အင်အား ၆.၀ ရှိသော ငလျင်ကြောင့် ရွေဘိုခရိုင် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက်ရှိ စေတီတော်နှင့် အဆောက်အဦးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၅၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်း ထွာရရှိပါသည်။

Breaking News

အင်အား ၆.၀ ရှိသော ငလျင်ကြောင့် ရွေဘိုခရိုင် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက်ရှိ စေတီတော်နှင့် အဆောက်အဦးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၅၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်လှုတ်ခတ်ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ရွေဘိုခရိုင် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက် ရှိ စေတီတော်နှင့် အဆောက်အဦးများ ငလျင်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ပြပါမည်..

MyanmarOnlineNews ရွှေဘိုမြို့ မြေငလျင်လှုပ်ခတ်