အဆိုပါ၊ အမိန့်ကို ဗီဒီယိုမှတစ်ဆင့် ဖတ်ပြခြင်းဖြစ်ပြီး၊ ဘာသာပြန်မှတဆင့် လူငယ်နှစ်ဦးကို ရှင်းပြခဲ့ပါသည်။အဆိုပါ၊ အမိန့်ချမှတ်ရာ၊ သို့ လူငယ်များဖက်မှ၊ရှေ့နေလိုက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေများ၊ ထိုင်းနိုင်ငံမြန်မာသံရုံးကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊မှတာဝန်ရှိသူများ၊ သတင်းထောက်များ၊ စုံလင်စွာရောက်ရှိခဲ့ပါသည်။
တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင်၊ ကျနော်တို့ လိပ်ကျွန်းလူသတ်မူ့၊ အယူခံထပ်ရှူံးပါတယ်။ ကျနော့်အနေနဲ့ လူငယ်နှစ်ဦးကို ထိထိရောက်အကူအညီမပေးနိုင်ခဲ့ရလို့ “ ဝင်းနဲ့ဇော်ရဲ့ မိသားစုနဲ့ တကွ၊လိပ်ကျွန်းလူသတ်မူ့ကို၊ စိတ်ဝင်တစား စောင့်ကြည့်အားပေးနေကြတဲ့၊ မြန်မာနိုင်ငံသားများနှင့်နိုင်ငံတကာမှ မိတ်ဆွေများကို၊တောင်းပန်ပါတယ်။ ကျနော်ဘာမှထိထိရောက်လုပ်မပေးနိုင်ခဲ့သလိုခံစားရပါတယ်။ ကျနော့်ကိုယ်ကျနော် Lobby နဲ့ Advocacy အားကောင်းတယ်လို့ ထင်ခဲ့တာ။ နှစ်ပေါင်း(၂၀) ကျော်၊ နိုင်ငံတကာ၊ Advocacy အတွေ့အကြုံရှိခဲ့တဲ့၊ကျနော်အနေနဲ့၊ မြန်မာအစိုးကို Advocacy ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ လိပ်ကျွန်းလူသတ်မူ့နဲ့ ရနောင်းလူသတ်မူ့က ရခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲ၊ပြသာနာ၊တွေကိုအခြေခံပြီး၊ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိုနောင်တစ်ချိန်ချိန်မှာ ထိထိရောက်ရောက်ကူညီနိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။
ကျနော်“ညံ့”ခဲ့ပါတယ်။ အဓိကအားဖြင့်၊ လက်ရှိအစိုးရ၊ အနေနဲ့ လိပ်ကျွန်းလူသတ်မူ့နဲ့ပတ်သက်ပြီး၊စိတ်ဝင်စားလာအောင်၊ထိထိရောက်ရောက်ကူညီပံ့ပိုးလာအောင်၊ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။အခုလိုအမှုမျိုးဟာ၊ အစိုးရတစ်ရပ်အနေနဲ့၊ ထိထိရောက်ရောက်ပါဝင်ကူညီမှ၊ ရမယ်ဆိုတာတော့ ကျနော်တို့ ကြိုသိခဲ့ပါတယ်။
(၂၉၊၈၊၂၀၁၉ ) ရက်နေ့ နံနက်(၁၀) နာရီ၊ နွန်ထပူရီခရိုင်တရားရုံးမှာ၊ အမိန့်ချမှာကို၊ ထိုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုက်၊ မြန်မာသံရုံးအနေနဲ့ ကြိုပြိး မသိခဲ့ ပါဘူး။ ထိုင်းအစိုးရကလဲ တရားဝင်အကြောင်းမကြားဘူးလို့ ယူဆရပါတယ်။ အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီကိုလဲ တရားဝင်အကြောင်းမကြားဘူးလို့ သိရပါတယ်။ ထိုင်းအစိုးရတရားရေးဌာနမှာရှိတဲ့ ကျနော်တို့ အဆက်အသွယ်တွေကတစ်ဆင့်။ ဒီနေ့ အမိန့်ချမှာကို သိခဲ့လို့ မနေ့ညက လေယာဉ်လက်မှတ်ဝယ်ပြိး ကျနော်လာခဲ့ ရတာပါ။
ထိုင်းနိုင်ငံ၏တရားဥပဒေအရ၊ ယနေ့ (၂၉ ၊၈၊၂၀၁၉ ) ရက်နေ့မှ ရက်ပေါင်း(၆၀) အတွင်း၊ ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းနိုင်ငံသားများနည်းတူ၊ အသနားခံစာတင်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ထိုင်းဘုရင်မင်းမြတ်ထံ အသားခံစာတင်ထားစဉ်အချိန်အတွင်း၊ အဆိုပါ၊ လူငယ်(နှစ်) ဦးကို သေဒဏ်ပေး၍ မရသေးပါ။
လိပ်ကျွန်းလူသတ်မူ့စတင်ခဲ့ စဉ်ထဲက၊ လိုက်ပါကူညီပေးခဲ့သည့် ထိုင်းရှေ့နေများ၏ပြောပြချက်အရ၊ အဆိုပါအသနားခံစာကို ကာယကံရှင်လူငယ်များနှင့် မိသားစုကိုယ်စား၊ မြန်မာအစိုးရအနေနှင့် ကူညီဆောင်ရွက်ပေးပါက၊ပိုမိုထိရောက်နိုင်ကြောင်းအကြံပေးပါတယ်။
လိပ်ကျွန်းလူသတ်မူ့နှင့် ပတ်သက်ပြီး ၊အယူခံ ထပ်မံပယ်ချခံလိုက်ရသည့် မောင်ဇော်လင်းက၊ သူတို့ အမှန်တကယ်မသတ်ခဲ့ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့တတ်နိုင်သည့်ဖက်မှကူညီဖို့၊ အဆိုပါ၊ တရားရုံးကိုလာရောက်ခဲ့သည့် မြန်မာသံရုံးမှသံရုံမှူးကြီး ဦအောင်ကျော်သူရကို ပြောပါတယ်။
သေဒဏ်ပေးခံထားရပြီး အယူခံပယ်ချခံလိုက်ရသည့်၊ “ဝင်းနှင့်ဇော်“သည်၊ ရုပ်ပိုင်းဆိုင်ရာ၊ အားဖြင့်၊ ကျန်းမာသည်ဟုဆိုနိုင်သော်လည်း၊ သေဒဏ်၊ထပ်မံအချခံလိုက်ရသည့်အချိန်တွင်၊ လူသားတို့ သဘာဝအတိုင်း၊ အနည်းငယ်၊ ကြောက်ရွံ့တုနှ်လှုပ်သွားသည်ဟု၊ ထင်ပါသည်၊ မောင်ဇော်လင်းမှ တရားသူကြီးအား “ ကျနော်တို့ကို ဆေးထိုးသတ်မှာလား“ ဟုအော်မေးလိုက်သံကြားလိုက်ရပါသည်။
နောက်ပိုင်းတွင် တစ်စုံတစ်ရာ၊ စိတ်တည်ငြိမ်လာပြီး ပုံမှန်ပြန်ဖြစ်လာသည်ဟုထင်ပါတယ်။ ကျနော်တို့အနေနှင့် မစိုးရိမ်းဖို့နဲ့အတတ်နိုင်ဆုံး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ပြောခဲ့ပါသည်။ ၎င်းတို့မှ၊ ၎င်းတို့၏ မိခင်များကို၊စိတ်မပူကျဖို့ ပြောခိုင်းပါသည်။
ကျနော့်အနေနှင့်၊ ရခိုင်နိုင်ငံရေးပါတီများ၊အတိုက်အခံနိုင်ငံရေးပါတီများအား၊ အစိုးရအား ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်ပေးပါရန်၊မေတ္တာရပ်ခံခိုင်းမည်ဖြစ်ပါသည်၊ တစ်ချိန်တည်းမှာပင်၊ မြန်မာအစိုးရကို၊ လူငယ်များကိုယ်စား၊ အသနားခံစာတင်ပေးဖို့ မေတ္တာရပ်ခံမည်ဖြစ်ပါသည်။
လက်ရှိအစိုးရက ကျင့်သုံးနေသည့်၂၀၀၈-ခုနှစ်အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ၊ အခြေခံဥပဒေ အခန်း(၈)နိုင်ငံသားများ၏၊ မူလအခွင့်အရေးနှင့် တာဝန်များအခန်းမှာ တိတိကျကျဖော်ပြထားပါတယ်။ အပုဒ်၊(၃၈၀)။ “ နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော၊နိုင်ငံသားတိုင်းသည်၊ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်၏ကာကွယ်စောင့်ရှောင့်မူ့ကို တောင်းခံခွင့် ရှိသည်။ ”
ဝန်ခံချက်။ ကလေးတွေကို နှစ်သိမ့်စကားပြောကြားခဲ့ပေမဲ့၊ ကျနော်ကိုယ်တိုင်မျက်ရည်ကျခဲ့ပါသည်။
Credit:
ထူးချစ်
Unicode
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်လူမျိုး (၂) ဦး အသတ်ခံရမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံး အယူခံ ရှုံးနိမ့်သွားပါတယ်။
ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် တရားရုံးက ဒီအမိန့်ကို ဖတ်ကြားပေးခဲ့ပြီး အယူခံ ရှုံးနိမ့်သွားတဲ့အတွက် သေဒဏ်ကို ဆက်လက် အတည်ပြုလိုက်ပါတယ်။
နောက်ဆုံးအခြေအနေနဲ့ ပက်သက်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်ကို မေးမြန်းထားပါတယ်။(Bamakhit)
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအယူခံရှုံးနိမ့်မှုနှင့်ပတ်သက်၍ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးသူ ကိုထူးချစ်၏ ပြောကြားချက်များ
ထိုုင်းနိုင်ငံတာင်ပိုုင်း၊စူရတ်ဌာနီခရိုုင်၊လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး၊သေဒဏ်ကျခံနေရသည့်လူငယ်(နှစ်)ဦး၏ အယူခံတင်ထားလွာကိုု( ၂၉ ၊၈၊၂၀၁၉) ရက်နေ့ ဘန်ကောက်မြို့အနီးနွန်ထပူရီ၊ ခရိုုင်အယူခံတရားရုံးတွင် အမိန့်ချမှတ်ခဲ့ပါတယ်။ မနက်(၁၀) နာရီလောက်မှာ စတင်ကြားနာခဲ့တာ၊ နေ့လည်(၁) နာရီမှာ ပြီးပါတယ်။ နောက်ဆုံး ပြောရမယ်ဆိုုရင်တာ့ ကလေးတွေတင်ထားတဲ့ အယူခံပယ်ချခံရပြိးသေဒဏ်ထပ်မံ ချလိုုက်ပါတယ်။
အဆိုုပါ၊ အမိန့်ကိုု ဗီဒီယိုုမှတစ်ဆင့် ဖတ်ပြခြင်းဖြစ်ပြီး၊ ဘာသာပြန်မှတဆင့် လူငယ်နှစ်ဦးကိုု ရှင်းပြခဲ့ပါသည်။အဆိုုပါ၊ အမိန့်ချမှတ်ရာ၊ သိုု့ လူငယ်များဖက်မှ၊ရှေ့နေလိုုက်ပေးခဲ့သည့် ထိုုင်းရှေ့နေများကောင်စီမှ ရှေ့နေများ၊ ထိုုင်းနိုုင်ငံမြန်မာသံရုံးကိုုယ်စားလှယ်များ၊ အစိုုးရမဟုတ်သည့်အဖွဲ့အစည်းများ၊မှတာဝန်ရှိသူများ၊ သတင်းထောက်များ၊ စုံလင်စွာရောက်ရှိခဲ့ပါသည်။
တိုုတိုုတုုတ်တုုတ်ပြောရမယ်ဆိုုရင်၊ ကျနော်တိုု့ လိပ်ကျွန်းလူသတ်မူ့၊ အယူခံထပ်ရှူံးပါတယ်။ ကျနော့်အနေနဲ့ လူငယ်နှစ်ဦးကိုု ထိထိရောက်အကူအညီမပေးနိုုင်ခဲ့ရလိုု့ “ ဝင်းနဲ့ဇော်ရဲ့ မိသားစုုနဲ့ တကွ၊လိပ်ကျွန်းလူသတ်မူ့ကိုု၊ စိတ်ဝင်တစား စောင့်ကြည့်အားပေးနေကြတဲ့၊ မြန်မာနိုုင်ငံသားများနှင့်နိုင်ငံတကာမှ မိတ်ဆွေများကိုု၊တောင်းပန်ပါတယ်။ ကျနော်ဘာမှထိထိရောက်လုုပ်မပေးနိုုင်ခဲ့သလိုုခံစားရပါတယ်။ ကျနော့်ကိုုယ်ကျနော် Lobby နဲ့ Advocacy အားကောင်းတယ်လိုု့ ထင်ခဲ့တာ။ နှစ်ပေါင်း(၂၀) ကျော်၊ နိုုင်ငံတကာ၊ Advocacy အတွေ့အကြုံရှိခဲ့တဲ့၊ကျနော်အနေနဲ့၊ မြန်မာအစိုုးကိုု Advocacy ကောင်းကောင်းမလုုပ်နိုုင်ခဲ့ပါဘူး။
ဒါပေမဲ့ လိပ်ကျွန်းလူသတ်မူ့နဲ့ ရနောင်းလူသတ်မူ့က ရခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲ၊ပြသာနာ၊တွေကိုုအခြေခံပြီး၊ထိုုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာရွေ့ပြောင်းအလုုပ်သမားတွေကိုုနောင်တစ်ချိန်ချိန်မှာ ထိထိရောက်ရောက်ကူညီနိုုင်လိမ့်မယ်လိုု့ မျော်လင့်ပါတယ်။
ကျနော်“ညံ့”ခဲ့ပါတယ်။ အဓိကအားဖြင့်၊ လက်ရှိအစိုုးရ၊ အနေနဲ့ လိပ်ကျွန်းလူသတ်မူ့နဲ့ပတ်သက်ပြီး၊စိတ်ဝင်စားလာအောင်၊ထိထိရောက်ရောက်ကူညီပံ့ပိုုးလာအောင်၊ ကျနော်တိုု့ မလုုပ်နိုင်ခဲ့ပါဘူး။အခုုလိုုအမှုမျိူးဟာ၊ အစိုုးရတစ်ရပ်အနေနဲ့၊ ထိထိရောက်ရောက်ပါဝင်ကူညီမှ၊ ရမယ်ဆိုုတာတော့ ကျနော်တိုု့ ကြိုသိခဲ့ပါတယ်။
(၂၉၊၈၊၂၀၁၉ ) ရက်နေ့ နံနက်(၁၀) နာရီ၊ နွန်ထပူရီခရိုုင်တရားရုံးမှာ၊ အမိန့်ချမှာကိုု၊ ထိုုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုုက်၊ မြန်မာသံရုံးအနေနဲ့ ကြိုပြိး မသိခဲ့ ပါဘူး။ ထိုုင်းအစိုုးရကလဲ တရားဝင်အကြောင်းမကြားဘူးလိုု့ ယူဆရပါတယ်။ အဆိုပါအမှုကိုု လိုုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုုင်းရှေ့နေများကောင်စီကိုုလဲ တရားဝင်အကြောင်းမကြားဘူးလိုု့ သိရပါတယ်။ ထိုုင်းအစိုုးရတရားရေးဌာနမှာရှိတဲ့ ကျနော်တိုု့ အဆက်အသွယ်တွေကတစ်ဆင့်။ ဒီနေ့ အမိန့်ချမှာကိုု သိခဲ့လိုု့ မနေ့ညက လေယာဉ်လက်မှတ်ဝယ်ပြိး ကျနော်လာခဲ့ ရတာပါ။
ထိုုင်းနိုုင်ငံ၏တရားဥပဒေအရ၊ ယနေ့ (၂၉ ၊၈၊၂၀၁၉ ) ရက်နေ့မှ ရက်ပေါင်း(၆၀) အတွင်း၊ ထိုုင်းဘုုရင်မင်းမြတ်ထံ ထိုုင်းနိုုင်ငံသားများနည်းတူ၊ အသနားခံစာတင်ဖိုု့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ထိုုင်းဘုုရင်မင်းမြတ်ထံ အသားခံစာတင်ထားစဉ်အချိန်အတွင်း၊ အဆိုုပါ၊ လူငယ်(နှစ်) ဦးကိုု သေဒဏ်ပေး၍ မရသေးပါ။
လိပ်ကျွန်းလူသတ်မူ့စတင်ခဲ့ စဉ်ထဲက၊ လိုုက်ပါကူညီပေးခဲ့သည့် ထိုုင်းရှေ့နေများ၏ပြောပြချက်အရ၊ အဆိုုပါအသနားခံစာကိုု ကာယကံရှင်လူငယ်များနှင့် မိသားစုုကိုုယ်စား၊ မြန်မာအစိုုးရအနေနှင့် ကူညီဆောင်ရွက်ပေးပါက၊ပိုုမိုုထိရောက်နိုုင်ကြောင်းအကြံပေးပါတယ်။
လိပ်ကျွန်းလူသတ်မူ့နှင့် ပတ်သက်ပြီး ၊အယူခံ ထပ်မံပယ်ချခံလိုုက်ရသည့် မောင်ဇော်လင်းက၊ သူတိုု့ အမှန်တကယ်မသတ်ခဲ့ကြောင်းနဲ့ မြန်မာအစိုုးရအနေနဲ့တတ်နိုုင်သည့်ဖက်မှကူညီဖိုု့၊ အဆိုုပါ၊ တရားရုံးကိုုလာရောက်ခဲ့သည့် မြန်မာသံရုံးမှသံရုံမှူးကြီး ဦအောင်ကျော်သူရကိုု ပြောပါတယ်။
သေဒဏ်ပေးခံထားရပြီး အယူခံပယ်ချခံလိုုက်ရသည့်၊ “ဝင်းနှင့်ဇော်“သည်၊ ရုုပ်ပိုုင်းဆိုုင်ရာ၊ အားဖြင့်၊ ကျန်းမာသည်ဟုုဆိုုနိုင်သော်လည်း၊ သေဒဏ်၊ထပ်မံအချခံလိုုက်ရသည့်အချိန်တွင်၊ လူသားတိုု့ သဘာဝအတိုုင်း၊ အနည်းငယ်၊ ကြောက်ရွံ့တုုန်ှလှုပ်သွားသည်ဟုု၊ ထင်ပါသည်၊ မောင်ဇော်လင်းမှ တရားသူကြီးအား “ ကျနော်တိုု့ကိုု ဆေးထိုုးသတ်မှာလား“ ဟုုအော်မေးလိုုက်သံကြားလိုုက်ရပါသည်။
နောက်ပိုုင်းတွင် တစ်စုံတစ်ရာ၊ စိတ်တည်ငြိမ်လာပြီး ပုံမှန်ပြန်ဖြစ်လာသည်ဟုုထင်ပါတယ်။ ကျနော်တိုု့အနေနှင့် မစိုုးရိမ်းဖိုု့နဲ့အတတ်နိုုင်ဆုံး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ပြောခဲ့ပါသည်။ ၎င်းတိုု့မှ၊ ၎င်းတိုု့၏ မိခင်များကိုု၊စိတ်မပူကျဖိုု့ ပြောခိုုင်းပါသည်။
ကျနော့်အနေနှင့်၊ ရခိုုင်နိုင်ငံရေးပါတီများ၊အတိုုက်အခံနိုုင်ငံရေးပါတီများအား၊ အစိုုးရအား ထိုုင်းဘုုရင်မင်းမြတ်ထံအသနားခံစာတင်ပေးပါရန်၊မေတ္တာရပ်ခံခိုုင်းမည်ဖြစ်ပါသည်၊ တစ်ချိန်တည်းမှာပင်၊ မြန်မာအစိုုးရကိုု၊ လူငယ်များကိုုယ်စား၊ အသနားခံစာတင်ပေးဖိုု့ မေတ္တာရပ်ခံမည်ဖြစ်ပါသည်။
လက်ရှိအစိုုးရက ကျင့်သုံးနေသည့်၂၀၀၈-ခုုနှစ်အခြေခံဖွဲ့စည်းအုုပ်ချုပ်ပုံ၊ အခြေခံဥပဒေ အခန်း(၈)နိုုင်ငံသားများ၏၊ မူလအခွင့်အရေးနှင့် တာဝန်များအခန်းမှာ တိတိကျကျဖော်ပြထားပါတယ်။ အပုုဒ်၊(၃၈၀)။ “ နိုုင်ငံခြားတိုုင်းတစ်ပါးနှင့် ဆက်ဆံသော၊နိုုင်ငံသားတိုုင်းသည်၊ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုုင်ငံတော်၏ကာကွယ်စောင့်ရှောင့်မူ့ကိုု တောင်းခံခွင့် ရှိသည်။ ”
ဝန်ခံချက်။ ကလေးတွေကိုု နှစ်သိမ့်စကားပြောကြားခဲ့ပေမဲ့၊ ကျနော်ကိုုယ်တိုုင်မျက်ရည်ကျခဲ့ပါသည်။
“ ကျနော်တော်တော်ညံ့ခဲ့ပါသည်”
Credit:
ထူးချစ်