#ဂျက်လီ
#ဂျက်လီ
#ဂျက်လီ
သူတို့မိသားစုနေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ရတဲ့လျော်ကြေးငွေတချို့နဲ့ပေကျင်းတန်းလျားတခုမှာနေခွင့်ရခဲ့တယ်
ဒီလိုနဲ့တရက်
ချောင်ရှီရန်
#ဂျက်လီ
ဒုတိယကား Kids From Shoalin ကို၁၉၈၄ခုနှစ် ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။ဟောင်ကောင်ဒေါ်လာ၂၂သန်းအထိရရှိခဲ့သလိုဂျက်လီဟာလဲ ရှောင်လင်ဘုန်းကြီးတယောက်ဇာတ်ရုပ်နဲ့လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ဂျက်လီဟာ ရုပ်ရှင်ကား၎ကားကိုစာချုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
ဒီကားတွေအပြီး The Master ကားရုံတင်အပြီးမှာတော့အဖြူအမည်းခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ Once Upon A Time In China ကားကြီးကိုရိုက်ဖို့ လူရွေးပွဲမှာဂျက်လီကိုအားလုံးကထောက်ခံခဲ့ကြပါတယ်။ ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းကဟာသစတန့်တွေနဲ့အာရှမှာနာမည် ကြီးနေချိန် ဂျက်လီကလဲ သိုင်းကားနယ်ပယ်မှာအာရှရဲ့King ဖြစ်လာဖို့ OUATIC ကားကြီးကို ၁၉၉၁ခုနှစ်မှာရုံတင်ခဲ့ပါတယ်။
အရမ်းအောင်မြင်ခဲ့သလိုOne Upon A Time In Chinaရဲ့နောက်ဆက်တွဲကားတွေကိုရိုက်ဖို့အထိပါစာချုပ်ချုပ်ခွင့်ရခဲ့ပါတော့တယ်။OUATIC ၃ကားအပြီးမှာတော့ဂျက်လီကို Hollywoodထိတက်စေဖို့ဖြစ်လာခဲ့ပါတယ် ။ အဲ့ဒါကတော့ Once Upon A Time In China and America ကားကြီးပါပဲ။အမေရိကအထိသွားရိုက်ခဲ့သလို ဟောင်ကောင်ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။ဒီကားအပြီးမှာတော့ဂျက်လီအားကျရတဲ့မင်းသားတယောက်ဖြစ်တဲ့စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်ခွင့်ရခဲ့ပါတော့တယ်။
ဒီကားအပြီးမှာတော့ဂျက်လီကိုHollywoodကကမ်းလှမ်းလာတဲ့TheOne ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ဒီကားဟာ ဂျက်လီအဖို့အခက်ခဲဆုံးကားတကားလို့ပြောထားသလို အောင်မြင်မူကလဲအမေရီကန်ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကားဟာ ဂျက်လီကို အာရှမှာရော Hollywoodမှာပါထိပ်တန်းမင်းသားတယောက်ဖြစ်စေဖို့စတင်ခဲ့ပါတော့တယ်။
” ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့အိမ်မက်တွေကိုအိပ်ချိန်မှာပဲမမက်နဲ့ဖြစ်ချင်တာကိုလုပ်ရမှာပျင်းတဲ့လူတွေကဖြစ်သင့်တာကိုလုပ်ကြသလိုအိမ်မက်ရှိတယ်ပြောပြောနေတတ်ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး ”
#ဂျက်လီ
ဒီကားအပြီးမှာတော့ဂျက်လီဟာတကမ္ဘာလုံးကိုအာရှသားတယောက်ကကိုင်လှုပ်ဖို့စတင်လာခဲ့ပါတော့တယ်။Hollywood မှာ အာရှသားတွေအတွက် နေရာမပေးချင်ပေမယ့် အာရှကနေ Hollywood ကို တက်လာတဲ့ ဂျက်ကီချမ်း လို ရှာရွှတ်ခန်း လို ဂျက်လီလို မင်းသားတွေပေါ်ပေါက်လာခဲ့မူ ဒဏ်ကိုတော့ Hollywood က မခံနိုင်ခဲ့ပါဘူး။
Hollywood မှာနေရာရလာတဲ့အချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို၂၀၀၂ခုနှစ်မှာရုံတင်လာခဲ့တယ်။ Hollywood ပြာသွားတယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိ ဝင်ငွေကမရပ်ဘူး ။ ဒီပုပုကောင်က ဘာလဲဟပေါ့ ။ သန်း ၃၀ လောက်ရင်းပြီး အသားတင် အမြတ်သန်း ၁၄၀ လောက်ရသွားတယ် Hero ကားက ။ ထူးခြားမူကဒီကားက Best ForeignLanguage Film ဆိုတဲ့Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး၇ဆုအပြင် အင်္ဂလန်က ရုပ်ရှင်တက္ကသိုလ်ကြီးကနေ သင်ရိုးအဖြစ်ပါ ယူခဲ့ပါတော့တယ် ။
ဒါကအာရှရဲ့ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေ သင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ ။ရှာရွတ်ခန်း ဂျက်ကီချမ်းတောင် မလုပ်ပြနိုင်သေးတဲ့ စံချိန်တခုကို ဂျက်လီက လုပ်ပြသွားတယ် ။ ဒီကားအပြီးမှာတော့ဂျက်လီကို Hollywood မင်းသားတွေနဲ့တွဲရိုက်ဖို့ EuropaCrop ကနေ စာချုပ်ချုပ်ခဲ့ ပြန်ပါတော့တယ် ။
၂၀၀၅ခုနှစ်မှာတော့ဂျက်လီကိုလုံးဝမထင်ထားတဲ့အကွက်ကြီးနဲ့ ကာရိုက်တာအဆန်းတခုနဲ့ Unleashed ကားကြီးရုံတင်လာတယ် ။ မိခင်မုဒိန်းကျင့်ခံရအသတ် ခံရတဲ့ကလေးတယောက်ဟာစိတ္တဇဖြစ်သွားပြီးအတိတ်မေ့Fighterတကောင်အသွင်အပြင်နဲ့ ခွေးတကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။
လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလိုလူဆိုတာဘာမှန်းမသိတဲ့Psychoသမားတယောက်ဘဝ ကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို ဂီတကလူအရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်ဆိုတာကိုချပြထားတဲ့ကား။
ဒီကားဟာလဲအောင်မြင်မူကမသေးသလို ဂျက်လီရဲ့သြဇာကြီးမားမူကိုမရပ်တန့်စေခဲ့တဲ့ကားပါ။ တကားပြီးတကား ထွက်လာတယ်။ထွက်လာတိုင်းလဲပေါ့သေးသေးတကားမှမပါဘူး။ဂျက်လီဆိုရင် မကောင်းပါဘူးကွာလို့ပြောမယ့်သူမရှိသလောက်ပဲ။
ဒီကားအပြီးမှာတော့ ဂျက်လီဟာသူ့idol ကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ The Forbidden Kingdom ကားကြီးကို ၂၀၀၈ ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရီကန်ဒေါ်လာ သန်း၁၅၀ကျော်ရခဲ့သလို ဒီပမာဏကမသေးလှပါဘူး။
Mummy : ဒီကားကနာမည်ရမင်းသားတယောက်က ဗီလိန်လုပ်ဖို့ဆိုလုပ်ချင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့ ကားအဆက်တကားဖြစ်တဲ့ Tomb of the Dragon Emperro ကားကြီးမှာလူဆိုးနေရာကနေပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီးဒီကားဟာအာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကားတကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
” ဗီလိန်နေရာကိုကျတော်ကြိုက်တယ်။ဗီလိန်သရုပ်ဆောင်တွေကိုလဲကျတော်လေးစားမိတယ်။ဘာကြောင့်လဲဆို ရုပ်ရှင်ကားတကားမှာဗီလိန်နေရာကပညာအပေးနိုင်ဆုံးနေရာပဲ”
ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်ရှင်တွေ အသတ်အပုတ်တွေချည်းရိုက်နေလို့အငိုအလွမ်းအဆွေးမိဘသရုပ်ဖော်မေတ္တာသရုပ်ဖော်နေရာရော ?Ocean Heaven : သမုဒ္ဒရာ ထက်ကြီးတဲ့မိဘရဲ့မေတ္တာတရားကိုချပြထားတဲ့ဂျက်လီ အထိုးအသတ်တကွက်မှမပါတဲ့အဖေတယောက်ရဲ့ဇာရုပ်။ အသည်းကင်ဆာဖြစ်နေတဲ့အဖေနေရာကနေ စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝလောကဓံကိုထိုးသတ်ပြထားတဲ့ကားပါ။သူသေသွားရင် စိတ်မနှံ့တဲ့သားတယောက်လောကကြီးထဲဘယ်လိုနေထိုင်မလဲဆိုတဲ့ဖခင်တယောက်ရဲ့သားအပေါ်ချစ်တဲ့အချစ်ကိုပြသထားတဲ့ကားပါ။
ဒီကားဟာဂျက်လီကိုမထင်ထားစေတဲ့သရုပ်ဆောင်ချက်တွေမြင်ခဲ့ရသလို တော်တော်လဲခွဲထွက်ထားတဲ့ကားပါ။ ဂျက်လီကားတွေတကားချင်းပြောနေရင်ပြီးမယ်တောင်မထင်ဘူး။ The Expendables မှာလဲHollywoodရဲ့ဒိတ်ဒိတ်ကြဲကြီးတွေဖြစ်တဲ့အာနိုး ရမ်ဘိုတို့နဲ့တွဲသရုပ်ဆောင်ထားတာကြည့်ရုံနဲ့ဂျက်လီရဲ့ဖြစ်တည်မူကိုသိနိုင်ပြီပေါ့။နောက်လမှာထွက်မယ့် League of Gods ကားကလဲရုံမတင်ရသေးဘူးဟောင်ကောင်မှာပွဲဆူနေပြီ။ ဂျက်ကီချန်းနဲ့IP manကြီးတို့နဲ့တွဲရိုက်ထားတဲ့ကားကြီးကလဲမကြာခင်လာတော့မယ်။
ဒါတင်မကသေးဘူး။ ၂၀၁၈မှာရိုက် မယ့် Fatherless Childကားကလဲသန်း၁၀၀အထိအကုန်ကျခံရိုက်ကူးနေပြီ။ xXx ရဲ့အဆက်မှာလဲ F&F ရဲ့ဂတုံးကြီး ဗင်ဒီဇယ်ရဲ့ရန်သူနေရာကနေပါဝင်လာတော့မယ် ။ ဂျက်လီဆိုရင်ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူးကျော်ရပ်ကွက်ကကလေးတယောက်ကဖြစ်စေခဲ့ပါပြီ။
ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးတဖြစ်လဲဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိအချိန်မှာအာရှရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်လာသလိုHollywood မင်းသားတွေထဲလဲအနေအထားမသေးတဲ့မင်းသားတယောက်ဖြစ်နေပါပြီ။ဒါတင်မကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတမန်ဖြစ်သလို အာရှသိုင်းအဖွဲ့အစည်းရဲ့အနောက်နိုင်ငံသံတမန်တယောက်လဲဖြစ်ပါတယ်။
ဂျက်လီFoundationကနေနှစ်စဉ်ပညာရေးထောက်ပံ့မူတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေးထားခဲ့ပါပြီ။ဂျက်လီဟာ ဗုဒ္ဓဘာသာတယောက်ပီပီ အာရှနိုင်ငံတချို့မှာသူလှူထားခဲ့တဲ့ဘုန်းကြီး ကျောင်းပေါင်း၂၀၀ကျော်အထိရှိထားသလိုဂျက်ကီချန်းလိုပဲ အာရှရဲ့ထိပ်တန်းမင်းသားကြီးတယောက်ဖြစ်နေပါပြီ။
” ဘာသာတရားတိုင်းမှာမကောင်းတဲ့အချက်ဆိုတာလိုအပ်ချက်ဆိုတာမရှိဘူးဘာသာတရားကိုမကောင်းစေတာဘာသာရေးခေါင်းဆောင်နဲ့ဘာသာရေးဗန်းပြလူတချို့ကြောင့်ပဲ”
#ဂျက်လီ
“ကျတော်တို့ရဲ့ ကံတွေကပဲကျတော်တို့လူသားတွေကိုဆုံးဖြတ်ပေးတာပါ
Our actions determine
Our distiny ‘”
#ဂျက်လီ
တချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမသားတယောက် မောင်နှမတွေအတွက်ကိုယ့်ဘဝကိုအနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ကောင်လေးတယောက် ဘုန်းကြီးကျောင်း သိုင်းသင်တန်းကနေမအူမလည်နဲ့မင်းသားဖြစ်ချင်လို့မိုက်မိုက်ကမ်းကမ်းနဲ့မြို့ပေါ်ကလူလည်တွေကြားတက်လာခဲ့တဲ့လူငယ်တယောက်က လက်ရှိမှာကမ္ဘာ့သြဇာအရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား၁၀၀ထဲပါသွားခဲ့ပါပြီ။သုညကစပေမယ့် လက်ရှိမှာတော့ဂျက်လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တယောက်ဖြစ်နေပါပြီ။
REF : Jet Li Documentries
Twitter
ဆောင်းပါး:ထက်ဝန
Unicode
ကျူးကျော်ရပ်ကွက်က အထမ်းသမားရဲ့သား ဘဝမှ ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာတဲ့ “ဂျက်လီ” ရဲ့ ဘဝဇာတ်ကြောင်း
အတန်းကျောင်း–၂–တန်းပဲ တက်ခဲ့ရပေမယ့် အာရှရဲ့ –သရုပ်ဆောင် ဘုရင်—#JET_LI—အကြောင်း-
( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ် ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူးကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ )
. “လူတွေကိုရယ်အောင်လုပ်နေတဲ့လူတယောက်ရဲ့နောက်မှာမျက်ရည်တွေပေးဆပ်ထားရတယ်။ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်ရတဲ့အလုပ်လောက်လောကမှာခက်တာမရှိဘူး”
#ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့။
အခြေအနေရော အချိန်အခါရောအဆိုးဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအတွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်
ဖခင်ဖြစ်သူကုန်ထမ်းသမား ဆိုင်းဘုတ်စာလုံးရေးသူတယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေရေးကိုမနည်းဖြေရှင်းရဖို့ကတော်ရုံတော့မလွယ်ကူလှဘူး
ဒီလိုနဲ့သူ့ကိုမွေးပြီး၂နှစ်အကြာမှာပဲဖခင်ဖြစ်သူဟာအသက်ကြီးရတဲ့အထဲအလုပ်ပင်ပန်းမူဒဏ်တွေကြောင့်နာမကျန်းဖြစ်ရာကနေဆေးရုံကိုပို့ခဲ့ရပါတယ်
ဆေးရုံရောက်ချိန်ဆေးဖိုးအတွက်မိခင်ဖြစ်သူဟာလူမမယ်သမီး၂ယောက်လက်ကိုဆွဲပြီးအသိတွေအိမ်ပိုက်ဆံလိုက်ချေးနေချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတယ်
သားသမီး၅ယောက်နဲ့ယောကျာ်းသေသွားတဲ့မိန်းမအဖို့ကတော့ကမ္ဘာပျက်တာကမှပိုခံသာဦးမယ်။ သူ့အသက်၂နှစ်ပြည့်မွေးနေ့မှာပဲဖခင်ဖြစ်သူကွယ်လွန်ခဲ့တယ်
သူကတော့တခြားသူမဟုတ်ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့သြဇာအရှိဆုံးသရုပ်ဆောင်အယောက်၁၀၀ထဲ အာရှရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား၅ယောက်စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက်လီဆိုတဲ့လူပါပဲ
” သုညနဲ့စတာ ဝမ်းနည်းစရာလူမဟုတ်ဘူး။ သုညနဲ့စတယ်ဆိုပြီးထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ”
#ဂျက်လီ
” အဖေ့မျက်နှာကိုကျတော်မမှတ်မိဘူး။ အဖေဘယ်လိုလူမှန်းလဲကျတော်မသိဘူး။ ဒါပေမယ့်အဖေဟာကျတော့်အတွက်တော့ ကိုယ်တိုင်မမြင်ဖူးပေမယ့် အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ဘုရားတဆူလိုပဲ။ ဒါတခြားလူတွေအတွက်တော့မနှိုင်းစရာလို့မြင်လိမ့်မယ်။ ကျတော့အတွက်တော့အဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ ”
#ဂျက်လီ
သူ့အသက်၆နှစ်မှာကျောင်းတက်ချင်ခဲ့လို့အမေ့ကိုပူဆာရာကအမေခိုးငိုခဲ့တဲ့အဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့ဘယ်တော့မှမပြောခဲ့တော့ဘူး
သူတို့မိသားစုနေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ရတဲ့လျော်ကြေးငွေတချိူ့နဲ့ပေကျင်းတန်းလျားတခုမှာနေခွင့်ရခဲ့တယ်
ရက်ကွက်ထဲကစီးပွားရေးချောင်လည်တဲ့သူနဲ့သက်တူရွယ်တူသူငယ်ချငိးတွေကျောင်းဝတ်စုံဝတ်နေချိန် သူကဈေးထဲကဈေးသည်တွေကိုတောက်တိုမယ်ရဝယ်ပေးရတဲ့ကလေးတယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်
ဒါပေမယ့်သူမညံ့ဘူး။ရက်ကွက်ထဲကစာသင်ဝိုင်းကိုသူအမြဲသွားနားထောင်တတ်သလို သူ့အသက်၇ နှစ်မှာ မူလတန်း ဖတ်စာအုပ် အကုန်လုံးကို သူအလွှတ်ရနေပြီ ။ သားဖြစ်သူစာတော်တာသိပေမယ့်မိခင်ဖြစ်သူဟာ ကျောင်းမထားနိုင်တဲ့ အတွက် ရင်နာရတာက လွဲရင် ဘာမှ မတတ်နိုင်ခဲ့ဘူး
ဒါကြောင့် သူ့သားကို ဘာမှမလုပ်ပေးနိုင်မယ့်အစား ဘာသာရေး အဆုံးအမတွေကို မိခင်ဖြစ်သူဟာညတိုင်း ဖတ်ပြခဲ့ ပါတယ်
ဒါကြောင့်လဲ သူဟာကျောင်းမနေရပေမယ့် ကျောင်းနေရတဲ့ ကလေးတွေထက် ပိုသိ ပိုတော်ခဲ့တယ်သူက ဟာသဉာဏ်လဲ အရမ်းရွှင်တယ် ။
သူက ရပ်ကွက်ထဲမှာ လူချစ်လူခင် ပေါသလို သူ့ရဲ့ အမြဲပြုံးနေတတ်တဲ့ သူ့မျက်နှာလေးကို ချစ်လို့သူ့ကို အမြဲ စားစရာ ဝတ်စရာတွေ ပေးတတ်ကြတယ်
ဒါကြောင့်လဲ သူ့မိသားစုဟာ အစားအသောက် ချောင်လည်ခဲ့ သလို မိခင်ဖြစ်သူရဲ့ အပ်ချုပ်လို့ ရတဲ့ငွေကလဲ အိမ်အတွက် အထောက်အကူ ဖြစ်ခဲ့တယ်
သူက ထူးခြားတယ် ။ သု့ထက် အင်အားကြီးတဲ့သူတွေ သူ့ကို အနိုင်ကျင့်ရင်တောင် အပြုံးနဲ့ အမြဲတုန့်ပြန် တတ်တယ် သူကျောင်းမနေရ ပေမယ့် သူ့ညီမတွေကို ကျောင်းတက်ခွင့်ရဖို့ အသက် ၁၀ နှစ် ကောင်လေးက ရုန်းကန်ခဲ့တယ်
သူ့မောင်နှမတွေ ကျောင်းတက်ခဲ့ရတယ် ။ သူမနေရပေမယ့် သူ့ညီမလေးတွေ ကျောင်းတက်ရလို့ သူအမြဲပျော်ပြီး ရပ်ကွက်ထဲ သူ့ညီမစာတော်တဲ့အကြောင်း အမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံးပေါ့
ဒီလို သူပျော်နေလေ မိခင်ဖြစ်သူက ခံစားရလေ နောက်ဆုံးသူ့ကို မိခင်ဖြစ်သူက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပို့ခဲ့ပါတော့တယ် ။
” မိသားစုထက် နင့်ကိုယ်နင်လဲ ဘဝမှာ ပျော်အောင် ရုန်းကန်ရမယ် ။ နင် လူတော်မဖြစ်ရင်တောင်လူဆိုး တယောက်တော့ ငါအဖြစ်မခံနိုင်ဘူး ။ နင့်အတွက်ပဲနင်တွေးပါ ။ ”
” အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကို ကျတော်ခုထပ်ထိမှတ်မိသေးတယ်
မှတ်မှတ်ရရ ပေါ့ကျတော် ဆရာတော်ဆီမရောက်ခင်ညမှာပေါ့
အမေကသူငိုတာကို သားသမီးတွေကို ဘယ်တော့မှ မသိစေချင်တဲ့လူ
သားသမီးတွေရှေ့မှာ အမေက အမြဲတမ်း ရှေ့တန်းကစစ်သူကြီးတယောက်လို မျက်နှာထားနဲ့ပဲ ဆုံးမ ပေးတတ်တယ်ဗျ ။
ကျတော်မြင်ဖူးသမျှမိန်းမထဲမှာ အမေကအရဲရင့်ဆုံးပါပဲဗျာ”
သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာတော့ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ကိုယ်ခံပညာကျောင်းကိုပါသူတက်ခွင့်ရခဲ့တယ်
ဒီကျောင်းကကောင်းတယ် ။ သင်တန်းမှာတော်တဲ့ ကလေးတွေရဲ့ မိသားစုကိုပါ ထောက်ပံ့ပေးတယ် ။
#ဂျက်လီဟာသိုင်းပညာမှ ငယ်စဉ်ထဲက ထူးချွန်ခဲ့သလို သူ့လက်ဦးဆရာတော်ကြီးကပါ အံ့သြခဲ့ရတဲ့ကလေး တယောက်ပါ ။ ၁၃နှစ်သားမှာ အလတ်တန်း သိုင်းကျမ်းစာအုပ် ၁၈ အုပ်ကို သူတတ်ခဲ့ပြီ ။ဒါက ကလေးတယောက်အဖို့ တော်တော်မလွယ်တဲ့ ကိစ္စကြီးပါ ။
ညီမဖြစ်သူကို ကျောင်းကောင်းကောင်း ပြောင်းထားချင်လို့ ဂျက်လီဟာသိုင်းသင်တန်းကခွင့်မပြုတဲ့သိုင်းပြိူင်ပွဲတွေကို ဝင်ပြိုင်ခဲ့ပါတယ် ။ သူဆုတွေရတယ် ။ ဒါကြောင့်လဲဆရာတော်ရဲ့ကြိမ်လုံးကသူ့အတွက်မိတ်ဆွေဖြစ်ခဲ့ သလို ဆရာတော်ကမနိုင်တဲ့အဆုံး သိုင်းပြကွက် ပြိုင်ပွဲတွေကို ဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါ တော့တယ် ။ သူအဲ့မှာလဲဆုတွေရတယ် ။
ဒါကြောင့်သူ့အသက်၁၅နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့နည်းပြနေရာကိုအသက်ငယ်ငယ်နဲ့ပေးအပ်ခြင်းခံခဲ့ရပါတော့တယ်။
ဒီလိုနဲ့တရက်
သူတို့ဘုန်းကြီး ကျောင်းကိုရုပ်ရှင်အဖွဲ့တွေလာရိုက်ကြတယ်။နဂိုထဲကဟာသဉာဏ်ရွှင်တဲ့ဂျက်လီကအပြေးအလွှားကြည့်ခဲ့တယ်။သူဘာဖြစ်ချင်မှန်းသူ့ကိုယ်သူမသိတဲ့ဂျက်လီဟာ ဟာသသရုပ်ဆောင်တယောက်အိမ်မက်ကိုမက်ခဲ့ပါတော့တယ်။
သူဟာသမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။ ချာလီချာပလင်နဲ့နေးမတ်ကိုအရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်ပေးဖို့ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။
ဒီအချိန်မှာဟောင်ကောင်မှာသူအရမ်းအားကျတဲ့သူတ ယောက်ကလဲလူမသိသူမသိနေရာကနေဟာသအက်ရှင်လေးတွေပါနေရပြီ။သူအားကျတဲ့သူကကတော့တခြားသူမဟုတ်ဘူး ဂျက်ကီချမ်းဆိုတဲ့ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲရှိသေးတဲ့သူပါပဲ။
#ဂျက်ကီချမ်းဆိုတာဘာကောင်မှန်းလူတွေမသိသေးခင်အတိုအစဘဝထဲကဂျက်ကီချမ်းက ဂျက်လီရဲ့ Idolတယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲ#ဂျက်လီဟာ ရုပ်ရှင်လောကထဲကိုတိုးဖို့ဆရာတော်နဲ့မိခင်အတွက်စာတစောင်ချန်ပြီး ဘုန်းကြီးကျောင်းကနေခိုးထွက်ခဲ့ပါတော့တယ်။
” အမေ သားအတွက်မစိုးရိမ်ပါနဲ့သားဘာဖြစ်ချင်လဲသိပြီအမေပြောတဲ့လူကောင်းတယောက်ဖြစ်တဲ့တနေ့အမေ့ကိုကျတော်လာရှာပါ့မယ်”
ဒီစာလေးဟာယနေ့အချိန်ထိအမေရိက ကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။သူစပြီးရောက်လာတာက ဟောင်ကောင်မြိူ့ပေါ်။သူဘာလုပ်လဲဆို ရုပ်ရှင်အဖွဲ့တခုကစက်အထမ်းသမားဒီကနေ စတန့်အစားထိုးသမားတယောက်အဖြစ်သူနေရာရလာခဲ့တယ်။
သူ့ရဲ့Talentကိုမြင်သွားတဲ့သူက သိုင်းကားတွေရိုက်တဲ့ချောင်ရှီရန်ဆိုတဲ့ ဒါရိုက်တာတယောက်။ဒီအချိန်မှာသူ့အသက်၁၇ပဲရှိသေးတယ်။ ဒီလိုနဲ့ဗီဒီယိုကား၂ကားကိုသူနဲ့ရိုက်ခဲ့တယ်။ဒါပေမယ့်ရာဇဝင်ကား။လူမသိပဲပြီးသွားတယ်။ဒါပေမယ့်ချောင်ရှီရန်ကဇွဲမလျော့ဘူး။
ဘာကြောင့်လဲဆို သူ့ကိုကန်ထုတ်လိုက်ပြီးတခြားဒါရိုက်တာတယောက်နဲ့မင်းသားတ ယောက်ကိုနေရာပေးခဲ့တဲ့ Shoungshim ဆိုတဲ့ထုတ်လုပ်ရေးကိုသူအနိုင်ရချင်တယ်။ဒါကြောင့် ဂျက်လီကိုပဲသူမင်းသားတယောက်အဖြစ်တင်ပြီး The Shaolin Temple ဆိုတဲ့ကားကိုရိုက္ခဲ့ပါတော့တယ်။
ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကား ဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအထိရခဲ့တဲ့ရှောင်လင်သိုင်းကားပါပဲ။
ဒီကားဟာဟောင်ကောင်Film ဆု၂ဆုရခဲ့သလိုဘယ်မင်းသားမှရိုက်ဖို့ငြင်းဆန်ထားတဲ့ပင်ပန်းလွန်းတဲ့သိုင်းကားပါ။ဒါပေမယ့်ဂျက်လီနဲ့ရိုက်ခဲ့ချိန်မှာတော့နာမည်ကြီးထုတ်လုပ်ရေးတွေကဟာခနဲဟင်ခနဲဖြစ်ခဲ့ရပါတယ်။
ဒီကားရိုက်တော့ဂျက်လီအသက်၁၉နှစ်ပဲရှိပါသေးတယ်။ဒီသတင်းကတရုတ်ပြည်မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြခဲ့ရပါတယ်။ဒီကားကရတဲ့ငွေနဲ့ မိခင်ဖြစ်သူကိုTV တလုံးဝယ်ပေးခဲ့သလိုအိမ်ခန်းခအကြွေးတွေကိုလဲသူဆပ်ပေးနိုင်ခဲ့ပါတယ်။
ဒီကားအပြီးမှာပဲ ချောင်ရှီရန်ကဂျက်လီကို ဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။ဂျက်လီကဟာသ မင်းသားပဲဖြစ်ချင်တာ။ဒါပေမယ့်သူရတဲ့ နေရာကနေဘယ်လိုcharacterဖြစ်ဖြစ်သရုပ်ဆောင်နိုင်ရမယ်လို့သူ့ဆရာချောင်ရှီရန်ကအမြဲဆုံးမလေ့ရှိတယ်။
” မင်းသားဖြစ်ဖို့ကလွယ်တယ် သရုပ်ဆောင်ဖြစ်ဖို့က ခက်တယ် ။ ပိုက်ဆံ+ရုပ်+ အဓိကနေရာ ဒီ ၃ ခုပေါင်းရင်မင်းသားဖြစ်နိုင် ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့ကတော့ ဒီထက်အဆ ၁၀၀ မကတဲ့အချက်တွေလိုအပ်တယ် ။ မင်းသားတွေပေါတဲ့ ခေတ်မှာသရုပ်ဆောင်တယောက်ပဲ ဖြစ်ချင်ပါသား ”
ချောင်ရှီရန်
” ဒီစကားက ကျတော်ဒီနေ့ဂျက်လီဖြစ်လာဖို့အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားကကျတော် ဟာသ အရံ ဇာတ်ပို့ဗီလိန်ဘယ်နေရာဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့အားဖြစ်စေခဲ့တယ်။ဟုတ်တယ် ကျတော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ကျတော့်မှာမင်းသားဖြစ်ဖို့အချက်တွေအစထဲကမရှိဘူး။ ဒါပေမယ့်သရုပ်ဆောင်တယောက်ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။”