႔ အံဝင္ဂြင္က်လာေလ ဒီမွာ သူမ်ားတန္းတူ ေနထိုင္ စားေသာက္ ဝတ္ဆင္ဖို႔အတြက္ ကုန္က်စရိတ္တက္လာေလ .. ေရာက္စကေလာက္ ဘယ္သူမွ မစုမိ မေဆာင္းမိတာ အမွန္တရားတစ္ခုပါ အေကာင္းဆုံးက ႏွစ္နည္းနည္းေန ရသေလာက္စု ၿပီးရင္ျပန္ ဒီလိုမွ မဟုတ္ရင္ ဂ်ပန္လူေနမႈဘဝက ကိုယ့္လစာေတြကို တစ္ရက္ထက္ တစ္ရက္ တစ္လထက္ တစ္လ အမွည့္ေႁခြ ေႁခြသြားေတာ့တာပါပဲ။

ဒီလို မေအး သူ႔အေမ႐ိုက္ လုံးလည္ခ်ာလည္ ႐ိုက္ေနတုန္းမွာ ဂ်ပန္ဆို အထင္ႀကီးတဲ့ ဂ်ပန္ျပန္ဆို သူေဌးျဖစ္ၿပီလို႔ သတ္မွတ္ထားတဲ့ အျမင္ေတြနဲ႔ ပတ္ဝန္းက်င္ၾကား ျပန္ခ်သြားဖို႔ဆိုတာ ကိုယ့္ပိုက္ဆံအိတ္ေလး ကိုယ္ၾကည့္ၿပီး ကိုယ့္ ဘဏ္စာရင္းေလး ကိုယ္ၾကည့္ၿပီးတဲ့အခါ ဒီမွာ ဆက္ေနတာမွ လူရွိန္ေသးတယ္ ဆိုၿပီး ဂ်ပန္မွာ ႏွစ္ေတြ ၾကာကုန္ၾကတာပဲ အဲေတာ့ ကြၽန္ေတာ္ ေျပာခ်င္တာ တစ္ခ်ိန္တုန္းကေတာ့ ဂ်ပန္ႏိုင္ငံဆိုတာ ဘဝႀကီးပြားခ်မ္းသာဖို႔အတြက္ ထြက္ေပါက္ လမ္းေၾကာင္းတစ္ခု ျဖစ္ေကာင္း ျဖစ္ခ်င္ ျဖစ္ခဲ့လိမ့္မယ္ အခုေတာ့ ေျပာင္းလဲလာတဲ့ ေခတ္ေတြ စနစ္ေတြအရ ျမန္မာ လူငယ္ေတြအတြက္ ရာႏႈန္းျပည့္ ႀကီးပြားမယ့္ လမ္းေၾကာင္းတစ္ခုလို႔ အာမ မခံႏိုင္ေတာ့တာ အေသအခ်ာပါပဲ။

ခုခ်ိန္ထိ ဂ်ပန္ဆိုတာ ျမန္မာလူငယ္ေတြအတြက္ ဟီး႐ိုးႏိုင္ငံ ျဖစ္ေနတုန္းပဲမို႔ မလာပါနဲ႔ မတားပါဘူး တားလို႔လည္း လက္ခံၾကမွာ မဟုတ္ပါဘူး ဒါေပမယ့္ .. ဂ်ပန္နဲ႔ ပတ္သတ္ၿပီး လာရခက္ ျပန္ရခက္ ဆိုတာ ဒီမွာ အရမ္းႀကီးပြားေနလို႔ မဟုတ္ပဲ ဘာမွ ျဖစ္မလာလို႔ ျပန္ရခက္တယ္ ဆိုတာေလး နားလည္ၾကရင္ပဲ ေတာ္ပါၿပီ။

ျပန္ရခက္သူတစ္ေယာက္ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode Version

ဂျပန်နိုင်ငံမှ မပြန်ရဲသော သူငယ်ချင်းသို့၊ ဂျပန်ဆိုတာ ရောက်ပြီးရင် မပြန်ချင်တော့တာ မဟုတ်ဘူး မပြန်ရဲတော့တာ ပတ်ဝန်းကျင်တွေက မြန်မာကား အကြည့်များပြီး နိုင်ငံခြားကပြန်လာရင် အထုပ်ကြီးပါလာမယ်ထင်နေတာ ကိုယ့်မှာက အထုပ် မပြောနဲ့ အသုပ်ဝယ်စားဖို့ ပိုက်ဆံတောင် မရှိပဲ ပြန်သွားရင် သောက်တင်းတုတ်လိုက်မည့်ဖြစ်ခြင်း အိမ်မပြန်ရဲတာ ဒင်းတို့ကြောင့်လဲ ပါတယ်။

ဂျပန်က တို့ အမေရိကား က တို့လို့ ပြောလိုက်တာနဲ့ များသောအားဖြင့် မြန်မာပြည်က သူတွေအနေနဲ့ အဲဒီလူတွေကို အလိုလို အထင်ကြီးသွားတတ်တယ် ကျွန်တော်တို့ ဘော်ဘော်တွေ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဂျပန်ရောက်နေတဲ့ သူငယ်ချင်းအကြောင်းပြောရင်း သူ့ဘဝကို အရမ်းအားကျဖူးတယ် နောက် တစ်ကောင်က ဂျပန်စာကျောင်းတွေ တက်ပြီး ဂျပန်သွားဖို့ လုပ်နေတုန်းကလည်း ဂျပန်မပြောနဲ့ ပုဂံတောင် မရောက်ဖူးတဲ့ ကိုယ် .. သူငယ်ချင်းအတွက် ဝမ်းသာတယ် ဂုဏ်ယူတယ် ပြောနေပေမယ့် စိတ်ထဲတော့ အားငယ်ခဲ့ဖူးတယ်။

အမှန်ဆို ကိုယ့်ပြည်တွင်းမှာ လုပ်ကိုင်စားသောက်ရင်လဲ ကြီးပွားနိုင်ပါတယ်။ ဘာကြောင့် ဒီ ဂျပန်ရောက်နေတဲ့ သူတွေ သွားနေတဲ့ သူတွေကို အားကျ အထင်ကြီးနေရတာလဲ ဘာဖြစ်လို့လဲဆိုပြီး အနီးစပ်ဆုံး အဖြေထုတ်ရရင် ဂျပန်ရောက်ရင် ဘောစ့်ဖြစ်ပြီ ဆိုတဲ့ တရားသေ စွဲကိုင်ထားတဲ့ အမြင်တွေကြောင့် ထင်ပါတယ် အဲဒီအမြင်ကြီး ဘာကြောင့် ကျုပ်တို့ လူမျိုး တွေရဲ့ စိတ်ထဲ စွဲနစ်နေရတာလဲ။

ရုပ်ရှင်ကားတွေထဲမှာ မင်းသမီးကို သာမန်ဘဝသမား မင်းသားလေးနဲ့ အပြိုင် လိုက်တဲ့ သူက ဂျပန်ပြန် သူဌေး ဇာတ်ရုပ် တွေနဲ့ အရေထူအောင် မြင်ခဲ့ရလို့လား နောက် ကြီးကျယ်တဲ့ မင်္ဂလာပွဲတွေမှာ သတို့သား သတို့သမီး အောက်က ခေတ္တဂျပန် ဆိုတဲ့ စာတန်းတွေကြောင့်လား ဒီလူက ဂျပန်က ပြန်လာတာလေလို့ တစ်ယောက်ယောက်က မိတ်ဆက် ပေးရင် အဲဒီလူရဲ့ အနေအထားက ချမ်းသာနေတာ မြင်ရလို့လား ထားပါတော့ အကြောင်းတွေ ရှိလို့ အကျိုးဖြစ်လာတယ် ဆိုရင်တောင် ဂျပန်ကို ရောက်တာနဲ့ ဂျပန်ကပြန်တာနဲ့ သူဌေးဖြစ်ပြီဆိုတဲ့ အနေအထားတစ်ခုဟာ ဆယ်စုနှစ် တစ်ခုကျော် လောက် ကျန်ခဲ့ပါပြီ။

ဒါကို ကျွန်တော်တို့ မသိခဲ့ဘူး ခုထိလည်း ဂျပန်ရောက်ရင် ချမ်းသာမယ်ဆိုတဲ့ အမြင်က မပျောက်ကြသေးဘူး ဥပမာ တစ်ခု ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ လွန်ခဲ့တဲ့ ၁၀ နှစ်က သိန်း ၁၅၀ တန် တိုက်ခန်းရောင်းပြီး ဂျပန်လာခဲ့တဲ့ လူတစ်ယောက် ဟာ ခုချိန် သူရောင်းလာတဲ့ တိုက်ခန်းရဲ့ လက်ရှိ ပေါက်စျေးတန်ဖိုးကို ပိုက်ပြီး ပြန်နိုင်သလားလို့ ဘယ်လိုလုပ် ပြန်နိုင်မှာလဲ အဲတော့ တစ်လတစ်လ နဖူးကချွေး ခြေမကျအောင်ရှာ ဘယ်တော့မှ ပြောင်းလဲ မလာတဲ့ ပုံမှန် လစာလေးကိုင်ပီး ပြောင်းလဲသွားတဲ့ လိုက်မမှီတော့တဲ့ ပြည်တွင်းက တန်ဖိုးတွေ ရပ်တည်မှုတွေ ကြည့်ပြီး ငိုင်နေကြရ တော့ တယ်။

မြန်မာပြည်က တိုက်ခန်းတွေ မြေစျေးတွေ တက်သွားခဲ့လို့ အကြောင်းတစ်ခုတည်းနဲ့ ပြန်မရကြတော့တာလား ဆိုတော့ လည်း မဟုတ်ပြန်ဘူး ဂျပန်မှာ နှစ်ကြာလေ ဒီက လူနေမှုဘဝနဲ့ အံဝင်ဂွင်ကျလာလေ ဒီမှာ သူများတန်းတူ နေထိုင် စားသောက် ဝတ်ဆင်ဖို့အတွက် ကုန်ကျစရိတ်တက်လာလေ .. ရောက်စကလောက် ဘယ်သူမှ မစုမိ မဆောင်းမိတာ အမှန်တရားတစ်ခုပါ အကောင်းဆုံးက နှစ်နည်းနည်းနေ ရသလောက်စု ပြီးရင်ပြန် ဒီလိုမှ မဟုတ်ရင် ဂျပန်လူနေမှုဘဝက ကိုယ့်လစာတွေကို တစ်ရက်ထက် တစ်ရက် တစ်လထက် တစ်လ အမှည့်ခြွေ ခြွေသွားတော့တာပါပဲ။

ဒီလို မအေး သူ့အမေရိုက် လုံးလည်ချာလည် ရိုက်နေတုန်းမှာ ဂျပန်ဆို အထင်ကြီးတဲ့ ဂျပန်ပြန်ဆို သူဌေးဖြစ်ပြီလို့ သတ်မှတ်ထားတဲ့ အမြင်တွေနဲ့ ပတ်ဝန်းကျင်ကြား ပြန်ချသွားဖို့ဆိုတာ ကိုယ့်ပိုက်ဆံအိတ်လေး ကိုယ်ကြည့်ပြီး ကိုယ့် ဘဏ်စာရင်းလေး ကိုယ်ကြည့်ပြီးတဲ့အခါ ဒီမှာ ဆက်နေတာမှ လူရှိန်သေးတယ် ဆိုပြီး ဂျပန်မှာ နှစ်တွေ ကြာကုန်ကြတာပဲ အဲတော့ ကျွန်တော် ပြောချင်တာ တစ်ချိန်တုန်းကတော့ ဂျပန်နိုင်ငံဆိုတာ ဘဝကြီးပွားချမ်းသာဖို့အတွက် ထွက်ပေါက် လမ်းကြောင်းတစ်ခု ဖြစ်ကောင်း ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ် အခုတော့ ပြောင်းလဲလာတဲ့ ခေတ်တွေ စနစ်တွေအရ မြန်မာ လူငယ်တွေအတွက် ရာနှုန်းပြည့် ကြီးပွားမယ့် လမ်းကြောင်းတစ်ခုလို့ အာမ မခံနိုင်တော့တာ အသေအချာပါပဲ။

ခုချိန်ထိ ဂျပန်ဆိုတာ မြန်မာလူငယ်တွေအတွက် ဟီးရိုးနိုင်ငံ ဖြစ်နေတုန်းပဲမို့ မလာပါနဲ့ မတားပါဘူး တားလို့လည်း လက်ခံကြမှာ မဟုတ်ပါဘူး ဒါပေမယ့် .. ဂျပန်နဲ့ ပတ်သတ်ပြီး လာရခက် ပြန်ရခက် ဆိုတာ ဒီမှာ အရမ်းကြီးပွားနေလို့ မဟုတ်ပဲ ဘာမှ ဖြစ်မလာလို့ ပြန်ရခက်တယ် ဆိုတာလေး နားလည်ကြရင်ပဲ တော်ပါပြီ။

ပြန်ရခက်သူတစ်ယောက် (လေးစားမှုဖြင့် ခရက်ဒစ်)