

နေပြည်တော်၊ သြဂုတ် ၉







photo – Thura Chan Myae

#ရွှေခြင်္သေ့ #မြေပြို






#အညတရမုဒုံအုပ်​ကြီး

ခေတ္တ- ​ပေါင်​​ဆေးရုံ


unicode version

ပေါင်မြို့နယ်မှာ မိုးသည်းပြီး မြေပြိုလို့ သေဆုံးသူ ငါးဦးထိရှိလာ

နေပြည်တော်၊ သြဂုတ် ၉

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေများစီးဆင်းမှုများလာတာကြောင့် နေကြီးနစ်မြုပ် တာတွေ မြေပြိုတာတွေဖြစ်ပေါ်နေပြီး ဒီကနေ့ နံနက်ပိုင်းက ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ပဒုမ္မာဆပ်ပြာစက်ရုံအနီး သထုံ – မော်လမြိုင်ကားလမ်းဘေးမှာ ဘေးတောင်ပြိုကျလို့ နေအိမ်များပိမိနေပြီး အနေအိမ်များအတွင်းက လူများကိုကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အဲ့ဒီမြေပြိုမှုကြောင့် သေဆုံးသူ ငါးဦးရှိသွားပြီလို့လည်း သိရပါတယ်။ ပိမိနေသူတွေ ရှိနေနိုင်သေးတယ်လို့လည်း သိရပါတယ်။

“ပေါင် သဲဖြူကုန်း ကျေးရွာ ကားလမ်းမှ ဘယ်ဘက်အခြမ်း တောင်ပြိုကျ၍ လူများအားကယ်ထုတ်ရန် ကြိုးစား နေတယ်။


ရွှေသံလွင်မှ စက်ယန္တရားများ အကူအညီယူနေတယ်”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ခိုင်က ပြောပါတယ်။

လက်ရှိအနေအထားအရ မော်လမြိုင်-သထုံ ကားလမ်းကို ခေတ္တပိတ်ထားတယ်လို့ သိရပါတယ်။

photo – Thura Chan Myae

#ရွှေခြင်္သေ့ #မြေပြို

တောင်စောင်းမြေပြိုမှု

မုဒုံRescue မှအုပ်​ကြီးရန်​ကုန်​မှအပြန်​..

မွန်​ပြည်​နယ်​​ပေါင်​မြို ့နယ်​၊မုတ္တမအပိုင်​..ပဲပြာကုန်​းရွာတွင်​​တောင်​​စောင်​း​မြေပြိုကျ၍​နေအိမ်​ဆယ်​လုံးခန်​့​မြေကြီးပိကာမိသားစုဝင်​အများအပြားထိခိုက်​​သေဆုံးဒဏ်​ရာရရှိ…..

လူနာများအား​ရှာ​ဖွေကယ်​ဆယ်​ပြီး​ပေါင်​မြို့နယ်​ပြည်​သူ့​ဆေးရုံသို ့ဆက်​လက်​ကူညီလွှဲ​ပြောင်​းပို့​ဆောင်​၊ဖြစ်​စဉ်​များအာဏာပိုင်​အဖွဲ့အစည်​း၊​မော်​လမြိုင်​နှင်​့​ပေါင်​မြို့Rescue,ကူညီကယ်​ဆယ်​​ရေးအဖွဲ့များထံချိတ်​ဆက်​သတင်​းပို့​ပေးခဲ့ပါသည်​။

​ပေါင်​ရိုးကျိုးလူနာ၊ဦး​ခေါင်​းထိခိုက်​ဒဏ်​ရာရလူနာ၊ကိုယ်​ဝန်​​ဆောင်​ဒဏ်​ရာရလူနာ၊စိတ်​ဂ​ယောင်​​ချောက်​ခြားဖြစ်​​နေ​သူလူနာစုစု​ပေါင်​း​လေးဦးအား​ပေါင်​မြို့ပြည်​သူ ့​ဆေးရုံသို ့လွှဲ​ပြောင်​းပို့​ဆောင်​​ပေး​နေ…

#အညတရမုဒုံအုပ်​ကြီး

​ခေတ္တ- ​ပေါင်​​ဆေးရုံ

Update သေဆုံးသူ(၅)ဦးအထိရှိလာ