ေပါင္ၿမိဳ့နယ္၊ သဲျဖဴကုန္းေက်းရြာေပၚ ေတာင္ၿပိဳက်၊ အိမ္မ်ားပိေနၿပီ လူမ်ား ဆြဲထုတ္ေနရ

Breaking News

ေပါင္ၿမိဳ့နယ္၊ သဲျဖဴကုန္းေက်းရြာေပၚ ေတာင္ၿပိဳက်၊ အိမ္မ်ားပိေနၿပီ လူမ်ား ဆြဲထုတ္ေနရ

မြန္ျပည္နယ္၊ ေပါင္ၿမိဳ့နယ္၊ သဲျဖဴကုန္းေက်းရြာေပၚသို့ ယေန႔ နံနက္ ၈ နာရီေက်ာ္ခန္႔က ေတာင္ၿပိဳက်ၿပီး အိမ္အမ်ားအျပား ပိေနကာ စက္ယႏၲရားမ်ားျဖင့္ ေနအိမ္အတြင္းရွိ ပိေနေသာ လူမ်ားကို ကယ္ဆယ္ေရး လုပ္ေဆာင္ေနရေၾကာင္း မြန္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေျပာၾကားသည္။

“အခုမနက္တင္မွ ျဖစ္သြားတာ။ ေတာင္ၿပိဳက်တာ ေျမႀကီးက ရွစ္ေပေလာက္ဖုံးသြားတယ္။ အိမ္ေတြေပၚကို အခု အဲဒါ စက္ယႏၲရားေတြနဲ႔ ကယ္ထုတ္ေနတယ္။ လူနာလည္းေတာ္ေတာ္မ်ားတယ္။ အေသအေပ်ာက္ စာရင္းေတာ့ မသိရေသးဘူး” ဟု ေဒၚခိုင္ခိုင္လဲ့ကေျပာၾကားသည္။

ေပါင္ၿမိဳ့နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမိကြန္ခ်မ္းကလည္း ေတာင္ၿပိဳမွုေၾကာင့္ ေနအိမ္အမ်ားအျပား ေျမႀကီးပိေနသည္ကို အတည္ျပဳၿပီး အေသအေပ်ာက္ရွိနိုင္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသို့ ေျပာဆိုသည္။

“အဲဒီဘက္မွာ လမ္းခင္းဖို့ ေတာင္ေတြကို ၿဖိဳၿပီး ေျမႀကီးေရာင္းစားၾကတာ။ က်မတို့ တားျမစ္ေပမယ့္လည္း မရဘူး။ ေတာင္ေတြက ထိန္းအားမရွိေတာ့ ထပ္ေတာင္ ၿပိဳမယ့္ အေျခအေနရွိပါတယ္။ ေတာ္ေတာ္ေလးေတာ့ အေျခအေနဆိုးတယ္” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမိကြန္ခ်မ္းက ေျပာဆိုသည္။

မြန္ျပည္နယ္တြင္ လက္ရွိအခ်ိန္အထိ မိုးအဆက္မျပတ္ရြာသြန္းမွုေၾကာင့္ ေမာ္လၿမိဳင္၊ မုတၱမ၊ က်ိဳက္မေရာ၊ မုဒုံ ၿမိဳ့နယ္အမ်ားစု ေရေဘးသင့္ေနေၾကာင္း စုံစမ္းသိရွိရသည္။

khitthitnews

unicode version

Breaking News

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ် တောင်ပြိုကျ၊ အိမ်များပိနေပြီ လူများ ဆွဲထုတ်နေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ်သို့ ယနေ့ နံနက် ၈ နာရီကျော်ခန့်က တောင်ပြိုကျပြီး အိမ်အများအပြား ပိနေကာ စက်ယန္တရားများဖြင့် နေအိမ်အတွင်းရှိ ပိနေသော လူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“အခုမနက်တင်မှ ဖြစ်သွားတာ။ တောင်ပြိုကျတာ မြေကြီးက ရှစ်ပေလောက်ဖုံးသွားတယ်။ အိမ်တွေပေါ်ကို အခု အဲဒါ စက်ယန္တရားတွေနဲ့ ကယ်ထုတ်နေတယ်။ လူနာလည်းတော်တော်များတယ်။ အသေအပျောက် စာရင်းတော့ မသိရသေးဘူး” ဟု ဒေါ်ခိုင်ခိုင်လဲ့ကပြောကြားသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းကလည်း တောင်ပြိုမှုကြောင့် နေအိမ်အများအပြား မြေကြီးပိနေသည်ကို အတည်ပြုပြီး အသေအပျောက်ရှိနိုင်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အဲဒီဘက်မှာ လမ်းခင်းဖို့ တောင်တွေကို ဖြိုပြီး မြေကြီးရောင်းစားကြတာ။ ကျမတို့ တားမြစ်ပေမယ့်လည်း မရဘူး။ တောင်တွေက ထိန်းအားမရှိတော့ ထပ်တောင် ပြိုမယ့် အခြေအနေရှိပါတယ်။ တော်တော်လေးတော့ အခြေအနေဆိုးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုတ္တမ၊ ကျိုက်မရော၊ မုဒုံ မြို့နယ်အများစု ရေဘေးသင့်နေကြောင်း စုံစမ်းသိရှိရသည်။

khitthitnews