အနမ္းမုိးေတြရြာရင္း ဂုနး္ေက်ာ္ တံတားေပၚက အားလြန္ျပဳတ္က်တဲ့ စုံတြဲရဲ႕အျဖစ္ဆုိး(ရုပ္သံ)

ပီ႐ူးႏုိင္ငံက စုံတြဲတစ္တြဲဟာ တံတားတစ္ခုေပၚမွာ အနမ္းေတြဖလွယ္ခဲ့ရာ၊ အားလြန္ျပဳတ္က်ၿပီး ႏွစ္ဦးစလုံးေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ သူတုိ နာမည္ေတြကေတာ့ Maybeth Espinoz (၃၄)ႏွစ္နဲ႔၊ Hector Vidal (၃၆)ႏွစ္တုိ႔ ျဖစ္ၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ Cusco ၿမိဳ႕က Bethlehem တံတားမွာ ျဖစ္ခဲ့တာပါ။

သူတုိ႔စုံတြဲဟာ ခ်စ္ခင္ႏွစ္သက္မႈကို အျပည့္အဝ ေဖာ္က်ဴးဖုိ႔ အနမ္းေတြ အျပန္အလွန္ ဖလွယ္ခဲ့ၾကပါတယ္။ Maybeth ဟာ အမ်ိဳးသမီးတုိ႔ ထုံးစံအတုိင္း ခ်စ္သူကုိ ကားယားခြထားပါတယ္။ ဒီအခ်က္ကပဲ ဟန္ခ်က္မထိန္းနုိင္တဲ့အခါမွာ ႏွစ္ဦးစလုံး ေအာက္ကုိ ျပဳတ္က်သည္အထိ ျဖစ္ခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့စေနေန႔ မနက္ (၁)နာရီမွာ ျဖစ္ခဲ့တာပါ။ တံတားက ကုန္းေက်ာ္တံတားျဖစ္ပုံရၿပီး၊ ေအာက္မွာ ကားေတြ သြားလာေနတာကို ေတြ႔ရပါတယ္။ ေဒသသတင္းစာတစ္ေစာင္မွာေတာ့ သူတုိ႔စုံတြဲဟာ မနက္ပုိင္း လမ္းေလွ်ာက္ရင္း၊ တစ္ေယာက္နဲ႔တစ္ေယာက္ အနမ္းေတြ ဖလွယ္ခဲ့ၾကတာပါတဲ့။

ဒီအျဖစ္အပ်က္ကုိ ခပ္လွမ္းလွမ္းအေဆာက္ဦရဲ႕ CCTV ကလည္း မွတ္တမ္းတင္ထားႏုိင္ခဲ့ပါတယ္။ အခင္းျဖစ္ေနရာကို ရဲေတြနဲ႔ ေဆး႐ုံကား ခ်က္ခ်င္းေရာက္လာခဲ့ပါတယ္။ Maybeth ကေတာ့ Hospital de Contingencia ေဆး႐ုံကုိသြားတဲ့လမ္းမွာပဲ ေသဆုံးသြားခဲ့ၿပီး၊ Vidal ကေတာ့ အေရးေပၚေစာင့္ေရွာက္ေရးယူနစ္မွာ နာရီပုိင္းအၾကာ ေသဆုံးသြားခဲ့တာပါ။

ဒါေပမယ့္ Vidal ရဲ႕ညီ ေျပာဆုိခ်က္အရ သူတုိ႔ႏွစ္ေယာက္စလုံးဟာ အဲဒီမွာ ဧည့္လမ္းညႊန္အျဖစ္ အလုပ္လုပ္ေၾကာင္း၊ ကလပ္တစ္ခုမွာ ေသာက္စားၿပီး အိမ္ကိုျပန္လာစဥ္၊ အခုလုိ အျဖစ္ဆုိး ႀကဳံခဲ့ရတာလုိ႔ ဆုိပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ အခင္းျဖစ္စဥ္ကုိ ေသမႈေသခင္းဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရပါတယ္။

Credit – မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : Metro

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ပီရူးနိုင်ငံက စုံတွဲတစ်တွဲဟာ တံတားတစ်ခုပေါ်မှာ အနမ်းတွေဖလှယ်ခဲ့ရာ၊ အားလွန်ပြုတ်ကျပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရပါတယ်။ သူတို နာမည်တွေကတော့ Maybeth Espinoz (၃၄)နှစ်နဲ့၊ Hector Vidal (၃၆)နှစ်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ Cusco မြို့က Bethlehem တံတားမှာ ဖြစ်ခဲ့တာပါ။

သူတို့စုံတွဲဟာ ချစ်ခင်နှစ်သက်မှုကို အပြည့်အဝ ဖော်ကျူးဖို့ အနမ်းတွေ အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။ Maybeth ဟာ အမျိုးသမီးတို့ ထုံးစံအတိုင်း ချစ်သူကို ကားယားခွထားပါတယ်။ ဒီအချက်ကပဲ ဟန်ချက်မထိန်းနိုင်တဲ့အခါမှာ နှစ်ဦးစလုံး အောက်ကို ပြုတ်ကျသည်အထိ ဖြစ်ခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့စနေနေ့ မနက် (၁)နာရီမှာ ဖြစ်ခဲ့တာပါ။ တံတားက ကုန်းကျော်တံတားဖြစ်ပုံရပြီး၊ အောက်မှာ ကားတွေ သွားလာနေတာကို တွေ့ရပါတယ်။ ဒေသသတင်းစာတစ်စောင်မှာတော့ သူတို့စုံတွဲဟာ မနက်ပိုင်း လမ်းလျှောက်ရင်း၊ တစ်ယောက်နဲ့တစ်ယောက် အနမ်းတွေ ဖလှယ်ခဲ့ကြတာပါတဲ့။

ဒီအဖြစ်အပျက်ကို ခပ်လှမ်းလှမ်းအဆောက်ဦရဲ့ CCTV ကလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ အခင်းဖြစ်နေရာကို ရဲတွေနဲ့ ဆေးရုံကား ချက်ချင်းရောက်လာခဲ့ပါတယ်။ Maybeth ကတော့ Hospital de Contingencia ဆေးရုံကိုသွားတဲ့လမ်းမှာပဲ သေဆုံးသွားခဲ့ပြီး၊ Vidal ကတော့ အရေးပေါ်စောင့်ရှောက်ရေးယူနစ်မှာ နာရီပိုင်းအကြာ သေဆုံးသွားခဲ့တာပါ။

ဒါပေမယ့် Vidal ရဲ့ညီ ပြောဆိုချက်အရ သူတို့နှစ်ယောက်စလုံးဟာ အဲဒီမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ကြောင်း၊ ကလပ်တစ်ခုမှာ သောက်စားပြီး အိမ်ကိုပြန်လာစဉ်၊ အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်စဉ်ကို သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း သိရပါတယ်။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : Metro