အေမရိကန္ျပည္ေထာင္စုတြင္ ေရႊတိဂုံေစတီေတာ္ပုံစံတူ ေစတီေဟာင္းတစ္ဆူကို ေပၚထြန္း

ႏွစ္ငါးဆယ္ေက်ာ္က မြန္ဆရာေတာ္တစ္ပါး တည္ထားခ႔ဲသည္႔ ေစတီေဟာင္းတစ္ဆူ အေမရိကန္ျပည္ေထာင္စုတြင္ ရွာေဖြေတြ႕ရွိ

လြန္ခဲ့ေသာ ႏွစ္ေပါင္း (၅၀)ေက်ာ္က မြန္ဆရာေတာ္တစ္ပါးတည္ထားခဲ့ေသာ ေစတီေဟာင္းတစ္ဆူကို အေမရိကန္ႏုိင္ငံ ေတာတြင္းတစ္ေနရာတြင္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

အေမရိကန္ႏုိင္ငံတြင္ လြန္ ခဲ့ေသာ ႏွစ္ေပါင္း(၅၇)ႏွစ္ခန္႔တြင္ မြန္ဆရာေတာ္ဦးသီလ၀ံသ တည္ ထားခဲ့ေသာ ေရႊတိဂုံေစတီေတာ္ ပုံစံတူ ေစတီေဟာင္းတစ္ဆူကို အေမရိကန္ျပည္ေထာင္စုရွိ ႏုိင္ငံ ျခားသားတစ္ဦးပိုင္ သစ္ေတာပုိင္ နက္ထဲတြင္ ျပန္လည္ရွာေဖြေတြ႕ ရွိခဲ့ျခင္း ျဖစ္သည္။

ယခုေစတီကိုျပန္လည္ရွာ ေဖြေတြ႕ရွိသူမွာ ပိုင္းေလာ့ဆရာ ေတာ္ႏွင့္ အေမရိကန္မွ ဆရာ ေတာ္၏ ဒကာအခ်ဳိ႕တို႔ျဖစ္ၿပီး ေစ တီ၏ေအာက္ေျခပတ္လည္ႏွင့္ အလယ္ရစ္ထိ အုတ္မ်ားေၾကမြ ပ်က္စီးေနကာ ျပန္လည္မြမ္းမံရန္ လိုအပ္ေနေၾကာင္း သိရသည္။

‘‘ေစတီက သူမ်ားေျမပုိင္ နက္ထဲမွာ။ လမ္းမႀကီးနဲ႔ဆို ေတာ္ ေတာ္ေ၀းတာ။ ဘယ္သူမွ မသိ ႏုိင္တဲ့ ေတာထဲမွာ’’ဟု ေစတီ ေတာ္သုိ႔ သြားေရာက္ဖူးေျမာ္ခဲ့ သည့္ အေမရိကန္တြင္ ေနထုိင္သူ မေကသီထက္က ေျပာသည္။

အဆုိပါ ေစတီကို ၁၉၅၈ တြင္ နယူးေယာက္ျပည္နယ္ Allegany ၿမိဳ႕တြင္ မစၥတာ Gus Ruggieri ဆိုသူ လွဴဒါန္းခဲ့ေသာ ေျမေပၚတြင္ မြန္ဆရာေတာ္က ေရႊတိဂုံေစတီေတာ္ပုံစံတူ အငယ္ စားကို တည္ထားကိုးကြယ္ခဲ့ျခင္း ျဖစ္ေၾကာင္း www.muditabc. org တြင္ John de Jardin ဆုိသူ က ေရးသားထားေၾကာင္း ပိုင္း ေလာ့ဆရာေတာ္ႏွင့္ နီးစပ္သည့္ အသိုင္းအ၀ိုင္းထံမွ သိရသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း(၅၇)ႏွစ္က ေစတီတည္ထားရာ ေနရာ တြင္ပင္ ပိုင္းေလာ့ဆရာေတာ္ႏွင့္ အဖဲြ႕က ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ ျခင္း ျဖစ္သည္။ ယခုေစတီတည္ ရွိရာ ေျမေနရာကို ပိုင္ဆုိင္ထား ေသာ ႏုိင္ငံျခားသားထံမွ ေျမ ကြက္ကို အလွဴရွင္မ်ားက ျပန္လည္၀ယ္ယူထားၿပီး ေစတီကို မြမ္းမံျပင္ဆင္ရန္ ျပင္ဆင္ေနၾကသည္။

မြန္ဆရာေတာ္ ဦးသီလ၀ံသေလာင္းလ်ာကို ၁၉၁၂ တြင္ မြန္ျပည္နယ္၀ဲကေလာင္ေက်းရြာ၌ ေမြးဖြားၿပီး အသက္(၁၅) ႏွစ္အရြယ္ေရာက္ရွိခ်ိန္တြင္ သကၤန္းဆီးခဲ့သည္။

၁၉၅၅ တြင္ ေစတီဘုရား မ်ား စတင္တည္ထားခဲ့သည္။ အိမ္နီးခ်င္းႏုိင္ငံမ်ား ျဖစ္သည့္ ထုိင္း၊ ကေမၻာဒီးယား၊ နီေပါ၊ အိႏိၵယႏုိင္ငံမ်ားသို႔ သြားေရာက္ခဲ့ၿပီး ၁၉၅၈ တြင္ အဂၤလန္ႏုိင္ငံသို႔ သေဘၤာျဖင့္ သြားေရာက္ခဲ့သည္။

ထုိ႔ေနာက္ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕ Allegany သို႔ ေရာက္ရွိၿပီး ေရႊတိဂုံေစတီေတာ္ပုံစံတူကို တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္သည္။Credit : 7 Days Daily

unicode

နှစ်ငါးဆယ်ကျော်က မွန်ဆရာတော်တစ်ပါး တည်ထားခဲ့သည့် စေတီဟောင်းတစ်ဆူ အမေရိကန်ပြည်ထောင်စုတွင် ရှာဖွေတွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မွန်ဆရာတော်တစ်ပါးတည်ထားခဲ့သော စေတီဟောင်းတစ်ဆူကို အမေရိကန်နိုင်ငံ တောတွင်းတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၇)နှစ်ခန့်တွင် မွန်ဆရာတော်ဦးသီလဝံသ တည် ထားခဲ့သော ရွှေတိဂုံစေတီတော် ပုံစံတူ စေတီဟောင်းတစ်ဆူကို အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံ ခြားသားတစ်ဦးပိုင် သစ်တောပိုင် နက်ထဲတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယခုစေတီကိုပြန်လည်ရှာ ဖွေတွေ့ရှိသူမှာ ပိုင်းလော့ဆရာ တော်နှင့် အမေရိကန်မှ ဆရာ တော်၏ ဒကာအချို့တို့ဖြစ်ပြီး စေ တီ၏အောက်ခြေပတ်လည်နှင့် အလယ်ရစ်ထိ အုတ်များကြေမွ ပျက်စီးနေကာ ပြန်လည်မွမ်းမံရန် လိုအပ်နေကြောင်း သိရသည်။

‘‘စေတီက သူများမြေပိုင် နက်ထဲမှာ။ လမ်းမကြီးနဲ့ဆို တော် တော်ဝေးတာ။ ဘယ်သူမှ မသိ နိုင်တဲ့ တောထဲမှာ’’ဟု စေတီ တော်သို့ သွားရောက်ဖူးမြော်ခဲ့ သည့် အမေရိကန်တွင် နေထိုင်သူ မကေသီထက်က ပြောသည်။

အဆိုပါ စေတီကို ၁၉၅၈ တွင် နယူးယောက်ပြည်နယ် Allegany မြို့တွင် မစ္စတာ Gus Ruggieri ဆိုသူ လှူဒါန်းခဲ့သော မြေပေါ်တွင် မွန်ဆရာတော်က ရွှေတိဂုံစေတီတော်ပုံစံတူ အငယ် စားကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း www.muditabc. org တွင် John de Jardin ဆိုသူ က ရေးသားထားကြောင်း ပိုင်း လော့ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း(၅၇)နှစ်က စေတီတည်ထားရာ နေရာ တွင်ပင် ပိုင်းလော့ဆရာတော်နှင့် အဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။ ယခုစေတီတည် ရှိရာ မြေနေရာကို ပိုင်ဆိုင်ထား သော နိုင်ငံခြားသားထံမှ မြေ ကွက်ကို အလှူရှင်များက ပြန်လည်ဝယ်ယူထားပြီး စေတီကို မွမ်းမံပြင်ဆင်ရန် ပြင်ဆင်နေကြသည်။

မွန်ဆရာတော် ဦးသီလဝံသလောင်းလျာကို ၁၉၁၂ တွင် မွန်ပြည်နယ်ဝဲကလောင်ကျေးရွာ၌ မွေးဖွားပြီး အသက်(၁၅) နှစ်အရွယ်ရောက်ရှိချိန်တွင် သင်္ကန်းဆီးခဲ့သည်။

၁၉၅၅ တွင် စေတီဘုရား များ စတင်တည်ထားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ၊ အိန္ဒိယနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ၁၉၅၈ တွင် အင်္ဂလန်နိုင်ငံသို့ သင်္ဘောဖြင့် သွားရောက်ခဲ့သည်။ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Allegany သို့ ရောက်ရှိပြီး ရွှေတိဂုံစေတီတော်ပုံစံတူကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

Credit : 7 Days Daily