ပန္းလိႈင္စီလံုေဆးရံုအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ေဆးကုသေရးအဖြဲ႕၏ ထုတ္ျပန္ေၾကျငာခ်က္

ရက္စြဲ ။ ။ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္

ပန္းလိႈင္စီလံုေဆးရံုအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ေဆးကုသေရးအဖြဲ႕၏ ထုတ္ျပန္ေၾကျငာခ်က္

ပန္းလိႈင္စီလံုေဆးရံုအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ေဆးကုသေရးအဖြဲ႕အေနျဖင့္ ေထာက္ထားစာနာမႈ၊ ၀မ္းနည္းမႈမ်ားႏွင့္ အတူ ေအာက္ပါေၾကျငာခ်က္ကို ထုတ္ျပန္လိုက္ပါသည္။

ပန္းလိႈင္စီလံုေဆးရံု (မႏၱေလး)တြင္ ခြဲစိတ္ကုသမႈျပဳလုပ္ေနစဥ္အတြင္း မေမွ်ာ္လင့္ေသာ ေဆးကုသမႈျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့ပါသည္။ ၄င္းျဖစ္စဥ္သည္ ၾကိဳတင္မသိျမင္ႏိုင္ေသာ၊ ကာကြယ္၍မရႏိုင္သည့္ ျဖစ္ေတာင့္ျဖစ္ခဲ ျဖစ္စဥ္တစ္ခု ျဖစ္ပါသည္။

ေဆးကုသမႈဆိုင္ရာ ဆရာ၀န္၊ ဆရာမမ်ားမွ လိုအပ္ေသာ ေဆးကုသေရးဆိုင္ရာ လုပ္ေဆာင္ခ်က္အဆင့္ဆင့္ကို အစြမ္းကုန္ လုပ္ေဆာင္ေပးခဲ့ေသာ္လည္း မေမွ်ာ္လင့္ထားေသာ ရလဒ္ကို ရရွိခဲ့ပါသည္။

၄င္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဆးပညာ ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ားႏွင့္အတူ ေဆးပညာကုသမႈအဆင့္ဆင့္အေပၚ ၄င္းတို႔၏ထင္ျမင္ယူဆခ်က္၊ သံုးသပ္ခ်က္မ်ား ရယူခဲ့ ပါသည္။

ေဆးကုသမႈဆိုင္ရာ ေရာဂါလိုအပ္ခ်က္အရ ခြဲစိတ္ခဲ့ျပီး ကုသမႈအဆင့္ဆင့္ကိုလည္း ေဆးပညာဆိုင္ရာ လုပ္ထံုး လုပ္နည္းမ်ားႏွင့္အညီ ကုသမႈအဖြဲ႕မွ လုပ္ေဆာင္ေပးခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။

၄င္းျဖစ္စဥ္ႏွင့္ပတ္သက္၍ လူမႈကြန္ယက္စာမ်က္ႏွာမ်ားႏွင့္ သတင္းမီဒီယာမ်ားတြင္ ေရးသားေဖာ္ျပေနမႈမ်ား အား ေဆးရံုအေနျဖင့္ ေဆးကုသမႈဆိုင္ရာႏွင့္ လူနာ၏အခ်က္အလက္မ်ားကို ေစာင့္ထိန္းအပ္ေသာ က်င့္၀တ္အရ လူမႈကြန္ယက္ မ်ားေပၚတြင္ တစံုတရာ ျပန္လည္ေျဖရွင္းျခင္းျပဳလုပ္မည္ မဟုတ္ပါ။

လူမႈကြန္ယက္မ်ားတြင္လည္း မွန္ကန္ ျပည့္စံု ခိုင္မာမႈမရွိဘဲ ေရးသားေဖာ္ျပေနျခင္းမ်ားကိုလည္း မျပဳလုပ္ရန္ တိုက္တြန္းအပ္ပါသည္။ ထိုသို႔ ေရးသားေဖၚျပမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနပါက တည္ဆဲဥပေဒ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ အညီ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္။

ေဆးရံုႏွင့္ေဆးကုသမႈအဖြဲ႕မွလည္း မိသားစု၀င္မ်ားႏွင့္ထပ္တူထပ္မွ် ၀မ္းနည္းေၾကကြဲရပါသည္။

ေဆးရံုအုပ္ခ်ဳပ္ေရးအဖြဲ႕ ပန္းလိႈင္စီလံုေဆးရံု

unicode version

ရက်စွဲ ။ ။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်

ပန်းလှိုင်စီလုံဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆေးကုသရေးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်

ပန်းလှိုင်စီလုံဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့်ဆေးကုသရေးအဖွဲ့အနေဖြင့် ထောက်ထားစာနာမှု၊ ဝမ်းနည်းမှုများနှင့် အတူ အောက်ပါကြေငြာချက်ကို ထုတ်ပြန်လိုက်ပါသည်။

ပန်းလှိုင်စီလုံဆေးရုံ (မန္တလေး)တွင် ခွဲစိတ်ကုသမှုပြုလုပ်နေစဉ်အတွင်း မမျှော်လင့်သော ဆေးကုသမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါသည်။

၄င်းဖြစ်စဉ်သည် ကြိုတင်မသိမြင်နိုင်သော၊ ကာကွယ်၍မရနိုင်သည့် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဆေးကုသမှုဆိုင်ရာ ဆရာဝန်၊ ဆရာမများမှ လိုအပ်သော ဆေးကုသရေးဆိုင်ရာ လုပ်ဆောင်ချက်အဆင့်ဆင့်ကို အစွမ်းကုန် လုပ်ဆောင်ပေးခဲ့သော်လည်း မမျှော်လင့်ထားသော ရလဒ်ကို ရရှိခဲ့ပါသည်။

၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆေးပညာ ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆေးပညာကုသမှုအဆင့်ဆင့်အပေါ် ၄င်းတို့၏ထင်မြင်ယူဆချက်၊ သုံးသပ်ချက်များ ရယူခဲ့ ပါသည်။

ဆေးကုသမှုဆိုင်ရာ ရောဂါလိုအပ်ချက်အရ ခွဲစိတ်ခဲ့ပြီး ကုသမှုအဆင့်ဆင့်ကိုလည်း ဆေးပညာဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကုသမှုအဖွဲ့မှ လုပ်ဆောင်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများနှင့် သတင်းမီဒီယာများတွင် ရေးသားဖော်ပြနေမှုများ အား ဆေးရုံအနေဖြင့် ဆေးကုသမှုဆိုင်ရာနှင့် လူနာ၏အချက်အလက်များကို စောင့်ထိန်းအပ်သော ကျင့်ဝတ်အရ လူမှုကွန်ယက် များပေါ်တွင် တစုံတရာ ပြန်လည်ဖြေရှင်းခြင်းပြုလုပ်မည် မဟုတ်ပါ။

လူမှုကွန်ယက်များတွင်လည်း မှန်ကန် ပြည့်စုံ ခိုင်မာမှုမရှိဘဲ ရေးသားဖော်ပြနေခြင်းများကိုလည်း မပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်။

ထိုသို့ ရေးသားဖေါ်ပြမှုများကို ဆက်လက်လုပ်ဆောင်နေပါက တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဆေးရုံနှင့်ဆေးကုသမှုအဖွဲ့မှလည်း မိသားစုဝင်များနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ပန်းလှိုင်စီလုံဆေးရုံ