ျမန္မာအစုိးရကုိကူညီေပးဖုိ႔ေတာင္းဆုိလာတဲ့ဝင္းနဲ႔ေဇာ္ရဲ႕မိသားစုဝင္မ်ားရဲ႕ ရင္ဖြင့္သံစကား(ရုပ္သံ)

ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကြၽန္း(လိပ္ကြၽန္း) မွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ၿဗိတိန္ ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ဝင္းနဲ႔ ေဇာ္ဟာ အဖမ္းခံခဲ့ရပါတယ္။

သူတုိ႔ ၂ ဦး က်ဴးလြန္ခဲ့တာ ျဖစ္တယ္လို႔ ထုိင္းရဲေတြသက္ေသေတြဟာ ခုိင္လံုမႈမရွိဘူးလို႔ ေဝဖန္မႈမ်ားတဲ့ အမႈတစ္ခုလည္း ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံသားမ်ား အျပင္ တစ္ကမၻာလံုးပါ စိတ္ဝင္စားခဲ့တယ္ အမႈဆုိရင္လည္း မမွားပါဘူး။

သုိ႕ေပမယ့္လည္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ ေကာ့စမြီခ႐ိုင္ တရား႐ုံးမွ ေသဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဝင္းနဲ႔ ေဇာ္အတြက္ အယူခံဝင္ခဲ့ေပမယ့္ ယခုလ ၂၉ ရက္ေန႔မွာေတာ့ ထုိင္းတရားခ်ဳပ္ရံုးက မူလအမိန္းအတုိင္းပဲ အယူခံပယ္ခ်ၿပီး ေသဒဏ္ကုိ ခ်မွတ္ခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး သူတုိ႔ ၂ ဦးရဲ႕ မိခင္မ်ားဟာ ျမန္မာႏုိင္ငံ အစိုးရကုိ အကူညီေပးဖို႔ ေတာင္းဆုိလိုက္ၾကပါတယ္။ ။ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေဇာ္ရဲ႕မိခင္ ေဒၚျဖဴေ႐ႊႏုက သူမရဲ႕သားဟာ လူလည္း မသတ္ပါဘူး ဆင္းရဲလြန္းလုိ႔ ထုိင္းႏုိင္ငံမွာ အလုပ္သြားလုပ္ေနတာ သူမ သားရဲ႕ အသက္တစ္ေခ်ာင္းကုိ ခ်မ္းသာေပးဖို႔ ျမန္မာအစုိးရအေနျဖင့္ အားေပးကူညီမႈေတြ လုပ္ေဆာင္ေပးပါလုိ႔ ငုိၿပီး ေတာင္းဆုိထားေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ဝင္းရဲ႕ မိခင္ ေဒၚေမသိန္းကေတာ့ သူမဟာ ေတာကေန ၿမိဳဳ႔မွာ ေစ်းလာေရာင္းပါတယ္ သားရဲ႕ အယူခံကိစၥကုိ မေန႔က ညေနမွာ ခ်သြားတာ သိၿပီးလားလုိ႔ ပတ္ဝန္းက်င္ကေမးေတာ့ သူမ မသိေၾကာင္းေျပာဆုိခဲ့ပါတယ္။

မေန႔က ၆ နာရီေလာက္မွာ ခ်သြားတာျဖစ္ၿပီး မူလအတုိင္း ေသဒဏ္ လုိ႔ေျပာမွ သူမ သိရွိရၿပီး ငုိမိတယ္၊ ဝမ္းလည္း အရမ္းဝမ္းနည္းတယ္လို႔ ဆုိပါတယ္။

သူမရဲ႕ သားဟာ လူမသတ္ေၾကာင္း၊ အမွန္တကယ္သာ သတ္ခဲ့ရင္ သူမရဲ႕ေရွ႕မွာတင္ သူမရဲ႕သားကုိ သတ္ႏုိင္ပါေၾကာင့္ လက္ရွိအေျခအေနဟာ သူမသားဟာ ဘာမွ မသိရပဲ စြပ္စဲြခံရတယ္၊ မတရားဘူး ဒ့ါေၾကာင့္ ဒီအမႈကုိ တရားေအာင္ ျမန္မာအစုိးရ အေနနဲ႕ လုိက္ပါ ကူညီေဆာင္ရြက္ေစခ်င္တယ္လို႔ ဆုိပါတယ္။

ျမန္မာလူငယ္ ၂ ဦးျဖစ္တဲ့ ဝင္းေဇာ္ထြန္း၊ ေဇာ္လင္းတုိ႔ အျဖစ္အပ်က္ဟာ ဝမ္းနည္းစရာေကာင္းလွပါတယ္။ အမိန္႔ခ်ၿပီး ရက္ေပါင္း (၆၀) အၾကာမွာ ေဆးထုိးသတ္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)

Unicode Version

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဝင်းနဲ့ ဇော်ဟာ အဖမ်းခံခဲ့ရပါတယ်။

သူတို့ ၂ ဦး ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတွေသက်သေတွေဟာ ခိုင်လုံမှုမရှိဘူးလို့ ဝေဖန်မှုများတဲ့ အမှုတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများ အပြင် တစ်ကမ္ဘာလုံးပါ စိတ်ဝင်စားခဲ့တယ် အမှုဆိုရင်လည်း မမှားပါဘူး။ သို့ပေမယ့်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွီခရိုင် တရားရုံးမှ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝင်းနဲ့ ဇော်အတွက် အယူခံဝင်ခဲ့ပေမယ့် ယခုလ ၂၉ ရက်နေ့မှာတော့ ထိုင်းတရားချုပ်ရုံးက မူလအမိန်းအတိုင်းပဲ အယူခံပယ်ချပြီး သေဒဏ်ကို ချမှတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူတို့ ၂ ဦးရဲ့ မိခင်များဟာ မြန်မာနိုင်ငံ အစိုးရကို အကူညီပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ ။သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်ရဲ့မိခင် ဒေါ်ဖြူရွှေနုက သူမရဲ့သားဟာ လူလည်း မသတ်ပါဘူး ဆင်းရဲလွန်းလို့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာ သူမ သားရဲ့ အသက်တစ်ချောင်းကို ချမ်းသာပေးဖို့ မြန်မာအစိုးရအနေဖြင့် အားပေးကူညီမှုတွေ လုပ်ဆောင်ပေးပါလို့ ငိုပြီး တောင်းဆိုထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဝင်းရဲ့ မိခင် ဒေါ်မေသိန်းကတော့ သူမဟာ တောကနေ မြိုု့မှာ ဈေးလာရောင်းပါတယ် သားရဲ့ အယူခံကိစ္စကို မနေ့က ညနေမှာ ချသွားတာ သိပြီးလားလို့ ပတ်ဝန်းကျင်ကမေးတော့ သူမ မသိကြောင်းပြောဆိုခဲ့ပါတယ်။

မနေ့က ၆ နာရီလောက်မှာ ချသွားတာဖြစ်ပြီး မူလအတိုင်း သေဒဏ် လို့ပြောမှ သူမ သိရှိရပြီး ငိုမိတယ်၊ ဝမ်းလည်း အရမ်းဝမ်းနည်းတယ်လို့ ဆိုပါတယ်။

သူမရဲ့ သားဟာ လူမသတ်ကြောင်း၊ အမှန်တကယ်သာ သတ်ခဲ့ရင် သူမရဲ့ရှေ့မှာတင် သူမရဲ့သားကို သတ်နိုင်ပါကြောင့် လက်ရှိအခြေအနေဟာ သူမသားဟာ ဘာမှ မသိရပဲ စွပ်စွဲခံရတယ်၊ မတရားဘူး ဒ့ါကြောင့် ဒီအမှုကို တရားအောင် မြန်မာအစိုးရ အနေနဲ့ လိုက်ပါ ကူညီဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဝင်းဇော်ထွန်း၊ ဇော်လင်းတို့ အဖြစ်အပျက်ဟာ ဝမ်းနည်းစရာကောင်းလှပါတယ်။ အမိန့်ချပြီး ရက်ပေါင်း (၆၀) အကြာမှာ ဆေးထိုးသတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)