စီးပွားရေး အခြေနေကြောင့် ညတိုင်း မျက်ရည်ကျနေရတယ်ဆိုတဲ့ ဇေကမ္ဘာဦးခင်ရွှေ
စီးပွားရေးကြောင့် ညစဉ်ညတိုင်း မျက်ရည်ကျရတယ်ဆိဲိုတဲ့ ဇေကမ္ဘာဦးခင်ရွှေ
မျက်ရည်ကျနေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရှိနေတဲ့အကြောင်း ဦးခင်ရွှေ ထုတ်ဖော်ပြောကြား
ဒီကနေ့ ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၊ဘဏ်လုပ်ငန်းရှင်အချို့၊ကန်ထရိုက်တာလုပ်ငန်းရှင်အချို့၊မွေးမြူရေးလုပ်ငန်းရှင်အချို့၊ဟိုတယ်လုပ်ငန်းရှင်အချို့ တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဆိုတဲ့ အသင်းဖွဲ့စည်းကြောင်း ကြေညာစဉ် သူက အခုစကားကို ထည့်ပြောခဲ့တာပါ။
သူက သူအခု ကြုံတွေ့နေရတဲ့အခြေအနေက မခံစားနိုင်အောင် ဖြစ်နေတယ်လို့ ပြောပြီး ည ၁၂နာရီ၊၁ချက် ကျော်တဲ့အထိ မအိပ်နိုင်ဘဲ တရားခွေ ဖွင့်ကာ မျက်ရည်ကျရတယ်လို့ ဦးခင်ရွှေကဆက်ပြောပါတယ်။
လက်ရှိ နိုင်ငံအနေနဲ့ သိပ်ပြီးမကြီးပွားမတိုးတက်ရခြင်းဆိုတဲ့ အကြောင်း ရင်းထဲမှာ မုဒိတာလို့ ခေါ်တဲ့ သူတစ်ပါးကောင်းစားတာကို ဝမ်းသာမပေးတဲ့ စိတ်နည်းကြတာ၊သူတစ်ပါး ကို အပြစ်ရှာနေပြီး အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်ကြတာတွေ ပါတယ်လို့ ဦးခင်ရွှေက မှတ်ချက်စကားပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အများက ခရိုနီ လို့ ခေါ်ခံနေကြရတဲ့ သူဌေးတွေရဲ့ ပိုင်ဆိုင်မှုကို ပေါင်း၊အိမ်နီးချင်း နိုင်ငံက နာမည်ကြီးသူဌေး တစ်ယောက် နဲ့ ယှဉ်၊မြန်မာရဲ့ ပိုင်ဆိုင်မှု က နည်းတယ်လို့ သူက ပြောပါတယ်။
“များမှာကတော့ အကြွေးပါ”လို့ ဦးခင်ရွှေက ပြောပါတယ်။
ခရက်ဒစ် – People Power
ZN.H 🇦🇺
Unicode
စီးပွားရေးကြောင့် ညစဉ်ညတိိုင်း မျက်ရည်ကျရတယ်ဆိဲိုတဲ့ ဇေကမ္ဘာဦးခင််ရွှေ
မျက််ရည်ကျနေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရှိနေတဲ့အကြောင််း ဦးခင်ရွှေ ထုတ်ဖော်ပြောကြား
ရန်ကုန်၊ သြဂုတ််၂၂ရက် – သူအပါအဝင် မျက်ရည်တောက်တောက်ကျရတဲ့ အထိ စီးပွားရေး အခက်အခဲတွေ ရှိနေကြတဲ့ လုပ်ငန်းရှင်တွေရှိနေကြတယ်လို့်ိ ဦးခင််ရွှေ က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ မျက်ရည်ကျရတာက ညစဉ် ညတိုင်း ပါလို့ ဦးခင်ရွှေ က ပြောပါတယ်။
ဒီကနေ့ ရန်ကုုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၊ဘဏ်လုပ်ငန်းရှင်အချို့၊ကန်ထရိုက်တာလုပ်ငန်းရှင်အချို့၊မွေးမြူရေးလုပ်ငန်းရှင်အချို့၊ဟိုတယ်လုပ်ငန်းရှှင်အချို့ တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဆိုတဲ့ အသင်းဖွဲ့စည်းကြောင်း ကြေညာစဉ် သူက အခုစကားကို ထည့်ပြောခဲ့တာပါ။
သူက သူအခု ကြုံတွေ့နေရတဲ့အခြေအနေက မခံစားနိိုင်အောင် ဖြစ်နေတယ်လို့ ပြောပြီး ည ၁၂နာရီ၊၁ချက် ကျော်တဲ့အထိ မအိပ််နိုင်ဘဲ တရားခွေ ဖွင့်ကာ မျက်ရည်ကျရတယ်လို့ ဦးခင်ရွှေကဆက်ပြောပါတယ်။
“မျက်ရည်ကျရတာက လွဲရင်် ကျန်တာမရှိဘူး”လို့ သူက ထပ်လောင်းဆိုပါတယ်။ စီးပွားရေးနဲ့ ပါတ်သတ်ပြီး မျက်ရည်ကျနေကြတာက သူတစ်ယောက်ထဲ မဟုတ်ဘဲ ထုတ်မပြောဘဲ မျက်ရည်ကျနေကြသူတွေ အများကြီးဘဲလို့ လည်း သူက ထပ်လောင်းပြောခဲ့ပါသေးတယ်။
ဦးခင််ရွှေက သူဟာ ခရိုနီ မဟုတ်ဘူး။မြေသိမ်းခဲ့တဲ့သူမဟုတ်ဘူး။ကားပါမစ် လုပ်ခဲ့တာမဟုတ်ဘူး။ မြေ ၁ လက်မသိမ်းခဲ့ရင်၊ ကားပါမစ် တစ်စောင်ရခဲ့ရင် တရားစွဲပါလို့ပြောပါတယ်။
လက်ရှိိ နိုင်ငံအနေနဲ့ သိပ်ပြီးမကြီးပွားမတိုးတက်ရခြင်းဆိုတဲ့ အကြောင်း ရင်းထဲမှာ မုဒိတာလို့ ခေါ်တဲ့ သူတစ်ပါးကောင်းစားတာကိို ဝမ်းသာမပေးတဲ့ စိတ်နည်းကြတာ၊သူတစ်ပါး ကို အပြစ်ရှာနေပြီး အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်ကြတာတွေ ပါတယ်လို့ ဦးခင်ရွှေက မှတ်ချက်စကားပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှှာ အများက ခရိုနီ လို့ ခေါ်ခံနေကြရတဲ့ သူဌေးတွေရဲ့ ပိုင်ဆိုင်မှုကို ပေါင်း၊အိမ်နီးချင်း နိုင်ငံက နာမည်ကြီးသူဌေး တစ််ယောက် နဲ့ ယှဉ်၊မြန်မာရဲ့ ပိုင်ဆိုင်မှု က နည်းတယ်လို့ သူက ပြောပါတယ်။
“များမှာကတော့ အကြွေးပါ”လိို့ ဦးခင််ရွှေက ပြောပါတယ်။
ခရက်ဒစ်် – People Power
ZN.H 🇦🇺