မိုးဇလ ဦးထွန်းလွင်ရဲ့ သမီးလေး စွမ်းရည်

ဒီလောက်စွမ်းရည်ရှိတဲ့ မြန်မာသမီးငယ်လေး တစ်ယောက်ကို တွေ့ရ သိရတာ နိုင်ငံအတွက် အားရှိလိုက်တာ။

ဒီလိုစွမ်းရည်ရှိတဲ့ သားငယ် သမီးငယ်တွေ အများကြီးပေါ်ထွန်းပါစေ…အဲဒီစွမ်းရည်ရှိတဲ့ သမီးငယ်လေးနံမည်က “စွမ်းရည်“တဲ့။ဲ

မြန်မာပြည်က ၄ တန်းကျောင်းသူ “စွမ်း”…. စင်္ကာပူကို မိခင်နဲ့အတူလာလည်ရင်း …. ခဏတည်းတဲ့အိမ်က အိမ်ရှင် ကလေးလေးတွေနေတဲ့ ရပ်ကွက်ထဲက အစိုးရကျောင်းမှာ primary (4) ( Grade 4) အတွက် ၀င်ခွင့်စာမေးဝင်ဖြေကြည့်ရာ …. သူ့အဖြေတွေကို အဲဒီကျောင်းက သဘောကျပြီး တစ်တန်းကျော်ကာ primary (5) မှာ ၀င်ခွင့်ပေးလိုက်တဲ့အတွက် … စင်္ကာပူမှာ ကျောင်းနေဖြစ်သွားသတဲ့။

သူများတိုင်းပြည်မှာ သမီးငယ်လေးကျောင်းတက်မှာမို့ မိခင်မှာ ကျန်တဲ့ သားငယ်သမီးငယ် ခင်ပွန်းတို့ကိုထားခဲ့ပြီး သမီးကို လိုက်စောင့်ရှောက်ရသတဲ့။ “စွမ်း”လေးက အားနာပြီး အမေ..ရန်ကုန် အဖေ့ဆီပြန်ပါ… သမီးကို အမေ့မိတ်ဆွေအိမ် တစ်အိမ်အိမ်မှာသာထားခဲ့။ သမီးနေတတ်ပါတယ်။ ပညာရေးအတွက် သမီးဖြစ်အောင်နေမယ်လို့ အမေကိုပြတ်ပြတ်သားသားပြောသတဲ့။ တစ်ကယ်လည်း “စွမ်း”လေးဟာ လိမ္မာပြီးနေတတ်တော့ နေလေရာမှာ အဆင်ပြေသတဲ့။

“စွမ်း” လေးက သိပ်ဇွဲရှိပြီး လုပ်သင့်တာကိုသိ၊ သိတဲ့အတိုင်းလည်းလုပ်နိုင်တဲ့ ကလေး။ “စွမ်း”ငယ်ငယ်က သိပ်“၀”တာ။ “၀”တာမှ ကစ်နေပြီး လက်ကောက်ဝတ်လေးတွေတောင် မမြင်ရဘူးတဲ့။ စင်္ကာပူကျောင်းတွေက obesity ပြဿနာ ကို အလေးထား ပညာပေး ပရိုဂရမ်တွေတစ်စိုက်မတ်မတ်လုပ်တာက တစ်ကြောင်း၊ ဆယ်ကျော်သက်နီးပါး သမီးငယ်ရဲ့ ပတ်ဝန်းကျင် peer pressure ကြောင့်တစ်ကြောင်း ဖြစ်မယ်ထင်တယ်…. “စွမ်း” ၀ိတ်လျှော့တော့တာဘဲ။ မစားသင့်တဲ့ အစာကို မစားသင့်တဲ့အချိန်မှာ မစားသင့်သလောက် မစားကိုမစားဘူး။ ခြောက်လွှာမှာရှိတဲ့ အိမ်ခန်းကိုပြန်ရင်လည်း လှေကားနဲ့ဘဲ တက်တယ်…ဆင်းတယ်။ တစ်နှစ်အတွင်း “စွမ်း”ပိန်သွားတာ…. အခုဆိုရင် ၂၀ ကျော်သက် “စွမ်း” က … အရမ်းလှ ။

“စွမ်း“ လိမ္မာကြောင်း၊ ဇွဲရှိကြောင်း၊ ဥာဏ်ရှိကြောင်းပြောပြတာပါ။ Physically အောင်မြင်တာတွင်မက… Academically လည်းအောင်မြင်လိုက်သမှ…..PSLE အောင်တော့… စလုံးတွေတောင် အိပ်မက်မက်ယူရတဲ့ Raffle Girls’ School (RGS) ကို ၀င်ခွင့်ရသတဲ့။ စင်္ကာပူမှာတောင် လူ့မလိုင်တွေမှ ၀င်နိုင်တဲ့ကျောင်း။ “စွမ်း” RGS ၀င်ခွင့်ရသွားတော့ စွမ်းနေခဲ့တဲ့ neighbourhood Primary School က ဂုဏ်ယူလို့ မဆုံးဘူးတဲ့။

RGS မှာ year (4) ပြီးတော့ စင်္ကာပူရဲ့The most prestige Junior College ဖြစ်တဲ့ Raffles Institution မှာတက်နေရင်း… ရှေးရိုးဆန်နေတာလေးတွေ ကျန်ရှိနေသေးတဲ့ Singapore Education System က ရုန်းထွက်ချင်လာတယ်။ အတန်းဖော် လူ့မလိုင်လေးတွေဟာ အမှတ်တွေကောင်းဖို့ အပြိုင်အဆိုင်ကြိုးစားကြရင်း University ကောင်းကောင်းတွေဝင်ဖို့သာ အာရုံစိုက်ကာ စာသင်ခန်းအပြင်ဘက်က လောကကြီးကိုမေ့နေကြတယ်၊ စာအုပ်ထဲက ပညာတွေကို apply လုပ်ဖို့ သတိမရကြဘူး။ “စွမ်း” ကတော့ out of the box ကို ကြည့်ချင် မြင်ချင် တွေးချင်တာကြောင့် prestige RI ကိုစွန့်လွှတ်ပြီး အမေရိကားက University တွေကို ၀င်ခွင့်လှမ်းလျှောက်တာ တက်ခွင့်ရသွားတယ်။

ဘယ် University လဲ သိလား………. “ University of California Berkeley”……. OMG! ဘယ်ဘာသာယူလဲ သိလား….. “Landscape Architecture”……. Interesting ! “စွမ်း” ကိုယ်တိုင်က artist လေ… ပန်းချီလည်းဆွဲတယ်။

“UC Berkeley” က ဘွဲ့ ရပြီးတော့ ဘယ်လို ဘ၀ခရီးဆက်လဲ သိလား….. မြန်မာပြည်ပြန်လာတယ်။ ဘာလုပ်လဲ သိလား….. “ဒို့အိမ်” Project လုပ်နေတယ်။

နယ်သာလင်နိုင်ငံဖွား UC Berkeleyဘွဲ့ရ တဦးက ပန်းချီလည်းဆွဲတတ်တဲ့..Lanscape architect လည်းဖြစ်တဲ့… “စွမ်း”ရဲ့ “စွမ်းရည်”ကို တွေ့ရှိပြီး … “ဒို့အိမ်”placemaking project တွေမှာ လက်တွဲလုပ်ဖို့ဖိတ်ခေါ်ခဲ့တယ်။

“ဒို့အိမ်” Alley Garden Project ဆိုတာ ရန်ကုန်မှာ နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းသုတ်သင်ပြီး လှပအောင် တိုက်နံရံတွေမှာလည်း ပန်းချီဆွဲတယ်… စသည်ဖြင့် heritage conservation and urban renewal နဲ့တွဲလုပ်နေတာလေ။ “စွမ်း”နဲ့တော့ အကိုက်ဘဲ။ အောင်မြင်တဲ့ လမ်းလေးတွေလည်းရှိတယ်။ မအောင်မြင်တဲ့လမ်းလေးတွေလည်းရှိတယ်။ ရှင်းပြီးသားလမ်းလေးတွေကို မထိန်းသိမ်းရင် ပြန်ရှုပ်ပြီး မအောင်မြင်တော့ဘူးပေါ့။

အခုနောက်ပိုင်းမှာတော့ ရှင်းထားတာလေးတွေ ရေရှည်တည်တံ့ဖို့ (sustainability)အတွက် အိမ်ရှင် (residents) တွေကိုပါ ပါဝင်လှုပ်ရှားခိုင်းပြီး တာဝန်ယူခိုင်းကြတယ်။ ဒါမှ ဆက်လက်ထိန်းသိမ်း အောင်မြင်နိုင်မယ်မဟုတ်လား။ ကိုယ့်လမ်းကို ကိုယ်ပါဝင်ထိန်းသိမ်းမှ သာယာတဲ့လမ်းလေးဟာ တည်မြဲသလို .. ကိုယ့်တိုင်းပြည် ကိုယ်ပါဝင်ထိန်းသိမ်းမှ သာယာတဲ့တိုင်းပြည် တည်မြဲမှာ မဟုတ်ပါလား။

လူ့ အဖိုးတန် သမီးလေးပါ…

“စွမ်း” ရဲ့ စွမ်းရည်က ဒီမှာ မရပ်သေးဘူး။ Master ဘွဲ့ ဆက်တက်ဦးမယ်။ B.A ဘွဲ့နဲ့ ဒီလောက်ဘဲ တိုင်းပြည်ကို အကျိုးပြုလို့ရမယ်…. M.Aဘွဲ့နဲ့ဆိုရင် ဟိုလောက်ကြီး အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်မယ် ယုံကြည်လို့တဲ့။ ကဲ… ကြည့်စမ်း …. ဘယ်လောက် စွမ်းရည်ရှိသလဲလို့။

ဒီ အကြောင်းကို ပြောပြတာ ဘယ်သူလဲသိလား… ဟိုတစ်ခါ အောက်စဖို့ဒ်ဆရာတော်ဟောလိုက်တဲ့ ရောဂါနဲ့ ကံ၊စိတ်၊ဥတု၊အဟာရ တရားပြောပြတဲ့ မကြီးကြူပေါ့။ မကြီးကြူလာလည်တော့ ကော်ဖီသောက်ရင်းပြောဖြစ်ကြတာ။

“စွမ်း” က သူ့တူမလေးပါတဲ့။ သူ့အမ မမူနဲ့ အန်ကယ် ဦးထွန်းလွင်တို့ရဲ့ သမီးပါတဲ့။ ဟင်… ဘယ်လို… ဘယ်လို… !!!

မကြီးကြူ အမ မမူက မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် .. ဟို နံမည်ကြီးတဲ့ ဦးထွန်းလွင်ကြီးနဲ့က ဇနီးမောင်နှံ.. ဟုတ်လား ??

မကြီးကြူကလည်း.. တစ်ခါမှ မပြောပြဖူးဘူးတော့…ဒါဆိုရင် “စွမ်း” က အန်ကယ်ဦးထွန်းလွင်ရဲ့ သမီးပေါ့။

ဟုတ်ပါတယ်ရှင်… အန်ကယ်ဦးထွန်းလွင်ရဲ့ သမီး “စွမ်းရည်ထွန်းလွင်” ပါတဲ့….ဟယ်… မကြီးကြူရယ်….

သမီးက ဒီလောက်တော်တာ… အန်ကယ်ဦးထွန်းလွင်ကြီးက မကြွားဘူးလားဟယ်….

အန်ကယ်ရေ… အန်ကယ့်သမီး “စွမ်း” ဘယ်လောက် “စွမ်းရည်”ရှိကြောင်း တလောကလုံးကို ကြွားလိုက်စမ်းပါ..အန်ကယ်ရာ….

“စွမ်း” တိုင်းပြည်အကျိုးပြု ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ…..

“စွမ်း”လို “စွမ်းရည်”ရှိတဲ့လူငယ်များစွာပေါ်ပေါက်ပါစေ….အနာဂတ်မှာ “စွမ်းရည်”ရှိတဲ့ နိုင်ငံတော်ကြီးဖြစ်ပါစေ….

ဆက်ပြောရဦးမယ်…

အကြောင်းအကျိုးတွေ တိုက်ဆိုင်တော့ “စွမ်း”နဲ့ စကားပြောခွင့်ရခဲ့တယ်။ “စွမ်း” က RGS 140 homecoming memorable event လာတက်တာလေ။

“စွမ်း” ကိုမေးကြည့်တယ်….. ဘာလို့ Lanscape Architecture ကိုမှ စိတ်ဝင်စားတာလဲလို့။

“စွမ်း” က ပထ၀ီ၊ သဘာဝပတ်ဝန်းကျင်တွေနဲ့ ပတ်သက်တာတွေမှန်သမျှ အကုန်စိတ်ဝင်စားတယ်တဲ့။

“စွမ်း” RGS ကျောင်းပိတ်ချိန်တွေ မြန်မာပြည်ပြန်တဲ့အခါ.. အန်ကယ်ဦးထွန်းလွင် education talk ပေးရာမြို့တွေ တောရွာတွေကို လိုက်သွားတယ်။ နေပူတယ်၊ မိုးရွာတယ် စသည်ဖြင့် စာအုပ်ထဲမှာ သင်ရတဲ့ ရာသီဥတုတွေဟာ စပါးရိတ်သိမ်းမည့် လယ်သမားကြီးတွေ၊ ပြောင်းစိုက်မည့်ယာသမားကြီးတွေရဲ့ ဘ၀ကို ဘယ်လောက်တောင်ထိခိုက်တယ်၊ ဘယ်လောက်တောင် အကျိုးပေးတယ်ဆိုတာတွေ တွေ့ရ မြင်ရ သိလာရတော့…. “ဟင်…the world is so big. Real life is much bigger than the book”လို့ စာအုပ်လောက ကလေးကနေထွက်ပြီး တကယ့်လက်တွေ့လောကကြီးကို မြင်လာတယ်။ It striked her !!

အဖေ့ gene အဖေ့ interest အဖေ့ပညာတွေရဲ့ influence ပေါ့။ အခုထိလည်း အဖေလိုချင်တဲ့ data တွေ၊ facts တွေကို “စွမ်း” ကရှာပေးနေတာတဲ့။ အန်ကယ့်မှာ လိုအပ်တဲ့ computer ပိုင်းမှန်သမျှကို ကူညီပေးနေတဲ့ software engineer သားတစ်ယောက်လည်းရှိသေးတယ်တဲ့။ အိုး… ဒါကြောင့် အန်ကယ်ဦးထွန်းလွင်ကြီး ဒီနေ့အထိ UptoDate ဖြစ်နေတာကိုး…. cool !

“စွမ်း”ဟာ သူတတ်တဲ့ Landscape Architecture က very niche area မို့ … ဘွဲ့လွန်အတွေ့အကြုံတွေ လေ့လာတိုးတက်ဖို့အတွက် မြန်မာပြည်နဲ့ သဘာဝပတ်ဝန်းကျင်ဆင်တူတဲ့ အာရှနိုင်ငံတစ်ခုခုမှာ (ဒီတစ်ခါတော့ အမေရိကား မသွားတော့ဘဲ) ဘွဲ့လွန်တက်ရင်း ၊ လုပ်ငန်းအတွေ့အကြုံတွေလည်းယူရင်း ကိုယ့်အရည်အချင်းတွေ တိုးတက်လာပြီးမှ အိမ်ပြန်လာတော့မယ်တဲ့။

“စွမ်း” ရဲ့ အရည်အချင်း နောက်တစ်ခုက .. မြန်မာစာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး မြန်မာယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးနားလည်တာပါဘဲ။ “စွမ်း” အမေရဲ့ တစိုက်မတ်မတ် မြန်မာစာသင်ပေးတာ.. သံရုံးမှာမြန်မာစာမေးပွဲတွေဖြေခိုင်းတာ၊ အိမ်မှာမြန်မာလိုဘဲပြောတာ တွေကြောင့်ပေါ့။ တော်ပါပေ့ မမူရယ်။ UC Berkeley မြန်မာစာသင်တန်းမှာတောင် “စွမ်း” ၀ိုင်းကူခဲ့သေးတယ်တဲ့။

တကယ်တော့ “စွမ်း” လို လူငယ်လေးတွေဟာ “မြန်မာ” ကို “ကမ္ဘာ”နဲ့ ဆက်သွယ်ပေးနေမည့် ပေါင်းကူးတံတားလေးတွေပါ…

“စွမ်း” စွမ်းရည်တွေ မြင့်သည်ထက်မြင့်ပြီး မြန်မာနိုင်ငံမှာ မြို့လှလှလေးတွေ အများကြီးတည်ဆောက်နိုင်ပါစေ…

“စွမ်း” အိပ်မက်လေးတွေ မဝေးတော့တဲ့ အနာဂတ်မှာအကောင်အထည်ပေါ်လာပါစေ…

အကြောင်းအကျိုးတိုက်ဆိုင်လို့ “စွမ်း”ကို သိရလို့ “စွမ်း”အကြောင်းရေးတာပါ။ “စွမ်း”လို အနာဂတ်အတွက် လူငယ်တွေ သူ့ကျွမ်းကျင်မှု သူ့ talent နဲ့သူ အများကြီးရှိကြတယ်လို့ ယုံကြည်ပါတယ်… အားရှိပါတယ်…. အားတက်ပါတယ်…. အနာဂတ်အတွက်……

ဒေါက်တာမော်