Crd:Myo Thant Aung
unicode version
တိုင်းရင်းသား လက်နက်ကိုင်ညီအစ်ကိုတို့ကို တစ်ခုလောက်တောင်းဆိုပါရစေဗျာ နွားတင်တဲ့ကားတွေကို ကားဘဲသိမ်းသိမ်း ပစ်ပစ် နွားတွေဘဲယူယူ လုပ်ချင်ရာသာလုပ်ပါ။
ကားဆရာနဲ့ စပယ်ယာတွေတော့ ညာတာစေချင်ပါတယ်ခင်ဗျာ ….🙏🙏🙏
နောက်ကွယ်မှာ မိသားစုတွေနဲ့ပါ။ ကုန်ပါးတယ် စီးပွားရေးတွေလည်းမကောင်းဘူး ဒါမောင်းမှ ခေါက်ကြေးလေးရမှ နောက်ကွယ်ကမိသားစုတွေ စားရသောက်ရမှာပါ။ယောကျာင်္းပြန်လာမှ ယူထားတဲ့စျေးဖိုးတွေရှင်းပေးရတဲ့ အဖြစ်တွေရှိတယ်ညီအစ်ကိုတို့…😟
မနေ့ကလည်းပစ်တယ် တစ်ယောက်သေတယ် တစ်ယောက် ဒဏ်ရာရတယ် ဒီနေ့လည်းထပ်ပစ်တယ် တစ်ယောက်သေတယ်…😧😧
အရင်တစ်ခောက်က ညီအစ်ကိုတို့ပစ်လိုက်လို့ သေသွားတဲ့ကားဆရာက နေမကောင်းတဲ့ အမေအိုကြီးကို လုပ်ကျွေးနေတဲ့သူပါ။
သူမသေခင်ဒဏ်ရာကြီးနဲ့ သေအံ့မူးမူးအချိန်မှာ ူ့အမေဆီနောက်ဆုံးဖုန်းဆက်ခဲ့တဲ့အသံကို ညီအစ်ကိုတို့ကြားစေချင်ပါတယ်။ကျေးဇူးပြုပြီး ကားဆရာတို့ကိုညှာတာပေးပါ လက်နက်ကိုင်ညီအစ်ကိုတို့ခင်ဗျာ….
Crd:Myo Thant Aung