အကောင့်ဟက်ခံရပြီး …..သူရိယနဲ့ဆုအိမ်စံတို့ နှစ်ဦးကြား ပြောခဲ့တဲ့မက်ဆေ့စာများ ပျံနှံ့လာ……

အကောင့်ဟက်ခံရပြီး သူရိယနဲ့ဆုအိမ်စံတို့ နှစ်ဦးကြား ပြောခဲ့တဲ့မက်ဆေ့စာများ ပျံနှံ့လာ

Idol Couple လို့ ပရိသတ်တွေက သတ်မှတ်ခြင်း ခံရတဲ့ထိ လိုက်ဖက်ညီလွန်းတဲ့ မင်းသား သူရိယ နဲ့ ဆုအိမ်စံတို့ စုံတွဲလေးဟာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်ရဲ့ ၊ဖေော်ဝါရီလ(၁၄) ရက်နေ့မှာတင် နှစ်ဖက်သော မိဘများနဲ့ အတူ စေ့စပ်ခဲ့ပြီး မင်္ဂလာပွဲကိုလည်း ဒီနှစ်ရဲ့လလယ်လောက်မှာ စီစဉ်ထားတာ လည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်တပတ်က မင်းသား သူရိယ ဘက်ကနေ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တာကြောင့် ဆုဆု နဲ့ လမ်းခွဲလိုက်ပြီ လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပြီး သူရိယရဲ့ တစ်ဖက်သတ် လမ်းခွဲစကားကြောင့် နစ်နာရမှုအတွက်လည်း ဆုဆု ဘက်မှ ပြန်လည် ဖြေရှင်းခဲ့ပြန်တယ်။

 

 

 

 

 

 

 

 

 

ဆုဆုဘက်က သူရိယအပေါ် သစ္စာဖောက်ခဲ့ခြင်း တစ်စုံတရာ မရှိခဲ့သလိုလက်ထပ်ဖို့အတွက် အချိန်ဆွဲနေခဲ့တဲ့ သူရိယဟာ သူကိုယ်တိုင်ဘက်က စေ့စပ်ကြောင်းလမ်းဖျက်သိမ်းရန်ဆိုလာခဲ့ခြင်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ နစ်နာမှုများအပေါ်သူမဘက်က ဥပဒေနဲ့ အညီဖြေရှင်းမယ်လို့ လည်းဆိုထားပါတယ်။

စေ့စပ်ပွဲပျက်သွားသလို ချစ်သူရဲ့လမ်းခွဲခြင်းကိုပါ တစ်ချိန်ထဲ ကြုံတွေ့လိုက်ရတဲ့ ဆုဆုတစ်ယောက် လက်ရှိမှာ အသည်းကွဲပြီး ခံစားနေရသလို လက်ရှိမှာ နေမကောင်းဖြစ်ကာ အိပ်ယာထဲ လဲနေခဲ့ရပြီး သူမ လက်ရှိ အသုံးပြုနေတဲ့ “Hsu Eaint San “ဆိုတဲ့အကောင့်ကိုပါ ဟက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်အတွက် အကောင့်ကို အလွဲသုံးစားပြုကာ သူမရဲ့ လူမှုရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာ အချက်အလက်များမပေါက်ကြားဖို့ ဆုဆု ပရိသတ်များက ဟက်ကာကို တောင်းပန်ခဲ့ကြပြီး အမှန်တရားကို ချပြချင်တယ် ဆိုတဲ့ ကက်ကာက ဆုဆုရဲ့ အကောင့်ကနေ သူရိယ နဲ့ ချစ်သူနှစ်ကိုယ်ကြား မက်ဆေ့စာများကို Screenshot ရယူကာ လူမှုကွန်ရက်စာမျက်နှာမှာ ချပြခဲ့တာလည်းဖြစ်ပါတယ်။

စာအများအရ ဆုဆုဘက်မှ သူမအပေါ်ခံစားချက်များပြောင်းလဲနေတဲ့ သူရိယအပေါ် တောင်းပန်ခဲ့ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့မှာကြားရင်း သူမဘက်ကချည်း စာတွေ ပို့ထားတာ ပဲဖြစ်ပါတယ်။

Source : Cele Gabar