စုထားတဲ့လစာ​လေးနဲ့ ဖုန်း​လေး​တောင်​ ကိုင်​မသွားရရှာတဲ့ ဝမ်းနည်းဖွယ်​ အမိ​မြေမှ​ စစ်​သည်​​တော်​​လေး တစ်​​ယောက်​ အိုက်မောင်

စုထားတဲ့လစာ​လေးနဲ့ oppo ဖုန်း​လေး​တောင်​ ကိုင်​မသွားရရှာတဲ့ ဝမ်းနည်းဖွယ်​ အမိ​မြေမှာ သား​ကောင်းစစ်​သည်​​တော်​​လေး တစ်​​ယောက်​အိုက်မောင် ……..

အိုက်​​မောင်

လားရှိုးမြို့
တအောင်ဝ်း လူမျိုး တစ်ဦးဖြစ်တယ် အသက်ကြီးမှ တပ်မတော်ထဲ ၀င်လာတော့ အသက် ၃၀ အထိ ရဲဘော်ကြီးပေါ့ ။ ဒါပေမယ့် ရှမ်းမြောက်တစ်ဂွင် စစ်ဆင်ရေး တိုင်းမှာ တကယ့် အားကိုးရတဲ့ စစ်သည်တစ်ယောက်ဖြစ်ခဲ့တယ်။ အားနည်းချက်က အရက်ကြိုက်တယ် မိန်းမ မရှိ လူပျိုဆိုပေမယ့် လစာ က စုမိတယ်မရှိ။ ဒီတစ်ခေါက် စစ်ဆင်ရေးက အရေးကြီးတယ် တကယ့် ဖိုက်ရမယ့် အခြေအနေ ။ ထူးဆန်းတာက အခု စစ်ဆင်ရေး မှာ လစာ အကုန် စုနေတာပဲ။ ဘယ်လောက်စုလဲဆို အရက်တောင် သူများတိုက်မှ သောက်လေရဲ့။ နောက်ဆုးံ သွားတိုက်တံ သွားတိုက်ဆေးကအစ သူများ နားက ကပ်သုးံနေတာ ။ ဒီတော့ ဆုမိတာပေါ့ ။ စုနိုင် မှ ချမ်းသာမှာကိုးဗျ။ pay အဖွဲ့ရောက်ရင်များ သူနဲ့ မဆိုင်သလိုပဲ သူစိမ်းဆန်နေတတ်တယ် ဒါလဲ အထူးအဆန်းမဟုတ်တော့ဘူး။

ထူးဆန်းတာက ကျုပ် အားရင် စစ်သည်တွေနဲ့ ခနတဖြုတ် စကားပြော စပ်စုတဲ့အကျင့်က ဒုဗိုလ်ဘ၀ထဲကပဲ ပါလာတာ။ ဒါနဲ့ အိုက်မောင်ရီး ပိုက်ဆံတွေ စုနေတယ်ဆိုကွ မိန်းမ တောင်းပေးရတော့မလားဟေ့ နိုး အိုက်မောင် မိန်းမ စိတ်မ၀င်စားဘူး သူစိတ်ဝင်စားတာက အဆိုတော် မျိုးကြီးဗျ ဟာ ဆောရီး အဆိုတော် မျိုးကြီး ကြော်ငြာတဲ့ အိုပို ဆိုလား အဲ အာ့ ကို စိတ်ဝင် စား နေတာ အဘရယ် သားကို ၀ယ်ပေးပါနော် မျိုးကြီး လက်ညှိုးနှစ်ချောင်းထောင်ဖုန်းလေး ၀ယ်ပေးပါ အဘရယ် မလောက်ရင် အဘ စိုက်ထားပေးပါဗျာ ကျန်တာ ကျနော့ လစာထဲက ဖြတ်ပါ။ အဲ့ဖုန်းလေးရရင်တော်ပါပြီ တဲ့ ။

မြန်​မာ့တပ်​မ​တော်
အမှန်က သူစု ထားတာ ခြောက်သိန်း ကျော်နေပြီဗျ ။ ဒါပေမယ့် သူလိုချင်တဲ့ ဖုန်းလေး ရမသွားရှာဘူး ။ သူတိုက်ပွဲ တစ်ခုမှာ ကျ ဆုးံ သွားရှာတယ် ဗျာ ။

Credit- အမိမြေ မှ သား