ကွတ်ခိုင်တွင် ပိတ်မိနေသော အမေရိကန်နိုင်ငံသားအချို့ကို တပ်ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်

ကွတ်ခိုင်တွင် ပိတ်မိနေသော အမေရိကန်နိုင်ငံသားအချို့ကို တပ်ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲများကြောင့် ကွတ်ခိုင်တွင်ပိတ်မိနေသော နိုင်ငံခြားသား ၂၈ ဦးအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက သယ်ထုတ်လာခဲ့ပြီး နံနက် ၁၀း၃၀ နာရီတွင် လားရှိုးလေဆိပ်သို့ ရောက်ရှိခဲ့သည်။

၎င်းတို့အား ရန်ကုန်မြို့သို့ မည်သည့်လေကြောင်းအစီအစဉ်ဖြင့်ပို့ဆောင်ပေးရမည်ကို ဆွေးနွေးခဲ့ကြပြီးနောက် တပ်မတော်ရဟတ်ယာဉ်ဖြင့်သာဆက်လက်ပို့ဆောင်ရန်ဆုံးဖြတ်ခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများတွင် အမေရိကန် နိုင်ငံသားခံယူထားသော ထိုင်ဝမ်းလူမျိုးအချို့ ကအများစုဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှတဆင့် ကွတ်ခိုင်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

ကွတ်ခိုင်- သိန္နီလမ်းပိုင်းတွင် တပ်မတော်နှင့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် လမ်းခရီးအခြေအနေ စိတ်မချရသည့်အတွက် သံရုံးများကနေတဆင့် အကူအညီတောင်းခံမှုအရ ယခုကဲ့သို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
ကွတ်ခိုင်-သိန္နီလမ်းပိုင်း မန်ပြိန်းရွာ အနီးတွင်ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုများရှိခဲ့သည်။

သတင်း-ကျော်လင်းထွန်း၊ဓာတ်ပုံ-ပံ့ပိုး၊ Frontier Myanmar (လေးစားမှုဖြင့် ခရက်ဒစ်)