အိပ္မက္ကေလးပဲ ျဖစ္မယ္ ေမာင္

အိပ္မက္ကေလးပဲ ျဖစ္မယ္ ေမာင္

တမလြန္ဆိုတာ မိုးရြာေလ့ ရွိသလား ေမာင္ အခ်ိန္တိုတိုေလးမွာပဲေမာင့္ရဲ႕ ဝင္သက္ထြက္သက္ကေလးလည္း တိုသြားတယ္…

ဘယ္လိုဘုရားသခင္မ်ိဳးရဲ႕လက္နဲ႔မွ စစ္ပြဲေတြကို သတ္လို့ရမလဲ…။

အိပ္မက္ကေလးလည္း ျဖစ္မယ္ ေမာင္အိပ္မက္ဆိုတာလည္း အိမ္ထဲမွာပဲ ရွိလိမ့္မယ္ေမာင္ မျမင္ဖူးတဲ႔ သားေလးကေမာင့္ကိုလည္း ျမင္ဖူးမွာ မဟုတ္ဘူးဒါမင္းေဖေဖလို့ ဓာတ္ပံုကေလးျပမိတဲ႔ခါကေလးျပန္ေျပာမယ့္ စကားေတြကက်ြန္မအတြက္ အေလ်ာ္အစားလည္း ျကီးနိုင္တယ္ ေမာင္……။

မိုးရြာတဲ႔ ဟိုတစ္ေန့ကေမာင္ က်ြန္မဆီျပန္လာတယ္……

လက္နွစ္ဖက္ ပါမလာဘူးေမာင္ က်ြန္မဆီျပန္လာတယ္ေျခေထာက္နွစ္ဖက္ ပါမလာဘူးေမာင္ က်ြန္မဆီျပန္လာတယ္ခႏၶာကိုယ္ တစ္ခုလံုး ပါမလာဘူးေမာင္ က်ြန္မဆီျပန္လာတယ္ဝင္သက္ ထြက္ကေလး ပါမလာဘူးဒါေပမယ့္……

ေမာင္ က်ြန္မဆီျပန္လာခဲ႔တယ္ ေမာင္……။

က်ြန္မ စစ္ပြဲေတြကို မုန္းျပီးစစ္သားေတြကို ခ်စ္တယ္ ေမာင္စစ္ပြဲေတြက စစ္သားေတြကို သတ္တယ္ျပီးေတာ့ ေမာင့္ကိုသတ္တယ္……။

မေမ်ာ္လင့္တဲ႔ ကံျကမၼာကက်ြန္မ ေမ်ာ္လင့္ခ်က္ ကေလးကိုဝင္တိုက္သြားတယ္……။

ေမာင္ ျပန္လာခဲ႕သလိုပဲက်ြန္မဆီ ေမာင္ ျပန္လာခဲ႔တယ္ အိမ္မက္ကေလးပဲ ျဖစ္မယ္ ေမာင္………။

Copy from 👉👉 #မ်ိဳးဆက္သစ္ေမတၱာရွင္#

unicode version

အိပ်မက်ကလေးပဲ ဖြစ်မယ် မောင်

တမလွန်ဆိုတာ မိုးရွာလေ့ ရှိသလား မောင် အချိန်တိုတိုလေးမှာပဲမောင့်ရဲ့ ဝင်သက်ထွက်သက်ကလေးလည်း တိုသွားတယ်…

ဘယ်လိုဘုရားသခင်မျိုးရဲ့လက်နဲ့မှ စစ်ပွဲတွေကို သတ်လို့ရမလဲ…။

အိပ်မက်ကလေးလည်း ဖြစ်မယ် မောင်အိပ်မက်ဆိုတာလည်း အိမ်ထဲမှာပဲ ရှိလိမ့်မယ်မောင် မမြင်ဖူးတဲ့ သားလေးကမောင့်ကိုလည်း မြင်ဖူးမှာ မဟုတ်ဘူးဒါမင်းဖေဖေလို့ ဓာတ်ပုံကလေးပြမိတဲ့ခါကလေးပြန်ပြောမယ့် စကားတွေကကျွန်မအတွက် အလျော်အစားလည်း ကြီးနိုင်တယ် မောင်……။

မိုးရွာတဲ့ ဟိုတစ်နေ့ကမောင် ကျွန်မဆီပြန်လာတယ်……

လက်နှစ်ဖက် ပါမလာဘူးမောင် ကျွန်မဆီပြန်လာတယ်ခြေထောက်နှစ်ဖက် ပါမလာဘူးမောင် ကျွန်မဆီပြန်လာတယ်ခန္ဓာကိုယ် တစ်ခုလုံး ပါမလာဘူးမောင် ကျွန်မဆီပြန်လာတယ်ဝင်သက် ထွက်ကလေး ပါမလာဘူးဒါပေမယ့်……

မောင် ကျွန်မဆီပြန်လာခဲ့တယ် မောင်……။

ကျွန်မ စစ်ပွဲတွေကို မုန်းပြီးစစ်သားတွေကို ချစ်တယ် မောင်စစ်ပွဲတွေက စစ်သားတွေကို သတ်တယ်ပြီးတော့ မောင့်ကိုသတ်တယ်……။

မမျော်လင့်တဲ့ ကံကြမ္မာကကျွန်မ မျော်လင့်ချက် ကလေးကိုဝင်တိုက်သွားတယ်……။

မောင် ပြန်လာခဲ့သလိုပဲကျွန်မဆီ မောင် ပြန်လာခဲ့တယ် အိမ်မက်ကလေးပဲ ဖြစ်မယ် မောင်………။

Copy from 👉👉 #မျိုးဆက်သစ်မေတ္တာရှင်#