၆၃ လမ်း မီးလောင်မှု အလုပ်သမားက ဆိုင်ကို ဓာတ်ဆီလောင်းမီးရှို့တဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်များ ထွပ်ပေါ်



မနက်၇နာရီလောက်မှာ မီးဆရာခေါ်ပီး မီးလောင်သွားတဲ့ဝါယာကြိုးတွေ လဲပြီး ၉နာရီလောက်မှာcctv ပြန်စစ်ကြည့်မှ မိးလောင်တာ ရိုးရိုးသားသားမဟုတ်ဘဲ ဆိုင်ကဝန်ထမ်း ဝါယာရင်းဆရာဖြစ်သူ မျိုးမင်းထက်(ခေါ်) ကိုဖြိုး မှ ဆိုင်နောက်ပိုင်း မီးဖိုချောင်ထဲ ဓာတ်ဆီလောင်း မီးရို့ခဲ့တာတွေ့လို့ မျိုးမင်းထက်ကိုရှာမှ ဆိုင်တစ်ဆိုင်လုံး အလုပ်ရူပ်နေချိန် ဆရာက တစ်မနက်လုံးရှိတယ်။





Source – Naing Win Aung

ApannPyay

၆၃ လမ်း မီးလောင်မှု အလုပ်သမားက ဆိုင်ကို ဓာတ်ဆီလောင်းမီးရှို့တဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်များ

(6.8.2019)နံနက် ၁နာရီ၈မိနစ်မှာ ၆၃လမ်း&၄၂လမ်းထောင့်မှာရှိတဲ့ ကျွန်တော်တို့ HUMMER AUTO REPAIR မှာမီးလောင်ပါတယ်..။

ဆိုင်ကဝန်ထမ်းတွေအသိမြန်တာရယ် မီးသတ်ကားတွေချက်ခြင်းရောက်လာတာရယ်ကြောင့် ၁နာရီ၄ဝလောက်မှာ ငြိမ်းသွားလို့ ကြီးကြီးမားမားမဖြစ်ခဲ့ပါ ထုံးစံအတိုင်း မီးပေါ့ဆမှု့နဲ့ ရပ်ကွက်ရုံးကနေရဲစခန်းမှာ အာမခံလုပ်ပြီး ၄:၃ဝလောက်မှာပြန်လာခဲ့တယ်။

မနက်ရနာရီလောက်မှာ မီးဆရာခေါ်ပီး မီးလောင်သွားတဲ့ဝါယာကြိုးတွေ လဲပြီး ၉နာရီလောက်မှ ာcctv ပြန်စစ်ကြည့်မှ မိးလောင်တာ ရိုးရိုးသားသားမဟုတ်ဘဲ ဆိုင်ကဝန်ထမ်း ဝါယာရင်းဆရာဖြစ်သူ မျိုးမင်းထက်(ခေါ်) ကိုဖြိုး မှ ဆိုင်နောက်ပိုင်း မီးဖိုချောင်ထဲ ဓာတ်ဆီလောင်း မီးရိူ့ခဲ့တာတွေ့လို့ မျိုးမင်းထက်ကိုရှာမှ ဆိုင်တစ်ဆိုင်လုံး အလုပ်ရူပ်နေချိန် ဆရာက တစ်မနက်လုံးရှိတယ်။

cctvကြည့်နေတာမြင်မှ ဆိုင်က shayang ဆိုင်ကယ် ဝန်ထမ်းတစ်ယောက်ဆီမှ ဖုန်းတစ်လုံးနဲ့ အခြားဝန်ထမ်းတစ်ယောက် အိတ်ထဲက ၇၀၀၀၀,ဆိုင်မှ ပစ္စည်းဝယ်ဖို့ပေးထားတဲ့ပိုက်ဆံ ၄ဝဝဝဝကို ယူပြီး လစ်သွားတယ်, ဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာ စဉ်းစားလို့မရ ဆိုင်မှာရှိတဲ့လူတွေရဲ့အသက်တွေက အများကြီးရယ် ဆိုင်ရှင်မကြေနပ်ရအောင်လဲ သူ့ကိုကျွန်တော်တို့မိသားစုက တစ်ခါမှတောင်မငေါက်ဖူးဘူး။

အလုပ်ဝင်တာလဲ ၂လကျော်လောက်သာရှိသေး ပြီးတော့ ကျွန်တော်တို့မိသားစုက ဝန်ထမ်းတွေပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတာ ကျွန်တော်တို့ဆိုင်က ဝန်ထမ်းတွေရယ် ကျွန်တော်တို့နဲ့ပတ်သက်တဲ့ သူအားလုံးသိပါတယ် ပြီးတော့ mechanic လောကက မိတ်ဆွေတွေလဲ ဒီလူ့ကိုတွေ့တာဘဲဖြစ်ဖြစ်, သူ့အကြောင်းသိရင်လဲ ph 095182311ကို ဆက်ပီး ပြောပြပေးစေချင်ပါတယ်။

ကူညီပေးပါခင်ဗျာ ဒါမှနောက်ဆိုင်တွေ ကျွန်တော်တို့လို မဖြစ်ရလေအောင် ဦးရဲကြီးများကလဲ အမြန်ဆုံးဖမ်းနိုင်ပြီး ထိထိရောက်ရောက်အရေးယူစေလိုပါတယ် ဒါမှ တရားဥပဒေစိုးမိုးမူ့ရှိမှာပါ ကျွန်တော်တို့ မိတ်ဆွေတွေလဲ ဘာလုပ်ငန်းလုပ်လုပ် ဝန်ထမ်းတွေကို သေသေချာချာစီစစ်ပြီးမှခန့်ကြပါ လူ့စိတ်ဆိုတာပြောမရဘူးဆိုတာခုမှသိတော့တယ်..

ဒီပိုစ့်ကို groups တွေမှာလဲ shareပေးပါဦး ကျေးဇူးတင်ပါတယ်

Source – Naing Win Aung

ApannPyay