အမေဇုန်တောမီးလောင်မှုအတွက် ယူရို ငွေ(၄၄) မီလီယံ လှူဒါန်းပြီ တကမ္ဘာလုံးကို ကယ်တင်လိုက်တဲ့ ရော်နယ်ဒို

အမေဇုန်တောမီးလောင်မှုအတွက် ယူရို ငွေ(၄၄) မီလီယံ လှူဒါန်းပြီ တကမ္ဘာလုံးကို ကယ်တင်လိုက်တဲ့ ရော်နယ်ဒို

ဘောလုံးချစ် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလှတဲ့ ကမ္ဘာကျော် ဘောလုံးကစားသမား တစ်ဦးဖြစ်တဲ့ Cristiano Ronaldo ဟာ လက်ရှိမှာ အသက်(၃၄) နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီနိုင်ငံသား ၊ ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး လက်ရွေးစင် ဘောလုံးကစားသမား တွေထဲမှာ တစ်ယောက် အပါအ၀င်လည်းဖြစ်ပါတယ်။

ရော်နယ်ဒို ရဲ့ တလစာ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ($64 Million) ရရှိပြီး သူ့ရဲ့ လက်ရှိ ချမ်းသာကြွယ်ဝမှု ဟာ (၂၀၁၉) ခုနှစ်ရဲ့ တင်ပြမှု အရ အမေရိကန်ဒေါ်လာ ($460 Million) ရှိပြီး ရော်နယ်ဒို လို ရုပ်ရည် ခန့်ညားပြီး ချမ်းသာတဲ့ ကမ္ဘာကျော်တစ်ယောက် အတွက် အမျိုးသမီးလေးတွေက အစ ၀ိုင်းဝိုင်းလည်နေသလို အမျိုးသားများက ပါ အားကျရသူပါ။

လက်ရှိမှာတော့ ကမ္ဘာ့ အဆုတ်ကြီးလို့ သတ်မှတ်ရတဲ့ အမေဇုန်တော မီးလောင်မှု ဟာ ရက် တပတ် အတော်ကြာအောင် ကြာမြင့်နေပြီးဖြစ်ပြီး တောရိုင်း တိရိစ္ဆာန် နဲ့တောတောင် သဘာဝ များ အများကြီး ပျက်စီးရမှု အတွက် တကမ္ဘာလုံးရဲ့ အနေအထားနဲ့ ထိခိုက်ဆုံးရှုံး ရမှုကြီးဖြစ်တာမို့ ဒီအတွက်နဲ့ ရော်နယ်ဒိုဟာ

သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲက ယူရို ငွေ (၄၄) မိလီယံနဲ့ အတူ မီးငြိမ်းသတ်ဖို့ ရေဂါလံပေါင်း (၈၀၀၀၀) ဂါလံ ၀င်ဆံ့တဲ့ ရေသယ်လေယာဉ် (၃) စီးကိုပါ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အလှူကြောင့် ကမ္ဘာ့ အမွေ အနှစ်ဖြစ်တဲ့ အမေဇုန်တောကြီးရဲ့ မီးလောင်ပျက်စီးမှုကို တဖက်တလှမ်းက အကျိုးရှိစေခဲ့သလို ရော်နယ်ဒိုဟာ သူတတ်နိုင်တဲ့ အင်အားနဲ့ ကမ္ဘာကြီးကို ကယ်တင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူးနော်…။celefamily