ျပန္လာရင္အိမ္အသစ္ႀကီးကို ဘုရားေနကဇာတင္မယ္ဆိုတဲ့ ကိုဇြဲလင္းေမာင္ အိမ္ျပန္ခ်ိန္ကေတာ့လိုဏ္ေခါင္းႀကီးထဲက ေရေတြကိုသာ က်ိန္းဆဲေနမိမွာ အေသခ်ာပါပဲ

မိဘအတြက္အိမ္ေဆာက္ေပးဖို႔ ရည္ရြယ္ခဲ့ေပမယ့္ ကိုရီးယားမွာ ဘဝနိဂံုးခ်ဳပ္သြားခဲ့ရတဲ့ ေရစႀကိဳသားတစ္ေယာက္

သူ႔နာမည္ကေတာ့ ေရစႀကိဳၿမိဳ႕နယ္ နတ္ညြန္းရြာက ကိုဇြဲလင္းေမာင္ပဲျဖစ္ပါတယ္။ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ မိဘေက်းဇူးသိတတ္ၿပီးတိုင္းတပါးမွာ ေငြရွာကာမိဘနဲ႔ ညီအစ္ကို ေမာင္ႏွစ္မေတြအတြက္ ေထာက္ပံ့ေပးေနတဲ့ သားႀကီးတစ္ေယာက္လည္းျဖစ္ပါတယ္။

ေလာကႀကီးကမ်က္ႏွာသာမေပးပဲ ကုိရီးယားႏိုင္ငံႀကီးမွာ ပင္ပန္းစြာအလုပ္လုပ္ေနတဲ့ ကိုဇြဲလင္းေမာင္ကို ေသမင္းကေခၚသြားခဲ့တာေစာလြန္းခဲ့ပါတယ္။ ကိုရီးယားႏုိင္ငံကို ၂၀၁၇ ခုႏွစ္ကတည္းက ေရာက္ေနခဲ့ၿပီး ပညာေရးမွာ ဆံုးခန္းမတိုင္ခဲ့တဲ့အတြက္ မိဘကိုတစ္ဖက္တစ္လမ္းကေန ကူညီေနခဲ့တဲ့ သားလိမၼာေလးပါ။

ကိုရီးယားႏုိင္ငံရဲ႕ လိုဏ္ေခါင္းထဲမွာမိုးသည္းထန္စြာရြာခ်ိန္ မိုးေရနဲ႔အတူေမ်ာပါသြားခဲ့ၿပီး ျမန္မာႏိုင္ငံသား ကိုဇြဲလင္းေမာင္အပါ ကိုရီးယားႏိုင္ငံသားႏွစ္ေယာက္ပါ အသက္ဆံုးခဲ့ရပါတယ္။ ကိုဇြဲလင္းေမာင္ရဲ႕ေသဆံုးမႈအတြက္ ဆိုးလ္ၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ ေတာင္းပန္ခဲ့ၿပီး ရုပ္အေလာင္းကိုဦးညႊတ္ခဲ့ပါတယ္။

ကိုဇြဲလင္းေမာင္ဟာ မိဘကိုသိတတ္သူျဖစ္ၿပီး ရတဲ့ပိုက္ဆံေလးနဲ႔မိဘအတြက္ အိမ္အသစ္ေဆာက္ဖို႔ေငြရွာေပးေနကာ အၿမဲပို႔ေပးေနသူပါ။ရြာမွာလည္း အိမ္အသစ္ေဆာက္ေနခ်ိန္ ၿပီးစီးမႈအတိုင္းအတာကို ဓာတ္ပံုရိုက္ၿပီး သူ႔ဆီပို႔ေပးခဲ့ကာ စိတ္ကူးနဲ႔ေက်နပ္ေနခဲ့ပါတယ္။

ျပန္လာရင္အိမ္အသစ္ႀကီးကို ဘုရားေနကဇာတင္မယ္ဆိုတဲ့ အေတြးနဲ႔ ကိုရီးယားႏိုင္ငံမွာ အလုပ္ လုပ္ေနခဲ့တဲ့ ကိုဇြဲလင္းေမာင္ရဲ႕ အိမ္ျပန္ခ်ိန္ကေတာ့လိုဏ္ေခါင္းႀကီးထဲက ေရေတြကိုသာ က်ိန္းဆဲေနမိမွာ အေသခ်ာပါပဲ။

မိဘေက်းဇူးသိတတ္တဲ့ ကိုဇြဲလင္းေမာင္ ေကာင္းရာမြန္ရာဘံုကို ေရာက္ပါေစလို႔ဆုေတာင္းမိပါတယ္။

Writer – SHN(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)

Source Ref : 7 Day News

unicode version

မိဘအတွက်အိမ်ဆောက်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုရီးယားမှာ ဘဝနိဂုံးချုပ်သွားခဲ့ရတဲ့ ရေစကြိုသားတစ်ယောက်

သူ့နာမည်ကတော့ ရေစကြိုမြို့နယ် နတ်ညွန်းရွာက ကိုဇွဲလင်းမောင်ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကျေးဇူးသိတတ်ပြီးတိုင်းတပါးမှာ ငွေရှာကာမိဘနဲ့ ညီအစ်ကို မောင်နှစ်မတွေအတွက် ထောက်ပံ့ပေးနေတဲ့ သားကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

လောကကြီးကမျက်နှာသာမပေးပဲ ကိုရီးယားနိုင်ငံကြီးမှာ ပင်ပန်းစွာအလုပ်လုပ်နေတဲ့ ကိုဇွဲလင်းမောင်ကို သေမင်းကခေါ်သွားခဲ့တာစောလွန်းခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို ၂၀၁၇ ခုနှစ်ကတည်းက ရောက်နေခဲ့ပြီး ပညာရေးမှာ ဆုံးခန်းမတိုင်ခဲ့တဲ့အတွက် မိဘကိုတစ်ဖက်တစ်လမ်းကနေ ကူညီနေခဲ့တဲ့ သားလိမ္မာလေးပါ။

ကိုရီးယားနိုင်ငံရဲ့ လိုဏ်ခေါင်းထဲမှာမိုးသည်းထန်စွာရွာချိန် မိုးရေနဲ့အတူမျောပါသွားခဲ့ပြီး မြန်မာနိုင်ငံသား ကိုဇွဲလင်းမောင်အပါ ကိုရီးယားနိုင်ငံသားနှစ်ယောက်ပါ အသက်ဆုံးခဲ့ရပါတယ်။ ကိုဇွဲလင်းမောင်ရဲ့သေဆုံးမှုအတွက် ဆိုးလ်မြို့တော်ဝန်ကိုယ်တိုင် တောင်းပန်ခဲ့ပြီး ရုပ်အလောင်းကိုဦးညွှတ်ခဲ့ပါတယ်။

ကိုဇွဲလင်းမောင်ဟာ မိဘကိုသိတတ်သူဖြစ်ပြီး ရတဲ့ပိုက်ဆံလေးနဲ့မိဘအတွက် အိမ်အသစ်ဆောက်ဖို့ငွေရှာပေးနေကာ အမြဲပို့ပေးနေသူပါ။ရွာမှာလည်း အိမ်အသစ်ဆောက်နေချိန် ပြီးစီးမှုအတိုင်းအတာကို ဓာတ်ပုံရိုက်ပြီး သူ့ဆီပို့ပေးခဲ့ကာ စိတ်ကူးနဲ့ကျေနပ်နေခဲ့ပါတယ်။

ပြန်လာရင်အိမ်အသစ်ကြီးကို ဘုရားနေကဇာတင်မယ်ဆိုတဲ့ အတွေးနဲ့ ကိုရီးယားနိုင်ငံမှာ အလုပ် လုပ်နေခဲ့တဲ့ ကိုဇွဲလင်းမောင်ရဲ့ အိမ်ပြန်ချိန်ကတော့လိုဏ်ခေါင်းကြီးထဲက ရေတွေကိုသာ ကျိန်းဆဲနေမိမှာ အသေချာပါပဲ။

မိဘကျေးဇူးသိတတ်တဲ့ ကိုဇွဲလင်းမောင် ကောင်းရာမွန်ရာဘုံကို ရောက်ပါစေလို့ဆုတောင်းမိပါတယ်။

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Source Ref : 7 Day News